Border News Agency
နေပြည်တော်၊ ဧပြီ ၂၂။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ တွေ့ဆုံဆွေးနွေးနှစ်ဖက်သဘောတူညီချက်တွေကို ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးအတည်ပြုသွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင် လှိုင်က ပြောပါတယ်။
အဲဒီအာဏာသိမ်းစစ်ခေါင်းဆောင်ဥက္က ဋ္ဌတာဝန်ယူထားတဲ့အမျိုးသားကာကွ ယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအ ဝေးခန်းကို ဧပြီလ ၂၁ ရက်၊ မနေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့ပြီးအဲဒီမှာပြောတာပါ။
အဲဒီအမျိုးသားကာကွယ်ရေးနဲ့လုံခြုံ ရေးကောင်စီဟာ ဧပြီလ ၂၁ ရက်၊မနေ့က ငြိမ်းချမ်းရေးဆွေးနွေးမယ့်အချက်တွေပါဝင်တဲ့ဖိတ်ခေါ်မှုကို ထုတ်ပြန်ထားပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ဟာအပစ်ရပ်လက်မှတ်ထိုးထားပေမယ့်အာဏာသိမ်းပြီးနောက်ပိုင်း အပစ်ရပ်စာချုပ်ပျက်သွားပြီလို့ ဆိုကြပါတယ်။
အဲဒါကြောင့် နှစ်ဘက်သဘောတူညီချက်တွေလည်းပြယ်ပျက်သွားပြီးမို့သ ဘောတူညီချက်တွေမရှိတော့ဘူးလို့ဆိုကြပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း လက်နက် ကိုင်တော်လှန်ရေးပိုမိုအားကောင်းလာတာမို့ အာဏာသိမ်းစစ်တပ်ရဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုတွေအဆင်ပြေမှာမဟု တ်ဘူးလို့ ဝေဖန်ပြောဆိုနေကြပါတယ်။
အဲဒီအပြင်အတုအယောင်ရွေးကောက်ပွဲကဖြစ်လာတဲ့အတုအယောင်လွတ်တော်ကသဘောတူအတည်ပြုပေးလို့မရဘူးလို့ ဆိုကြပါတယ်။







