Border News Agency
ကရင်နီ၊ဧပြီ ၂၃။
ကရင်နီပြည်အတွင်းက တော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီး အမှတ် ၁ အယ်လ်ဖာစစ်ဒေသကို အောင်မြင်စွာ ဖွဲ့စည်းလိုက်ပြီလို့ ဧပြီ လ၂၁ ရက်နေ့မှာကြေညာလိုက်ပါတယ်။
အဲဒီစစ်ဒေသကို ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန (DoD) နဲ့ ကရင်နီပူးတွဲစစ်ဦးစီးကော်မတီတို့ရဲ့ လမ်းညွှန်မှုအောက်မှာ တညီတညွတ်တည်း ဖွဲ့စည်းခဲ့တာပါ။
စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် စစ်ရေးဗျူဟာတွေကို တစုတစည်းတည်း ဖော်ဆောင်နိုင်ဖို့ ရည်ရွယ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက စတင်အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။
အယ်လ်ဖာစစ်ဒေသအနေနဲ့ ဒေသတွင်း တော်လှန်ရေးအင်အားစုအားလုံးနဲ့ ချိတ်ဆက်ပြီး စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်တွေ အောင်မြင်အောင် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း ကတိပြုထားပါတယ်။















