Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံတကာ နိုင်ငံရေး မြောက်ဦးခရိုင် အာရက္ခဒေသ

လက်နက်အားကိုးဖြင့် အမဲလိုက်ခြင်းနှင့် ထွက်ခွာခွင့်အား ပိတ်ပင်ခြင်း- ၃

Author picture

By

BNA Author
Reading Time: 3 mins read
0
A A
0
SHARES
11
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ ဧပြီ ၂၇။

ထွက်ခွာခွင့်နှင့် နိုင်ငံတကာစံနှုန်းများ

အရပ်သားပြည်သူများအား စစ်ပဋိပက္ခဖြစ်ပွားရာဒေသမှထွက်ခွာခွင့်မပေးဘဲ ပိတ်ပင်ထားခြင်းသည် နိုင်ငံတကာဥပဒေအရ အလွန်လေးနက်သောချိုးဖော က်မှုများဖြစ်သည်။

နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေ(International Humanitarian Law – IHL)အရပြဋ္ဌာန်းချက်များ…

(က) စစ်ပွဲဖြစ်ပွားနေသည့်ကာလတွင် အရပ်သားများကို ကာကွယ်ရန်အတွက် “ဂျီနီဗာကွန်ဗင်းရှင်းများ(Geneva Con ventions)”နှင့် ၎င်း၏နောက်ဆက်တွဲစာချုပ်များပြဋ္ဌာန်းထားသည်။

(ခ) မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမဆို မိမိတို့ထိန်းချုပ်ထားသောနယ်မြေအတွင်းရှိ အရပ်သားများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးရမည့်တာဝန်(Protection of Civilians) ရှိသည်။

အရပ်သားများကို ပဋိပက္ခဇုန်အတွင်းမှ ထွက်ခွာခွင့်မပေးဘဲ ပိတ်လှောင်ထားခြင်းသည် ၎င်းတို့၏အသက်အန္တရာယ်ကို ပိုမိုကြီးမားစေပြီး”ကာကွယ်ပေးရန် ပျက်ကွက်ခြင်း”ဖြစ်သည်။

(ဂ)အကယ်၍ ထွက်ခွာခွင်အားပိတ်ပင်ထားခြင်း၏ရည်ရွယ်ချက်မှာအရပ် သားများကိုအသုံးချ၍ စစ်ရေးအရ အ သာစီးယူရန် သို့မဟုတ် လူသားအရင်း အမြစ်ကို အသုံးချရန်(ဥပမာ – ပြိုင်ဘ က်အဖွဲ့က တိုက်ခိုက်မှုမလုပ်ရဲအောင် အရပ်သားများကို အကာအကွယ်ယူ ထားခြင်း)ဖြစ်ပါက၊ ၎င်းသည် “လူသားဒိုင်းကာ(Human Shield)” အဖြစ် အသုံး ပြုခြင်းမြောက်သည်။

လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်းကိုတားမြစ်ခြင်း(Prohibition of Using Human Shields)မှာ နိုင်ငံတကာစံနှုန်းဖြစ်သည်။

ထိုစံနှုန်းကို ချိုးဖောက်ပါက စစ်ရာဇဝတ်မှု(War Crime)မြောက်နိုင်သည်။

(ဃ) ပြည်သူလူထုအား မလိုအပ်ဘဲ အန္တရာယ်ဇုန်အတွင်းထားရှိခြင်းသည်လည်းရာဇဝတ်မြောက်သည်။

တိုက်ပွဲဖြစ်ပွားနေသော သို့မဟုတ် ဖြစ်ပွားတော့မည့်နေရာမှ အရပ်သားများ ဘေးလွတ်ရာသို့ ရွေ့ပြောင်းနိုင်ရေးအတွက်လမ်းကြောင်းဖွင့်ပေးရမည်မှာ တာဝန်ရှိသူများ၏ဝတ္တရားဖြစ်သည်။

နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာဥပဒေ(International Human Rights Law – IHRL)အရ ပြဋ္ဌာန်းချက်များ…

(က) စစ်ပွဲဖြစ်ပွားနေသည်ဖြစ်စေ၊မဖြစ် ပွားသည်ဖြစ်စေလူ့အခွင့်အရေးဆိုင်ရာ အခြေခံဥပဒေများသည် အမြဲတမ်းသ က်ဆိုင်သည်။

စစ်ပွဲဖြစ်ပွားနေ၍ လူ့အခွင့်အရေးဆိုင်ရာအခြေခံဥပဒေများကို ချိုးဖောက်ခွင့်ရှိသည်ဟု မှတ်ယူနေ၍မရပေ။

(ခ) နိုင်ငံသားနှင့်နိုင်ငံရေးအခွင့်အရေးဆိုင်ရာနိုင်ငံတကာသဘောတူစာချုပ် (ICCPR)၏ အပိုဒ် ၁၂ အရ လူတိုင်းသာည် မိမိသဘောဆန္ဒအလျောက် နေထိုင်ရာနေရာကိုရွေးချယ်ပိုင်ခွင့်နှင့် လွတ်လပ်စွာသွားလာပိုင်ခွင့်၊ သွားလာလှုပ်ရှားခွ င့်(Freedom of Movement)ရှိသည်။

အစိုးရ(သို့မဟုတ်)အုပ်ချုပ်သူအဖွဲ့အစည်းအနေဖြင့် ဥပဒေနှင့်အညီမဟုတ်ဘဲ အကြောင်းမဲ့ပိတ်ပင်ခြင်းသည် ဤအခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်သည်။

(ဂ)လူတဦးချင်းစီ၏လွတ်လပ်စွာ သွားလာမှုကို တရားဝင်အကြောင်းပြချက်မရှိဘဲ(သို့မဟုတ်)ပြည်သူ့အကျိုးစီးပွားအတွက် မဟုတ်ဘဲပိတ်ပင်ထားခြင်းသ ည်အခြေခံလူ့အခွင့်အရေးအားချိုးဖောက်မှုဖြစ်သည်။

ထိုချိုးဖောက်မှုသည် အာဏာရှိသူ၏ ကိုယ်ကျိုး၊စိတ်ဆန္ဒအရ ဥပဒေမဲ့ကန့် သတ်ခြင်း၊ စိတ်ကြိုက်ဖမ်းဆီးခြင်း (Arbitrary Detention)၊”ဥပဒေမဲ့အကျယ်ချုပ်ထားခြင်း”နှင့် သဘောသဘာဝချင်းတူညီနေသည်။

ကလေးသူငယ်အခွင့်အရေးဆိုင်ရာသဘောတူစာချုပ်(Convention on the Rights of the Child – CRC)ပါ ပြဋ္ဌာန်း ချက်များ…

လူဦးရေအလိုက်(Mass restriction)တ စုတစည်းတည်း ပိတ်ပင်မှုတွင် ကလေး သူငယ်များပါအကြုံးဝင်လာသည်။

နိုင်ငံတကာစံနှုန်းအရ ကလေးသူငယ်ဟူသည် အထူးကာကွယ်စောင့်ရှောက်မှုပေးရသောအုပ်စုများဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ကလေးသူငယ်များသည် လက်နက်ကိုင်ပဋိပက္ခများတွင် အထိခိုက်လွယ်ဆုံးဖြစ်သည်။

အသက် ၁၀ နှစ်အရွယ်ကလေးငယ်များသည် စစ်ပွဲ၏ကြောက်မက်ဖွယ်ကောင်းမှု၊အစာရေစာပြတ်လပ်မှုနှင့်စိ တ်ပိုင်းဆိုင်ရာထိခိုက်မှုများကို ခံနိုင်ရ ည်မရှိကြပေ။

၎င်းတို့အား ဘေးလွတ်ရာသို့ မသွားစေဘဲ ပိတ်ပင်ထားခြင်းသည် ကလေးသူ ငယ်များကို စစ်ပွဲ၏အန္တရာယ်ထဲသို့ အ တင်းအကျပ်တွန်းပို့ခြင်းဖြစ်ပြီး ကလေးသူငယ်အခွင့်အရေးကို ပြင်းထန်စွာချိုးဖောက်ခြင်းဖြစ်သည်။

“လုံခြုံရေး”ဟူသော ခေါင်းစဉ်တပ်ကာ အရပ်သားများကို ပိတ်လှောင်ထားခြ င်းသည် နိုင်ငံတကာဥပဒေအရ လက်ခံနိုင်စရာမရှိသည့် စစ်ရာဇဝတ်မှုမြောက်သောလုပ်ရပ်များပင် ဖြစ်သည်။

နိုင်ငံတကာဥပဒေများနှင့်စံနှုန်းများတွ င် အရပ်သားများ၏လွတ်လပ်စွာသွား လာခွင့်နှင့်ကာကွယ်စောင့်ရှောက်ခွင့်တို့နှင့်ပတ်သက်၍ အတိအကျ ပြဋ္ဌာန်းထားသည့် အပိုဒ်များရှိသည်။

နိုင်ငံသားနှင့်နိုင်ငံရေးအခွင့်အရေးဆိုင် ရာနိုင်ငံတကာသဘောတူစာချုပ်(ICC PR)အပိုဒ် ၁၂ မှာလွတ်လပ်စွာသွားလာလှုပ်ရှားခွင့်ကို အာမခံထားသောအပိုဒ်ဖြစ်ဖြစ်သည်။

အပိုဒ် ၁၂(၁)တွင် နိုင်ငံတခု၏နယ်မြေအတွင်း တရားဝင်ရောက်ရှိနေသူတိုင်းသည် ထိုနယ်မြေအတွင်း လွတ်လပ်စွာ သွားလာခွင့်နှင့်မိမိနေထိုင်မည့်နေရာကို လွတ်လပ်စွာရွေးချယ်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။

အပိုဒ်၁၂(၂)အရ လူတိုင်းသည် မည်သည့်နိုင်ငံမှမဆိုထွက်ခွာခွင့်ရှိသည်။

ထိုအပိုဒိ ၁၂ပါ အချက်များကို ကန့်သတ်နိုင်ရန်အတွက် ဥပဒေနှင့်အညီဖြစ်ရမည်ဖြစ်ပြီး ပြည်သူ့လုံခြုံရေး၊ပြည်သူ့ကျန်းမာရေး သို့မဟုတ် အခြားသူများ ၏အခွင့်အရေးကို ကာကွယ်ရန်လိုအပ်သည့်အခြေအနေမျိုးတွင်သာအချိုး ကျစွာလုပ်ဆောင်ရမည်ဟု ပြဋ္ဌာန်းထား သည်။

စတုတ္ထမြောက်ဂျီနီဗာကွန်ဗင်းရှင်း (Fourth Geneva Convention)သည် လက်နက်ကိုင်ပဋိပက္ခအတွင်း အရပ်သားများကို ကာကွယ်ရန်အတွက် အဓိ ကကျသောစာချုပ်ဖြစ်သည်။

ထိုကွန်ဗင့်ရှင်း၏ အပိုဒ် ၃(Common Article 3)အရ ပဋိပက္ခတွင် ပါဝင်ပတ် သက်ခြင်းမရှိသော အရပ်သားများကို လူသားဆန်စွာ ဆက်ဆံရမည်။

အကြမ်းဖက်ခြင်း၊အသက်အန္တရာယ်ပြုခြင်း၊ နှိပ်စက်ခြင်းနှင့် လူ့ဂုဏ်သိက္ခာကို ထိခိုက်စေခြင်းများကို တားမြစ်ထားသည်။

ထိုကွန်ဗင့်ရှင်းအပိုဒ်(၄၉)တွင်ပဋိပက္ခဖြစ်ပွားရာဒေသမှ အရပ်သားများကိုအဓမ္မရွှေ့ပြောင်းခြင်း(သို့မဟုတ်)ထွက်ခွာခွင့်မပေးဘဲ ပိတ်လှောင်ထားခြင်းကို တားမြစ်ထားသည်။

အရပ်သားများ၏လုံခြုံရေးအတွက် မဖြစ်မနေ ရွေ့ပြောင်းပေးရမည့်အခြေ အနေမှလွှဲ၍ ၎င်းတို့ကိုအန္တရာယ်ရှိသ ည့်နေရာတွင် ပိတ်လှောင်ထားခြင်းသ ည် နိုင်ငံတကာဥပဒေချိုးဖောက်မှုဖြစ် သည်။

ULA/AA နှင့် တိုက်ရိုက်သက်ဆိုင်သော နိုင်ငံတကာစံနှုန်း

ဂျီနီဗာကွန်ဗင်းရှင်းများ၏နောက်ဆက်တွဲစာချုပ်(Protocol II)သည် “နိုင်ငံတကာမဟုတ်သော လက်နက်ကိုင်ပဋိပက္ခများ(Non-International Armed Conflicts)အတွက်” အထူးရည်ရွယ်သည်။

ထိုနောက်ဆက်တွဲစာချုပ်အပိုဒ်(၁၇)တွင် အရပ်သားများအားအဓမ္မရွေ့ပြောင်းခြင်းကို တားမြစ်ထားသည်။

အရပ်သားများ၏လုံခြုံရေး သို့မဟုတ် အရေးပေါ် စစ်ရေးလိုအပ်ချက်များအရမှလွှဲ၍ အရပ်သားများအားနေရပ်မှ စွန့်ခွာရန်(သို့မဟုတ်)ထွက်ခွာရန် အတင်း အကျပ်မလုပ်ဆောင်ရဟု ပြဋ္ဌာန်းထား သည်။

အရပ်သားများကို ထွက်ခွာခွင့်မပေးဘဲပိတ်လှောင်မှုလုပ်ရပ်ကိုလည်း ဤအပိုဒ် ၁၇ အပေါ် ချိုးဖောက်သောကိစ္စဟူ ၍သတ်မှတ်ထားသည်။

ကလေးသူငယ်အခွင့်အရေးဆိုင်ရာသဘောတူစာချုပ်(CRC)အရ အသက် ၁၈ နှစ်အောက် ကလေးသူငယ်များအပေါ် အထူးကာကွယ်ပေးထားသည်။

CRC စာချုပ်အပိုဒ် (၃)တွင်ကလေးသူငယ်များနှင့်သက်ဆိုင်သည့် မည်သည့်အရေးယူဆောင်ရွက်ချက်မဆို’ ‘ကလေးငယ်၏အကောင်းဆုံးအကျိုးစီးပွား” (Best interests of the child)ကို ဦး စားပေးရမည်ဟု ပြဋ္ဌာန်းထားသည်။

CRC စာချုပ်အပိုဒ်(၁၉)တွင် ကလေးငယ်များကို ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ ထိခိုက်နစ် နာစေမှုများမှကာကွယ်ပေးရမည်ဟု ပြဋ္ဌာန်းထားသည်။

CRC စာချုပ်အပိုဒ်(၃၈)တွင် လက်နက် ကိုင်ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများတွင် ကလေးသူငယ်များကို အကာအကွယ်ပေးရန်မှာ နိုင်ငံများ(နှင့်သက်ဆို င်ရာအဖွဲ့အစည်းများ၊လက်နက်ကိုင်တ ပ်ဖွဲ့များအားလုံး)တွင် တာဝန်ရှိသည်။

အကယ်၍အုပ်ချုပ်သူအဖွဲ့အစည်းသည် အရပ်သားများကို ပိတ်လှောင်ထားပါက…

  • (၁) ICCPR အပိုဒ် ၁၂ အရ သွားလာခွင့်ကို ချိုးဖောက်ရာရောက်သည်။
  • (၂) Fourth Geneva Convention အပို ဒ် ၄၉ အရ အရပ်သားများကို အန္တရာယ်မှကာကွယ်ရန် ပျက်ကွက်ခြင်း သို့မဟု တ် အဓမ္မထိန်းသိမ်းခြင်းမြောက်သည်။
  • (၃) CRC အပိုဒ် ၃ နှင့် ၁၉ အရ ကလေးငယ်များ၏အကျိုးစီးပွားနှင့်လုံခြုံမှုကို လျစ်လျူရှုပြီး ချိုးဖောက်ရာရောက်သည်။

ဤအချက်များသည် အပြည်ပြည်ဆိုင် ရာလူ့အခွင့်အရေးဥပဒေ၏ အခြေခံအုတ်မြစ်များဖြစ်ပြီးမည်သည့်အဖွဲ့အစည်းကမျှ ၎င်းအချက်များအားလိုက်နာစရာမလိုဟုပြောခွင့် လျစ်လျူရှုခွင့်မရှိပေ။

PrevPreviousစစ်ပွဲရပ်စဲရေးအတွက် အီရန်နိုင်ငံခြားရေးဝန်ကြီး ရုရှားသို့ ရောက်ရှိ
Nextအယုဒ္ဓယမှာမြန်မာလုပ်သား ၁၆ ဦးနဲ့ ယာဉ်မောင်းနှစ်ဦးကို ဖမ်းဆီးခံရNext
Previous Post

စစ်ပွဲရပ်စဲရေးအတွက် အီရန်နိုင်ငံခြားရေးဝန်ကြီး ရုရှားသို့ ရောက်ရှိ

Next Post

အယုဒ္ဓယမှာမြန်မာလုပ်သား ၁၆ ဦးနဲ့ ယာဉ်မောင်းနှစ်ဦးကို ဖမ်းဆီးခံရ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

Ref/Photo - Kanchanaburi News

ထိုင်းမှာ အထောက်အထားမဲ့ မြန်မာ ၁၉ ဦး ဖမ်းဆီးခံရ

April 29, 2026
ဓာတ်ပုံ - တအာင်းအမျိုးသမီးအဖွဲ့အစည်း

ကိုးကန့်တပ်ရဲ့လုပ်ရပ်တွေအပေါ် တအာင်းအရပ်ဘက်အဖွဲ့တွေ ကန့်ကွက်ရှုတ်ချ

April 29, 2026

​အီရန်ရဲ့ ရေလက်ကြားပြန်ဖွင့်ရေး ကမ်းလှမ်းချက်အပေါ် ထရမ့်အစိုးရ ငြင်းပယ်ဖွယ်ရှိ

April 29, 2026

​မောတောင်ကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့အရပ်သား ၂ ဦး သေဆုံး

April 29, 2026

ပျော်ဘွယ်မှာမိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်လို့လူနေအိမ်တွေပျက်စီး

ထိုင်းမှာ အထောက်အထားမဲ့ မြန်မာ ၁၉ ဦး ဖမ်းဆီးခံရ

ကိုးကန့်တပ်ရဲ့လုပ်ရပ်တွေအပေါ် တအာင်းအရပ်ဘက်အဖွဲ့တွေ ကန့်ကွက်ရှုတ်ချ

​အီရန်ရဲ့ ရေလက်ကြားပြန်ဖွင့်ရေး ကမ်းလှမ်းချက်အပေါ် ထရမ့်အစိုးရ ငြင်းပယ်ဖွယ်ရှိ

​မောတောင်ကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့အရပ်သား ၂ ဦး သေဆုံး

​အီရန်အစိုးရ ပြိုလဲလုနီးပါးဖြစ်နေပြီး ရေလက်ကြားပြန်ဖွင့်ဖို့ကြိုးပမ်းနေတယ်လို့ ထရမ့်ဆို

Releated Post

Photo - PFSD

ပျော်ဘွယ်မှာမိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်လို့လူနေအိမ်တွေပျက်စီး

April 29, 2026
Ref/Photo - Kanchanaburi News

ထိုင်းမှာ အထောက်အထားမဲ့ မြန်မာ ၁၉ ဦး ဖမ်းဆီးခံရ

April 29, 2026
ဓာတ်ပုံ - တအာင်းအမျိုးသမီးအဖွဲ့အစည်း

ကိုးကန့်တပ်ရဲ့လုပ်ရပ်တွေအပေါ် တအာင်းအရပ်ဘက်အဖွဲ့တွေ ကန့်ကွက်ရှုတ်ချ

April 29, 2026

​အီရန်ရဲ့ ရေလက်ကြားပြန်ဖွင့်ရေး ကမ်းလှမ်းချက်အပေါ် ထရမ့်အစိုးရ ငြင်းပယ်ဖွယ်ရှိ

April 29, 2026

​မောတောင်ကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့အရပ်သား ၂ ဦး သေဆုံး

April 29, 2026

​အီရန်အစိုးရ ပြိုလဲလုနီးပါးဖြစ်နေပြီး ရေလက်ကြားပြန်ဖွင့်ဖို့ကြိုးပမ်းနေတယ်လို့ ထရမ့်ဆို

April 29, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page