Border News Agency
မဲဆောက်၊ မတ် ၂၄။
ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့၊ သာ့ဆိုင်လွတ်ကျေးရွာအုပ်စုအတွင်းမှာ တရားမဝင် ဝင်ရောက်လာသူတွေနဲ့ ကူညီပေးသူတွေကို ထိုင်းရဲတပ်ဖွဲ့က မတ်လ ၁၃ ရက်၊မနေ့ကဖမ်းဆီးလိုက်ပါတယ်။
အဲဒီ ဖမ်းဆီးရမိသူတွေထဲမှာ အထောက်အထား တစုံတရာမပါဘဲ ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၃ ဦး ပါဝင်ပြီး သူတို့ကို လမ်းမပေါ်မှာ စစ်ဆေးတွေ့ရှိခဲ့တာပါ။
အဲဒီ အပြင် သူတို့ကိုဖုံးကွယ်ကူညီပြီး ပို့ဆောင်ပေးခဲ့တဲ့ အသက် ၂၁ နှစ်နဲ့ ၂၂ နှစ်အရွယ် ပတ်စ်ပို့ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသား ၂ ဦးကိုလည်း အတူတူ ဖမ်းမိခဲ့ပါတယ်။
နောက်ပြီး အဲဒီမြန်မာနိုင်ငံသားတွေကို ကူညီပေးခဲ့တဲ့ အသက် ၄၉ နှစ်အရွယ် ထိုင်းနိုင်ငံသားတဦးကိုလည်း ရဲတပ်ဖွဲ့က တပါတည်း ဖမ်းဆီးအရေးယူထားတာ ဖြစ်ပါတယ်။
အဲဒီဖမ်းဆီးရမိသူ ၆ ဦးစလုံးကို ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ဖို့အတွက် မဲဆောက်မြို့မရဲစခန်းကို လွှဲပြောင်းပေးထားတယ်လို့ သိရပါတယ်။














