Border News Agency
အီရန်၊ ဧပြီ ၂၁။
အီရန်ဆိပ်ကမ်းတွေကို ဝင်ထွက်သွားလာခွင့်ပိတ်ဆို့ထားတဲ့ အမေရိကန်တပ်ဖွဲ့တွေဟာ အခုအချိန်အထိ အီရန်သင်္ဘော ၂၇ စီးကို ဆိပ်ကမ်းကို ပြန်လှည့်ခိုင်းတာတွေလုပ်ဆောင်ခဲ့တယ်လို့ အမေရိကန်စစ်ဌာနချုပ်က ဧပြီလ ၂၀ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီအာရေဗျပင်လယ်အတွင်းမှာ ဧပြီလ ၂၀ ရက်နေ့က အမေရိကန်ရဲ့ရေတပ်ပိတ်ဆို့မှုကို ချိုးဖောက်ဖို့ကြိုးစားတဲ့ အီရန်ကုန်တင်သင်္ဘော M/V Touska ကို အမေရိကန် မရိန်းတပ်သားတွေက တက်ရောက်စီးနင်းသိမ်းဆည်းခဲ့ပါတယ်။
အဲဒီသင်္ဘောပေါ်က ကုန်သေတ္တာတွေကို ရှာဖွေစစ်ဆေးနေသလို အနီးနားမှာလည်း အမေရိကန်တပ်ဖွဲ့တွေက အနီးကပ်ကင်းလှည့်နေပါတယ်။
ဒါ့အပြင် ဧပြီလ ၁၉ ရက်နေ့ကလည်း ပင်လယ်နီအတွင်းမှာရှိတဲ့ အမေရိကန်လေယာဉ်တင်သင်္ဘော USS Gerald R. Ford ပေါ်မှာ လေကြောင်းစစ်ဆင်ရေးလေ့ကျင့်မှုတွေပြုလုပ်ခဲ့ပါတယ်။
အဲဒီလေယာဉ်တင်သင်္ဘောအုပ်စုဟာ အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ်ရဲ့ တာဝန်ရှိရာဒေသတွေမှာ စစ်ရေးအရအသင့်အနေအထားတပ်ဖြန့်လှုပ်ရှားနေတာဖြစ်ပါတယ်။
အမေရိကန်နဲ့ အီရန်ကြားအပစ်ရပ်စဲရေး သက်တမ်းကုန်ဆုံးဖို့နီးကပ်လာချိန်မှာ အမေရိကန်စစ်တပ်က အခုလိုပင်လယ်ပြင်ပိတ်ဆို့မှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေလာနေပါတယ်။












