Border News Agency
ဖလမ်း၊ ဧပြီ ၁၈။
ချင်းပြည်၊ ဖလမ်းမြို့နယ်၊ ဖလမ်း-ဟားခါး လမ်းမကြီးပေါ်က တလန်ဇာကျေးရွာကို စစ်ကော်မရှင်တပ်က ဧပြီ ၁၈ ရက်၊ ဒီနေ့မနက်အစောပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
အဲဒီ တလန်ဇာကျေးရွာကို စစ်ကော်မရှင်တပ်ဟာ ဒီနေ့ မနက် ၃ နာရီအချိန်က လေကြောင်းမှရွယ်ရည်ချက်ရှိရှိတိုက်ခိုက်ခဲ့တာလို့ ရွာသားတွေကဆိုကြပါတယ်။
အဲဒီလို တိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးသွားခဲ့ပေမယ့် ရွာသားတွေ ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်နိုင်ခဲ့တာကြောင့် လူထိခိုက်သေဆုံးတာတွေမရှိခဲ့ဘူးလို့ဆိုပါတယ်။
အဲဒီတလန်ဇာကျေးရွာဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကော်မရှင်တပ်ရဲ့ နေအိမ်မီးရှို့ဖျက်ဆီးတာ ၂ ကြိမ်နဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ ၂ ကြိမ်အထိ ခံစားထားရတဲ့ ရွာဖြစ်တယ်လို့သိရပါတယ်။













