Border News Agency
တန့်ဆည်၊ ဧပြီ ၂၁။
စစ်ကိုင်းဒေသ၊ တန့်ဆည်မြို့နယ်မှာ နိုင်ငံရေးအကျဥ်းသားတွေလွတ်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အဖွဲ့ဝင် လူငယ်တွေက လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ PPNMက ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီလူငယ်တွေဟာ နှစ်ဆန်း ၁ ရက်နေ့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ကျဥ်းတွေလွတ်မြောက်ရေးအတွက် ဆုတောင်းတာနဲ့ ပန်းသပိတ်ပြုလုပ်ခဲ့ကြတာပါ။
ဧပြီ ၂၁ ရက်နေ့ဟာ ဟံသာဝတီဦးဝင်းတင် ကွယ်လွန်တဲ့ ၁၂ ပြည့်ဖြစ်ပြီး အပြာရောင်လှုပ်ရှားမှု (Blue Shirt Campaign) နောက်ဆုံးရက်လည်းဖြစ်တယ်လို့ ဆိုပါတယ်။
Blue Shirt ကမ်ပိန်းကို နိုင်ငံတကာ နဲ့ ပြည်တွင်း၊ပြည်ပ ပြည်သူတွေမှ ပရိုဖိုင်ချိန်းတာ၊ အပြာရောင်အင်္ကျီဝတ်ဆင်ကာFree All Political Prisoners စာသားကို လက်ဖဝါးနဲ့ စာရွက်မှာရေးသားက လူမှုကွန်ရက်တွေမှာတင်ပြီး တောင်းဆိုဖို့အတွက် ပြုလုပ်နေကြတာပါ။












