Border News Agency
အမ်း၊ ဧပြီ ၁၀။
ဒီကနေ့ ကျရောက်တဲ့ အာရက္ခတပ်တော် (AA) ရဲ့ ၁၇ နှစ်ပြည့် မွေးနေ့မှာ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ /ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) က တောဟိန်းတောင်ကနေ အမ်းမြို့သိမ်းစစ်ဆင်ရေးအထိ AA နဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်ခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို ဂုဏ်ပြုထုတ်ပြန်လိုက်ပါတယ်။
PIO/PIA အနေနဲ့ လူမျိုးပေါင်းစုံ၊ လူတန်းစားပေါင်းစုံ စစ်အာဏာရှင်စနစ်အောက်ကနေ လွတ်မြောက်ဖို့အတွက် မဟာမိတ်တွေနဲ့အတူ လက်တွဲပြီး ကြံ့ကြံ့ခံ တိုက်ပွဲဝင်နေတာဖြစ်ပြီး အခုလို AA ရဲ့ ထူးခြားတဲ့နေ့မှာ သူတို့ရဲ့စစ်ရေးမှတ်တမ်းတွေကို အမှတ်တရ ထုတ်ပြလာတာပဲ ဖြစ်ပါတယ်။
သွေးစည်းမှုမှသည် လူထုလွတ်လပ်ရေးဆီသို့ ဆိုတဲ့အတိုင်းပဲ အတွေးအခေါ် အယူအဆတွေ ကွဲပြားနိုင်ပေမဲ့ စည်းလုံးညီညွတ်မှုကို အခြေခံပြီး နွေဦးတော်လှန်ရေး အောင်ပွဲရတဲ့အထိ မဟာမိတ်တွေနဲ့အတူ အဆုံးအထိ တိုက်ပွဲဝင်သွားမယ်လို့လည်းဆိုပါတယ်။
ဒါ့အပြင် တော်လှန်ရေးခရီးလမ်းတလျှောက်မှာ အသက်၊ သွေး၊ ချွေးတွေ ပေးဆပ်ခဲ့ကြတဲ့ တပ်ဖွဲ့အသီးသီးက ရဲဘော်တွေကိုလည်း လေးနက်စွာ ဦးညွှတ်အလေးပြုတယ်လို့လည်းဆိုပါတယ်။











