Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ကျောက်တော်မြို့နယ် စီးပွားရေး မြောက်ဦးခရိုင် သတင်း အာရက္ခဒေသ

​အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ငွေလွှဲနှုန်းတွေစျေးတက်

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
2
VIEWS
Share on FacebookShare on Twitter

​Border News Agency
ကျောက်တော်၊ မတ် ၂၅။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ငွေလွှဲနှုန်းတွေ စျေးတက်နေတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

အရင်က ငွေကျပ်တသိန်းထုတ်ကို ဝန်ဆောင်ခငါးရာကျပ်မှတထောင်ကျပ်ဝန်းကျင်ရှိခဲ့ပေမယ့်ငွေသားရှားပါးတာကြောင့်တသိန်းကိုသုံးထောင်ငါးရာကျပ်ထိပေးနေရတယ်လို့ ဆိုကြပါတယ်။

“ကျွန်တော်တို့က ဒီမှာ ပင်ပင်ပန်းပန်း လုပ်ကိုင်ပြီး အိမ်ကမိဘတွေ စားဖို့သောက်ဖို့ ပြန်ပို့တဲ့အခါ လမ်းမှာတင် ဝန်ဆောင်ခတွေနဲ့ အများကြီး ကုန်နေပါတယ်။ မိဘတွေလက်ထဲ ရောက်တဲ့အခါ ငွေက တော်တော်လေး လျော့သွားပါတယ်။”လို့ နိုင်ငံခြားမှ ငွေလွှဲသူတဦးက Border News Agency ကို ပြောပါတယ်။

အဲဒီလိုငွေလွှဲနှုန်းတွေ တက်လာတာဟာ အေဂျင့်တွေဆီကငွေသားပြန် လည်ထုတ်ယူနိုင်ဖို့ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတာကြောင့် ဖြစ်တယ်လို့ ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူတွေက ဆိုကြပါတယ်။

ကျောက်တော်မြို့နယ်မှာ ငွေသားထုတ်ယူခဟာ အရင်ကထက် သုံးဆ၊လေးဆနီးပါးထိ ပေးနေရတယ်လို့ ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူတွေကဆိုကြပါတယ်။

“ငွေစျေးကတော့ အခုအချိန်မှာ တသတ်မှတ်တည်း သတ်မှတ်လို့ မရသေးဘူး။ ငွေဝင်တဲ့နေ့မှစျေးသတ်မှတ်တာပါ။ ကျနော်တို့ ခုငွေတွေပြန်ထုတ်ရတာလည်း အခက်အခဲရှိနေပါတယ်။”လို့ ငွေလွှဲလုပ်သူတဦးက ဆိုပါတယ်။

ပြည်ပမှာ အလုပ်လုပ်ကိုင်နေသူတွေဟာ မိဘတွေဆီ ငွေလွှဲရာမှာ လမ်းခရီးဝန်ဆောင်ခအမျိုးမျိုးဖြတ်တောက်ခံနေရတဲ့အတွက် မိသားစုတွေဆီ ငွေအပြည့်အဝမရောက်ကြတော့ဘူးလို့ဆိုကြပါတယ်။

“အခုက ငွေလွှဲခက အရမ်းများနေတယ်။ အရင်ကတသိန်းလွှဲရင် ဝန်ဆောင်ခ နည်းနည်းပဲ ပေးရတာ။အခုကတော့ ငွေထုတ်တဲ့သူဘက်ကလည်း ဝန်ဆောင်ခတွေ တိုးတောင်းနေတော့ မိဘတွေဆီ ပို့ရတာ တော်တော်ခက်ခဲနေပါတယ်။”လို့ နောက်ထပ် ငွေလွှဲသူတဦးက ပြောပါတယ်။

ငွေလွှဲခငွေထုတ်ခတွေ အဆမတန်တ က်လာတာဟာ ဒေသတွင်းကုန်စည်စီးဆင်းမှုနဲ့အခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေးအပေါ် များစွာထိခိုက်မှုရှိနေတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေရှိ ပြည်သူတွေနဲ့ ပြည်ပရောက်လုပ်သားတွေဟာ ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်အပြင် ငွေကြေးစီးဆင်းမှု ခက်ခဲတဲ့ဒဏ်ကိုပါခံစားနေကြရတာ ဖြစ်ပါတယ်။

အဲဒါကြောင့် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာငွေကြေးစီးဆင်းမှု ပြန်လည်မှန်ကန်လာစေဖို့အတွက် ဘဏ်လုပ်ငန်းနဲ့ ငွေလွှဲလုပ်ငန်းတွေကို စနစ်တကျ ကြပ်မတ်ထိန်းညှိပေးဖို့ လိုအပ်နေတယ်လို့ ပြည်သူတွေကဆိုကြပါတယ်။

PrevPrevious​အိန္ဒိယ LPG သင်္ဘောနှစ်စင်း ဟော်မုဇ်ရေလက်ကြားမှထွက်ခွာ
Next​သမီးလှကျွန်းကို အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်Next
Previous Post

​အိန္ဒိယ LPG သင်္ဘောနှစ်စင်း ဟော်မုဇ်ရေလက်ကြားမှထွက်ခွာ

Next Post

​သမီးလှကျွန်းကို အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​လေဘနွန်အစိုးရက အီရန်သံအမတ်ကြီးကို နိုင်ငံအတွင်းကနေ နှင်ထုတ်

March 25, 2026
ဓာတ်ပုံ - ယောကာကွယ်ရေးတပ် - YDF

ယောကာကွယ်ရေးတပ်စခန်းကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်

March 25, 2026
ဓာတ်ပုံ - မြန်မာနိုင်ငံရဲတပ်ဖွဲ့

တာချီလိတ်မှာ ကျပ်ဘီလီယံနှစ်ဆယ်ကျော်ဖိုးရှိမူးယစ်ဆေးဝါးတွေဖမ်းမိ

March 25, 2026

​အီရန်က အစ္စရေးနဲ့အမေရိကန်စစ်စခန်းတွေကို True Promise 4 စစ်ဆင်ရေးနဲ့ တိုက်ခိုက်

March 25, 2026

​လေဘနွန်အစိုးရက အီရန်သံအမတ်ကြီးကို နိုင်ငံအတွင်းကနေ နှင်ထုတ်

ယောကာကွယ်ရေးတပ်စခန်းကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်

တာချီလိတ်မှာ ကျပ်ဘီလီယံနှစ်ဆယ်ကျော်ဖိုးရှိမူးယစ်ဆေးဝါးတွေဖမ်းမိ

​အီရန်က အစ္စရေးနဲ့အမေရိကန်စစ်စခန်းတွေကို True Promise 4 စစ်ဆင်ရေးနဲ့ တိုက်ခိုက်

​ဟော်မုဇ်ရေလက်ကြားမှာ ထိုင်းသင်္ဘောတွေဖြတ်သန်းနိုင်ဖို့ အီရန်ခွင့်ပြု

​သမီးလှကျွန်းကို အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်

Releated Post

​လေဘနွန်အစိုးရက အီရန်သံအမတ်ကြီးကို နိုင်ငံအတွင်းကနေ နှင်ထုတ်

March 25, 2026
ဓာတ်ပုံ - ယောကာကွယ်ရေးတပ် - YDF

ယောကာကွယ်ရေးတပ်စခန်းကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်

March 25, 2026
ဓာတ်ပုံ - မြန်မာနိုင်ငံရဲတပ်ဖွဲ့

တာချီလိတ်မှာ ကျပ်ဘီလီယံနှစ်ဆယ်ကျော်ဖိုးရှိမူးယစ်ဆေးဝါးတွေဖမ်းမိ

March 25, 2026

​အီရန်က အစ္စရေးနဲ့အမေရိကန်စစ်စခန်းတွေကို True Promise 4 စစ်ဆင်ရေးနဲ့ တိုက်ခိုက်

March 25, 2026

​ဟော်မုဇ်ရေလက်ကြားမှာ ထိုင်းသင်္ဘောတွေဖြတ်သန်းနိုင်ဖို့ အီရန်ခွင့်ပြု

March 25, 2026

​သမီးလှကျွန်းကို အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်

March 25, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page