Border News Agency
ဖားအံ၊ ဧပြီ ၂၂။
ဒူးသထူခရိုင်အတွင်း စစ်ကော်မရှင်တပ်ဟာ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ လေကြောင်း၊လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဧပြီလ ၂၂ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား၁ဦးသေဆုံးပြီး ၁ဦးဒဏ်ရာရသွားခဲ့သလို လူ ၆၂၈၆ ဦးဟာ ဘေးလွတ်ရာကိုတိမ်းရှောင်နေရကာ အရေးပေါ်အကူအညီတွေလိုအနေတယ်လို့ ဆိုပါတယ်။
အဲဒီဖားအံမြို့နယ်ကကျေးရွာတွေကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူပိုင်ပစ္စည်းတွေနဲ့ လူနေအိမ်အများအပြားပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ အရပ်သားပြည်သူနေထိုင်တဲ့ရွာနဲ့ လုပ်ငန်းခွင်တွေကိုပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်တာတွေ မကြာခဏပြုလုပ်နေတယ်လို့ဆိုပါတယ်။
အဲဒီဖားအံမြို့နယ်၊ ဟတ္တလိုက်ကျေးရွာအုပ်စုအတွင်းက ရွာဆယ်ရွာ၊ အိမ်ခြေ ၈၈၀ ကျော်ရှိ လူဦးရေစုစုပေါင်း ၆၂၈၆ ကျော်အတွက်နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေကို အရေးပေါ်လိုနေတယ်လို့ ဆိုပါတယ်။











