Border News Agency
အမေရိကန်၊ ဧပြီ ၂၃။
အမေရိကန်က တိုက်ခိုက်မှုအသစ်တွေ ထပ်လုပ်လာရင်တုံ့ပြန်ဖို့တရာရာခိုင် နှုန်းအသင့်ဖြစ်နေရမယ်လို့အီရန်တရားစီရင်ရေးအကြီးအကဲပြောပါတယ်။
အီရန်ထိပ်တန်းအရာရှိတွေကို အမေရိကန်သတ်ဖြတ်ခဲ့ပေမယ့် စစ်ပွဲရည်မှန်း ချက်တွေကို မအောင်မြင်သေးဘူးလို့ ဆိုပါတယ်။
အဲဒါကြောင့်နောက်ထပ်တိုက်ခိုက်မှုတွေဖြစ်လာနိုင်ခြေအများကြီးရှိနေတယ်လို့ အီရန်က ယူဆနေတာပါ။
အီရန်ကုန်တင်သင်္ဘောကို အမေရိကန်ပစ်ခတ်ဖမ်းဆီးခဲ့တာကြောင့် အခြေအနေတွေက ပိုပြီးတင်းမာလာနေပါတယ်။
အဲဒီလိုဖမ်းဆီးတာဟာ နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တာဖြစ်ပြီး သေချာလက်တုံ့ပြန်သွားမယ်လို့ အီရန်ဆိုပါတယ်။
ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုတွေကြောင့် အီးယူ (EU)ကလည်း ဒဏ်ခတ်ပိတ်ဆို့မှုတွေ တိုးဖို့ပြင်ဆင်နေတာကြောင့် အရှေ့အလယ်ပိုင်းမှာ စစ်မီးပိုပြင်းထန်လာဖို့ ရှိနေပါတယ်။






