Border News Agency
စစ်ကိုင်း၊ ဧပြီ ၇။
နိုင်ငံတစ်ဝှမ်းမှာ ပြီးခဲ့တဲ့မတ်လတလအတွင်း စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းနဲ့ မြေပြင်စစ်ကြောင်း တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး ၈၈ ဦး သေဆုံးခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ထုတ်ပြန်ပါတယ်။
အဲဒီသေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ၂၀ ဦးနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး ၃ ဦး ပါဝင်ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၅၇ ဦးနဲ့ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
အဲဒီညောင်လေးပင်မြို့နယ်အတွင်းမတ်လ ၅ ရက်နေ့က စစ်ကော်မရှင်တပ်ကကျေးရွာတွေကို ဝင်ရောက်တိုက်ခိုက်မှုမှာ အမျိုးသမီး ၁၇ ဦးအထိအစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတဲ့ဖြစ်စဉ်ဟာ အဆိုးရွားဆုံးဖြစ်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုင်းနဲ့ ပြည်နယ်အလိုက် စစ်ကိုင်းတိုင်းမှာ ၃၇ ဦးနဲ့ အများဆုံးဖြစ်ပြီး ပဲခူးတိုင်းမှာ ၂၈ ဦးနဲ့ ဒုတိယအများဆုံး သေဆုံးခဲ့တာဖြစ်ပါတယ်။
BWUအနေနဲ့ အခုလိုအမျိုးသမီးတွေအပေါ် ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အကြမ်းဖက်မှုတွေကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချထားပါတယ်။







