Border News Agency
နေပြည်တော်၊ ဧပြီ ၂၂။
နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းနိုင်ဖို့အတွက် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေအားလုံးကို ငြိမ်းချမ်းရေးဆွေးနွေးဖို့အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီက ဧပြီလ ၂၁ ရက်နေ့ဖိတ်ခေါ်လိုက်ပါတယ်။
အပစ်ရပ်လက်မှတ်(NCA) ထိုးထားတဲ့အဖွဲ့တွေဟာ သဘောတူညီချက်တွေအတိုင်းဆက်ပြီးပူးပေါင်းဆောင်ရွက်ဖို့နဲ့ NCA မထိုးရသေးတဲ့အဖွဲ့တွေလည်း ဒေသဖွံ့ဖြိုးရေးအတွက် အစိုးရနဲ့အတူ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ တိုက် တွန်းထားတာပါ။
အဲဒီအပြင် အကြောင်းအမျိုးမျိုးကြော င့် NCA လမ်းကြောင်းကသွေဖည်နေတဲ့အဖွဲ့တွေကိုလည်း ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်းနဲ့ နိုင်ငံရေးအရ ပြန်လည်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ထားပါတယ်။
အဲဒီငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို လာမယ့်ဇူလိုင်လ ၃၁ ရက်နေ့ထိ ပြုလုပ်သွားမှာဖြစ်လို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ ဆက်သွယ်ဆောင် ရွက်ပေးကြဖို့လည်း အသိပေးထားပါတယ်။
အဲဒီလိုဆွေးနွေးကြရာမှာကြိုတင်ကန့်သတ်ချက်တွေမထားဘူးလို့လည်း အာ ဏာသိမ်းစစ်ကော်မတီကဆိုပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း လက်နက် ကိုင်တော်လှန်ရေးအားကောင်းလာသ လိုနယ်မြေအများစုတော်လှန်ရေးတပ်တွေထိန်းချုပ်ထားပါတယ်။
အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင် တဆယ့်ငါးမြို့နယ်ကိုသိမ်းပိုက်ထိန်းချုပ်ထားပြီး ကျောက်ဖြူနဲစ စ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။






