Border News Agency
နေပြည်တော်၊ ဧပြီ ၁၇။
မြန်မာနှစ်သစ်ကူးနေ့မှာ အကျဉ်းထောင်/အချုပ်ထောင်တွေရှိ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား/အကျဉ်းသူ ၄၃၃ ၅ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ ဧပြီလ ၁၇ ရက်၊ ဒီနေ့ သမ္မတတုမင်းအောင်လှိုင်အမိန့်ထုတ်ပြန်ပါတယ်။
အဲဒီအကျဉ်းသား/အကျဉ်းသူ ၄၃၃၅ ယောက်ဟာ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ပုဒ်မခွဲ(၁)အရ နောက်တကြိမ်ပြစ်မှု ထပ်မံကျူးလွန်ရင် ကျန်ပြ စ်ဒဏ်တွေလည်းဆက်ကျမှာဖြစ်ပြီးပြ စ်ဒဏ်တွေအပေါ် လျှော့ပေါ့ပြီးပြစ်ဒ ဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီအပြင် နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ ၁၇၉ ဦးကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (က) အရ ကျခံဖို့ ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကို လွတ်ငြိမ်းခွင့် ပြုပြီး ပြည်နှင်ဒဏ် ပေးလိုက်ပါတယ်။
နောက်ပြီး အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းအသီးသီးမှာ ဧပြီ ၁၇ ရက်မတိုင်မီ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတခုခုနဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ချမှတ်ခြင်း ခံရပြီးပါက သေဒဏ်ပြစ်ဒဏ် ကျခံနေရသူတွေကို ထောင်ဒဏ် တသက် ပြစ်ဒဏ်ကို ပြောင်းလဲကျခံစေဖို့အမိန့်ထုတ်လိုက်သလို ထောင်ဒဏ်တသက် နဲ့ နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်ကျခံနေရသူတွေကို ထောင်ဒဏ် နှစ် ၄၀ ကို လျှော့ပေါ့ကျခံစေဖို့ (အရင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်များအရ သေဒဏ်မှ ထောင်ဒဏ် တသက်ကို ပြောင်းလဲထားသူတွေ မပါ)၊ ထောင်ဒဏ် နှစ် ၄၀ အထက် ကျခံနေရသူတွေကို ထောင်ဒဏ် နှစ် ၄၀ ကို ပြောင်းလဲ ကျခံစေဖို့ နဲ့ ထောင်ဒဏ် နှစ် ၄၀ နဲ့ အောက် ကျခံနေရသူတွေကို ပြစ်ဒဏ်ရဲ့ ခြောက်ပုံ တပုံကို လျှော့ပေါ့ ကျခံစေဖို့ ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ပြုလိုက်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ဟာမတရားဖမ်းထားသူတွေကို မလွတ်ပေးဘဲမူးယစ်လူသတ်ခိုးဆိုးလုယက်တွေကိုသာအမည်ခံလွတ်ပေးနေတာလို့ နိုင်ငံ ရေးအကျဥ်းသားတွေက ဆိုကြပါတယ်။






