Border News Agency
အီရန်၊ဧပြီ ၂။
အီရန်နိုင်ငံ၊ အစ်စဖာဟန်ပြည်နယ်၊ အစ်စဖာဟန်မြို့အနီးမှာရှိတဲ့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရဲ့ အမြောက်ကျည်သိုလှောင်ရုံတခုကို အမေရိကန်နဲ့ အစ္စရေးတို့ ဧပြီလ ၁ ရက်၊ မနေ့ကလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ အီရန်နိုင်ငံပိုင်သတင်းတွေမှာ ဖော်ပြပါတယ်။
အဲဒီတိုက်ခိုက်ခံရတဲ့နေရာဟာ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ အလွန်ကြီးမားတဲ့ အမြောက်ကျည်ဆန်သိုလှောင်ရုံကြီးတခုဖြစ်ပြီး အမြောက်တပ်မနှစ်ခု အခြေစိုက်တဲ့နေရာလည်း ဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီနေရာဟာ အီရန်ရဲ့စစ်ရေးဗျူဟာအရ အရေးပါတဲ့လက်နက်တိုက်တခုဖြစ်တာကြောင့် အခုလိုပစ်မှတ်ထားတိုက်ခိုက်ခံရတာလည်း ဖြစ်ပါတယ်။
လတ်တလောမှာတော့ ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေအသေးစိတ်ကို တိတိကျကျမသိရသေးပေမယ့် ဒေသတွင်းစစ်ရေးတင်းမာမှုတွေ ပိုမိုမြင့်တက်လာနိုင်တဲ့ အခြေအနေမှာရှိနေပါတယ်။












