Border News Agency
အီရန်၊မတ် ၂၈။
အီရန်နိုင်ငံရဲ့အရေးပါဆုံး နျူကလီးယားသုတေသနစင်တာတခုဖြစ်တဲ့ အာရတ်ခ်နျူကလီးယားစင်တာကို မတ်လ ၂၇ ရက်နေ့မှာ အစ္စရေးကလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေမှာဖော်ပြပါတယ်။
မာကာဇီပြည်နယ်၊ အာရတ်ခ်မြို့အနောက်မြောက်ဘက် ၅၅ ကီလိုမီတာအကွာ၊ ခန်ဒပ်မြို့အနီးမှာရှိတဲ့ IR-40 လို့ လူသိများတဲ့ ဒီနျူကလီးယားသုတေသနစက်ရုံဟာ အီရန်နိုင်ငံရဲ့အဓိကအကျဆုံး နျူကလီးယားနေရာတွေထဲကတခုဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေအသေးစိတ်ကိုမသိရသေးပေမယ့် စင်တာဟာအီရန်ရဲ့ နျူကလီးယားစီမံကိန်းအတွက် အလွန်အရေးပါတဲ့နေရာလည်းဖြစ်ပါတယ်။










