Border News Agency
စဥ့်ကူး၊ ဧပြီ ၂၇။
စဥ်ကူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Singu PDF)ဝင်ရဲဘော်သုံးဆယ်ကျော်ကို တပ်ရဲ့စည်းကမ်းချက်တွေကိုဖောက်ဖျက်ကျူးလွန်တာကြောင့်တပ်က အပြီးတိုင်ထုတ်ပယ်ပြီး အမည်ပျက်စာရင်းသွင်းလိုက်ပါတယ်။
အဲဒီထုတ်ပယ်ခံရသူတွေဟာ ရှေ့တန်းစစ်မျက်နှာပြင်မှာ ရဲဘော်တွေကို စွန့်ခွာထွက်ပြေးတာ၊ တပ်ပိုင်ပစ္စည်းနဲ့ ငွေကြေးတွေ အလွဲသုံးစားလုပ်တာ၊ ရန်သူ့ထံ လက်နက်ချတာနဲ့ လေကြောင်းတိုက်ခိုက်တာတွေအတွက် တပ်တည်နေရာပေးပို့တာစတဲ့ သစ္စာဖောက်မှုတွေကို ကျူးလွန်ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတ ယ်။
အဲဒီရဲဘော်တွေထဲမှာ စဥ်ကူး PDF တပ် ဖွဲ့ဝင်တွေအပြင် ကလေးမြို့နဲ့ သပိတ်ကျင်းမြို့နယ်တွေက တပ်ဖွဲ့ဝင်အချို့လည်း ပါဝင်နေပြီး သူတို့အားလုံးရဲ့ ကိုာယ်ရေးအချက်အလက်တွေကို တပ်ာဖွဲ့က အများပြည်သူသိရှိစေဖို့ ထုတ်ပြန်ထားပါတယ်။
သူတို့ကို တပ်ပြေးနဲ့ တော်လှန်ရေးသစ္စာဖောက်လောက်ကောင်တွေအဖြစ် သတ်မှတ်ကာ အမည်ပျက်စာရင်း သွင်းထားတာဖြစ်ပါတယ်။
အဲဒါကြောင့်သူတို့နဲ့ ပတ်သက်တဲ့ ဘယ်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်တွေကိုမဆို တပ်ဗျူဟာက တာဝန်ယူဖြေရှင်းပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
အဲဒီကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် သူတို့ကို ထိရောက်စွာအရေးယူသွားမှာ ဖြစ်သလို အများပြည်သူလည်း သူတို့နဲ့ ပတ်သက်ဆက်နွှယ်မှု မပြုလုပ်ကြဖို့ သတိပေးထားပါတယ်။















