Border News Agency
အီရန်၊ဧပြီ ၂၃။
အီရန်နဲ့ စစ်ပွဲပြီးသွားရင်တောင် ဟော်မုဇ်ရေလက်ကြားမှာရှိတဲ့ မိုင်းတွေကို အကုန်ရှင်းဖို့ ၆ လအထိ ကြာနိုင်တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။
အဲဒီအကြောင်းကို ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Dan Caine က လျှို့ဝှက်ရှင်းလင်းပွဲတခုမှာ အသိပေးခဲ့တာဖြစ်တယ်လို့ Reuters သတင်းမှာ ဖော်ပြထားတာပါ။
အိမ်ဖြူတော်နဲ့ ပင်တဂွန်အရာရှိတွေကတော့ ဒီလောက်ကြာမြင့်မယ့် အချိန်ဇယားကို အမြန်ဆုံး အဆုံးသတ်နိုင်ဖို့အတွက် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။
သမ္မတထရန့်ကတော့ အီရန်နဲ့ သဘောတူညီချက်တခု မရမချင်း တီဟီရန်ရဲ့ ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားတာကို ရုပ်သိမ်းပေးမှာမဟုတ်ဘူးလို့ သတိပေးထားပါတယ်။
အဲဒီရေလက်ကြားအတွင်းက မိုင်းအန္တရာယ်ကြောင့် ဒေသတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်ရေးတွေဟာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။






