Border News Agency
မောတောင်၊ ဧပြီ ၂၆။
တနင်္သာရီမြို့နယ်၊ မောတောင်မြို့မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ လူနေအိမ်နှစ်လုံးပျက်စီးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဧပြီလ ၂၆ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီမောတောင်မြို့အတွင်းကို ဧပြီလ၂၆ ရက်၊ဒီနေ့မနက် ၁၀နာရီ ၄၅ မိနစ်အချိန်က စစ်ကော်မရှင်တပ်မှ လေကြောင်းမှနှစ်ကြိမ်ထိဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မောတောင်မြို့အတွင်းကို ပထမတကြိမ် ပေါင်၂၅၀ ဗုံးလေးလုံး၊ ဒုတိတကြိမ် မောတောင်အမှတ်-၉ကို ပေါင်၂၅၀ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာတယ်လို့ ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ်နှစ်လုံးပျက်စီးသွားတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊ အဆောက်အဦတွေကို ဒရုန်း၊ လက်နက်ကြီး၊ တိုက်လေယာဉ်တွေနဲ့ရည်ရွယ်ချက်ရှိရှိလေကြောင်းမှတိုက်ခိုက်တာတွေပြုလုပ်လာနေတာကြောင့် အရပ်သားပြည်သူတွေသေဆုံး၊ ဒဏ်ရာရနေကြပါတယ်။









