Border News Agency
ပဲခူး၊ဧပြီ ၃။
ပဲခူးတိုင်း၊ကြို့ပင်ကောက်မြို့နယ်ရဲစခန်းမှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းတပ်သား ၂ ဦးဟာ ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်၊မနက်ပိုင်းက လက်နက်ခဲယမ်းတွေနဲ့အတူ တော်လှန်ရေးအင်အားစုတွေဆီကို အလင်းဝင်ရောက်လာခဲ့ပါတယ်။
အဲဒီတပ်သား ၂ ဦးဟာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၅ဖြစ်တဲ့ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ဆီကို လာရောက်ပူးပေါင်းခဲ့တာဖြစ်တယ်လို့ ဧပြီ ၂ ရက်နေ့မှာထုတ်ပြန်ထားပါတယ်။
သူတို့နဲ့အတူ MA3 သေနတ် ၁ လက်၊ G3 သေနတ် ၁ လက်နဲ့ ကျည်ဆန်အတော်များများကိုပါ ယူဆောင်လာခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဘက်ကနေ ဂုဏ်ပြုဆုကြေးငွေတွေ ပြန်လည်ချီးမြှင့်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့အနေနဲ့ နောက်ထပ်ပူးပေါင်းလိုတဲ့ စစ်ကော်မရှင်လက်အောက်ခံ တပ်သားတွေကိုလည်း တော်လှန်ရေးအင်အားစုတွေဆီ လာရောက်ပူးပေါင်းကြဖို့ ဖိတ်ခေါ်ထားပါတယ်။











