Border News Agency
တန့်ဆည်၊ ဧပြီ ၂၁။
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာနယ်မြေရဲစခန်းအနီးဈေးတန်းကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ သုံးဦးဒဏ်ရာရသွားပါတယ်။
အဲဒီကံထူးမကျေးရွာနယ်မြေရဲစခန်းအနီးဈေးတန်းကို ဧပြီ ၂၁ရက်၊ဒီနေ့ နေ့လည် ၁၂နာရီ ၂၀မိနစ်မှ ၁၂နာရီ ၄၀ မိနစ်အချိန်ထိ စစ်ကော်မရှင်တပ်လေ ကြောင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုတိုက်ခိုက်လို့အရပ်သားသုံးဦးဒ ဏ်ရာရပြီးဆီဘောက်ဆာကားတချို့လည်းမီးလောင်သွားပါတယ်။
အဲဒီကံထူးမရဲစခန်းအပါအဝင် တန့်ဆည်မြို့နယ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတာပါ။
အဲဒီကံထူးမရွာဟာ ရေဦး-ကလေးဝလမ်းပိုင်းမှာရှိပြီးလမ်းပန်းဆက်သွယ် ရေးအချက်အချာကျတာမို့ စစ်ကော်မ ရှင်တပ်ပစ်မှတ်ထားပြီး မကြာခဏ ဗုံးကြဲနေတာပါ။






