Border News Agency
အစ္စရေး၊ မတ် ၃၀။
အီရန်ဘက်က ပစ်ခတ်လိုက်တဲ့ ဒုံးကျည်ဟာ မတ်လ ၂၉ ရက်နေ့က အစ္စရေးနိုင်ငံက ဓာတုဗေဒစက်ရုံတခုကို တည့်တည့်မတ်မတ် ထိမှန်ခဲ့တာကြောင့် စက်ရုံအတွင်းမှာ မီးအပြင်းအထန် လောင်ကျွမ်းနေတယ်လို့ ဒေသတွင်းမီဒီယာတွေမှာဖော်ပြပါတယ်။
အဲဒီအစ္စရေးမီးသတ်တပ်ဖွဲ့ဝင်တွေဟာ ဒီမီးကို ငြှိမ်းသတ်နိုင်ဖို့အတွက် အဆက်မပြတ် ကြိုးစားနေကြရတယ်လို့ဆိုပါတယ်။
ဓာတုဗေဒပစ္စည်းတွေကြောင့် မီးအရှိန်က ပိုပြင်းနေသလို ဘေးပတ်ဝန်းကျင်ကို ပျံ့နှံ့မသွားအောင်လည်း အစွမ်းကုန် ထိန်းချုပ်နေရတယ်လို့လည်းဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေအသေးစိတ်ကိုတော့ အစ္စရေးအာဏာပိုင်တွေဘက်က ထုတ်ပြန်တာမရှိသေးပါဘူး။

















