Border News Agency
ထိုင်း၊ဧပြီ ၁၄။
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်ထဲမှာ မြန်မာနိုင်ငံဘက်ကို လောင်စာဆီတွေ တရားမဝင်မှောင်ခိုပို့ဖို့ကြိုးစားနေတဲ့ ထိုင်းနိုင်ငံသား ၂ ဦးနဲ့ မြန်မာနိုင်ငံသား ၁ ဦးကို ဒီနေ့မနက်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနက ဧပြီလ ၁၄ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
သူတို့ကိုသောင်းရင်းမြစ်ကမ်းနားဘက်ကို ဦးတည်သွားနေတဲ့တောလမ်းတခုမှာဖမ်းမိခဲ့တာဖြစ်ပြီး စစ်ဆေးချက်အရသူတို့ဟာ လောင်စာဆီတင်ပို့မှု ဆိုင်းငံ့ထားတဲ့ အစိုးရအမိန့်ကိုချိုးဖောက်ခဲ့တာပါ။
ဒါ့အပြင် ဖမ်းမိသူ ၃ ဦးစလုံးရဲ့ ခန္ဓာကိုယ်ထဲမှာ စိတ်ကြွဆေးပြား (ယာဘ) သုံးစွဲထားတဲ့ အထောက်အထားတွေတွေ့ရသလို အသက် ၁၇ နှစ်အရွယ် မြန်မာနိုင်ငံသားဟာလည်း ထိုင်းနိုင်ငံထဲမှာ တရားမဝင်နေထိုင်နေသူဖြစ်နေပါတယ်။
သူတို့ကို အကောက်ခွန်ဥပဒေချိုးဖောက်မှု၊ မူးယစ်ဆေးဝါးသုံးစွဲမှုတွေနဲ့အမှုဖွင့်ထားပြီး ထာ့ဆောင်ယန်းရဲစခန်းမှာ ဥပဒေအရ အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။











