Border News Agency
ကျောက်တော်၊ ဧပြီ ၈။
ကျောက်တော်မြို့နယ်မှာ ကျင်းပတဲ့ ခရစ်ယာန်ဘာသာဝင်တွေရဲ့ သခင်ယေရှု ရှင်ပြန်ထမြောက်ခြင်း (အီစတာပွဲတော်)ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ငွေကြေးထောက်ပံ့ ကူညီခဲ့ပါတယ်။
ဧပြီလ ၇ ရက်နေ့က ကျင်းပတဲ့ အဲဒီပွဲကို အာရက္ခပြည်သူ့အစိုးရရဲ့စစ်ဘက်နဲ့ အရပ်ဘက် တာဝန်ရှိသူတွေ ကိုယ်တိုင် တက်ရောက် ဂုဏ်ပြုခဲ့ကြတာပါ။
ဒေသတွင်း မတည်ငြိမ်မှုတွေကြောင့် ဒီပွဲတော်ကို မကျင်းပနိုင်ခဲ့တာ ၆ နှစ်ကျော် ကြာမြင့်ခဲ့ပြီး အခုနှစ်မှာတော့ ကျောက်တော်ရှိ ခရစ်ယာန်အသင်းတော် ၅ သင်း စုပေါင်းပြီး ပြန်ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။
အီစတာပွဲတော်ဟာ ကမ္ဘာတစ်ဝှမ်းက ခရစ်ယာန်ဘာသာဝင်တွေအတွက် အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်ပြီး နှစ်စဉ် ဧပြီလမှာ အလေးအနက်ထား ကျင်းပလေ့ရှိတာပါ။
အခုလို အာရက္ခအစိုးရရဲ့ ကူညီထောက်ပံ့မှုနဲ့ ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။


















