Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

အာရက္ခပြည်ထူထောင်မှုကြား နိုင်ငံရေးရင့်ကျက်မှုများ – နိဂုံး

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
18
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ မေ ၂။

ဦးဆောင်အဖွဲ့အစည်းရဲ့ပြယုဂ်

နိုင်ငံရေးအရရင့်ကျက်မှုဟာ “အနိုင်ရဖို့” ထက် “မှန်ကန်ဖို့” ကို ပိုအလေးထားဖို့အတွက် လူ့အဖွဲ့အစည်းကိုဦးဆောင်နေတဲ့အဖွဲ့အစည်းက ကျင့်သုံးပြဖို့လိုပါတယ်။

အဲဒါဟာအဖွဲ့အစည်းဆိုင်ရာတည်ငြိမ်မှုကို ရေရှည်မှာပိုအားကောင်းစေပြီး အဖွဲ့အစည်းထဲမှာကို ထိပ်ပိုင်းရောအောက်ခြေပါ လူပြိန်းကြိုက်ဝါဒကို ခုခံနိုင်စွမ်းရှိဖို့လိုပါတယ်။

အဲဒီအဖွဲ့ဝင်အားလုံးဟာ စိတ်ခံစားချက်အသားပေးဟောပြောမှုတွေ၊ ရေတိုလူ ပြိန်းကြိုက်မြှူဆွယ်မှုတွေနဲ့ “လှည့်ဖြားခြယ်လှယ်ခံရခြင်းသံသရာ” ကို တွန်းလှန်နိုင်ဖို့လည်း လိုပါတယ်။

အဲဒီအဖွဲ့ဝင်အားလုံးဟာ ပါတီစွဲနဲ့အစွန်းရောက်မှုတွေကို ရိုက်သွင်းနေတာထက် တရားဥပဒေစိုးမိုးရေး၊ တရားမျှတမှု၊ တန်းတူညီမျှမှုနဲ့ လူဂုဏ်သိက္ခာကို ထည့်တွက်တဲ့ခေါင်းဆောင်မှုဖြစ်လာအောင် ပိုတွန်းအားပေးရပါမယ်။

အဲဒီခေါင်းဆောင်ပိုင်းကို တရားဥပဒေစိုးမိုးရေး၊ တရားမျှတမှု၊ တန်းတူညီမျှမှုနဲ့ လူဂုဏ်သိက္ခာအပိုင်းမှာ တာဝန်ယူမှု၊တာဝန်ခံမှုရှိစေအောင် ဆောင်ရွက်နိုင်ဖို့လည်း လိုပါတယ်။

အဲဒီအဖွဲ့အစည်းအတွင်းမှာ အမှားအယွင်းတွေရှိလာတဲ့အခါ အပြန်အလှန်လက်ညှိုးထိုးနေမယ့်အစား အမှားကိုဝန်ခံပြတတ်ကြဖို့လည်း လိုပါတယ်။

အဲဒီလိုဝန်ခံရဲမှလည်း ပြင်ဆင်ဖို့ ကြိုး စားလာရဲမှာပါ။ တဖက်နှင့် တဖက်အမုန်းတရားများတွေ၊ ခွဲခြားဆက်ဆံမှုတွေထက် ဘုံတူညီတဲ့ရည်မှန်းချက်ကို အတူတကွလျှောက်လှမ်းနိုင်မှုဟာ နိုင်ငံရေးအရရင့်ကျက်မှုပြယုဂ်ပါ။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်ဟာ အမျိုးသားအကျိုးစီးပွားကို ရှေ့တန်းတင်မှု(Prioritizing National Interest)နဲ့ နိုင်ငံသားတာဝန်ဆိုတဲ့ နှစ်ချက်ကို အကောင်အထည်ဖော်ရာမှာ ပြည်သူလူထုကို “အစုလိုက်အပြုံလိုက်ပိတ်ပင်မှု(Mass restriction)”သဘောမျိုး မလုပ်မိဖို့လည်း လိုပါတယ်။

နိုင်ငံတည်ဆောက်ရေးဆိုတာဟာ ပြည်သူလူထုကို “အစုလိုက်အပြုံလိုက်ပြစ် ဒဏ်ပေးမှု(Collective Punishment)”မဟုတ်ဘူးဆိုတာကိုလည်း သတိပြုဖို့လိုပါတယ်။

ပြည်သူလူထုတရပ်လုံးရဲ့ရေရှည်အကျိုးစီးပွားကို အမြဲဦးစားပေးမှုဟာ မိမိတို့ရဲ့ပါတီအကျိုး၊ အဖွဲ့အစည်းအကျိုး၊ အာဏာအကျိုး၊ တကိုယ်ရေအကျိုးစီးပွားထက် ပိုအကောင်အထည်ဖော်ပေးရမယ့်အရာဆိုတာကို မိမိအဖွဲ့ဝင်တွေကို မကြာခဏအသိပေးနေဖို့ လိုပါတယ် ။

“ငါတို့ဘက်ကနိုင်ဖို့”ထက်“ပြည်သူလူ ထုနိုင်သွားဖို့” ဆိုတဲ့အမြင်က ပိုပြီးလူထု နဲ့တသားတည်းကျတာကို ဂရုပြုမိဖို့လိုပါတယ်။

နိုင်ငံသားတဦးချင်းစီရဲ့တာဝန်တဲ့လား

လူ့သဘာဝအရ ကိုယ့်အကျိုးစီးပွားကို ထိခိုက်လာရင် ကာကွယ်ချင်တဲ့စိတ်အလိုလို ရှိတတ်ကြပါတယ်။

တကယ်လို့ နိုင်ငံရေးဖြစ်စဉ်တွေဟာ ကိုယ့်အကျိုးစီးပွားနဲ့ တိုက်ရိုက်သက်ဆိုင်တာကို ဦးဆောင်နေတဲ့အဖွဲ့အစည်းက ပြည်သူလူထုကိုနားလည်အောင်စည်း ရုံးလာနိုင်ရင် အာရက္ခဒေသမှာဖြစ်နေတဲ့ မဖြစ်မနေစစ်မှုထမ်းရမယ့်ကိစ္စနဲ့ ထွက်ခွာခွင့်ကို အစုလိုက်အပြုံလိုက်ကန့်သတ်ထားတာတွေအတွက် အဖြေရှိပါတယ်။

အာရက္ခဒေသရဲ့နိုင်ငံရေးဖြစ်စဉ်တွေဟာ လူတဦးချင်းစီရဲ့အကျိုးစီးပွားနဲ့ တိုက်ရိုက်သက်ဆိုင်တာကို ပြောတဲ့အခါမှာ လူ့တဦးချင်းစီရဲ့အခွင့်အရေးနဲ့ ဂုဏ်သိက္ခာဟာ ဘာလဲဆိုတာကိုလည်း ပြောပြဖို့လိုပါတယ်။

တာဝန်ဆိုတာဟာ အမိန့်ကန့်သတ်ချက်ထက် အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ၊ ကိုယ်ချင်းစာမှုဆီကသာ မြစ်ဖျားခံသင့်တာပါ။

တာဝန်သိတဲ့ပတ်ဝန်းကျင်

အာရက္ခပြည်သူလူထုကို အာရက္ခနိုင်ငံရေးဖြစ်စဉ်တွေမှာ တက်ကြွစွာပါဝင်တာကို ဝန်ထုပ်ဝန်ပိုးအဖြစ် မဟုတ်ဘဲ တာဝန်အဖြစ် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်က ရှုမြင်စေချင်ပုံရပါတယ်။

အာရက္ခပြည်သူလူထုကို အဲလိုရှူမြင်ဖို့အတွက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်ကိုယ်တိုင်က ခေါင်းဆောင်မှုမှာ ရေရှည်အတွက်မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချမှတ်တာတွေ၊ အကျပ်အတည်းတွေကို ထိရောက်စွာစီမံခန့်ခွဲရာမှာ ဒီမိုကရက်စံနှုန်းကိုတွေကို မျက်ကွယ်မပြုဖို့ လိုပါတယ်။

အာရက္ခဒေသရဲ့နိုင်ငံရေးဖြစ်စဉ်တွေဟာ လူတဦးချင်းစီရဲ့အကျိုးစီးပွားနဲ့ တိုက်ရိုက်သက်ဆိုင်တာကို ပြည်သူလူ ထုပညာပေးမှုတွေ(Civic Education) ကတဆင့် ပိုမိုအားကောင်းအောင်လုပ်လာနိုင်ရင် နိုင်ငံရေးဟာ ပြည်သူလူထုအတွက် သူတို့ဘဝနဲ့တိုက်ရိုက်သက် ဆိုင်တယ်ဆိုတာကို ပိုနားလည်လာကြမှာပါ။

အာရက္ခပြည်သူလူထု လက်ရှိခံစားကြုံတွေ့နေကြရတဲ့ နိုင်ငံရေးဖြစ်စဉ်တွေဟာ ပြည်သူလူထုရဲ့အနာဂတ်နဲ့တိုက်ရိုက်ဆက်စပ်နေပါတယ်။

အဲဒါကြောင့် ပြည်သူလူထုကို “ဒါငါတို့ အမိန့်၊ဘာမှလာမပြောနဲ့နာခံရမယ်။” ဆို တဲ့ချဉ်းကပ်မှုထက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်ဟာ “လူထုရဲ့အနာဂတ်ကို လူထုကိုယ်တိုင်ဆုံးဖြတ်ခွင့်ရသင့်တယ်။” ဆိုတဲ့ ပတ်ဝန်းကျင်မျိုးကို ဖန်တီးဖို့လိုပါတယ်။

နိုင်ငံရေးအရရင့်ကျက်မှုဆိုတာဟာ နိုင်ငံရေးဗဟုသုတရှိတာလောက်ကို ခေါ်တာမဟုတ်ပါဘူး။

နိုင်ငံရေးဖြစ်စဉ်တွေမှာ တဦးတယောက်ချင်းစီရဲ့ပြုမူပုံ (အမူအကျင့်ဆိုင်ရာနဲ့အတွေးအမြင်)က ပိုအရေးကြီးတာပါ။

တခါတရံမှာ နိုင်ငံရေးအရဆန့်ကျင်ဘ က်ရှူဒေါင့်အမြင်တွေရှိလာရင်တောင် အဲဒီအပေါ်မှာ ဝေဖန်ဆန်းစစ်ပြမှုနဲ့ အပြုသဘောဆောင်တဲ့လုပ်ရပ်တွေကို ချီးကျူးနိုင်တဲ့ရင့်ကျက်မှုလက္ခဏာကိုလည်း ပြဖို့လိုပါတယ်။

တော်လှန်ရေးကာလဖြစ်လို့ နိုင်ငံရေးရင့်ကျက်မှု​ပိုလိုအပ်ပါတယ်။

အာရက္ခပြည်သူလူထုဟာ အထွေထွေအကျပ်အတည်းနဲ့ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကပ်ဘေးထဲမှာ အဆိုးဆုံးဒဏ်ကို ခံစားကြုံတွေ့နေကြရတာပါ။

အဲဒါကြောင့် တော်လှန်ရေးကာလဖြစ်လို့ နိုင်ငံရေးရင့်ကျက်မှုမလိုဘူးဆိုရင် ခမာနီတွေလို ပြည်သူလူထုကို “အစုလိုက်အပြုံလိုက်ပိတ်ပင်မှု(Mass restriction)နဲ့ “အစုလိုက်အပြုံလိုက်ပြစ်ဒဏ်ပေးမှု(Collective Punishment)” လုပ်မှာလားလို့ မေးစရာဖြစ်လာပါလိမ့်မယ်။

ပြီး။

PrevPrevious​သက်ငယ်မုဒိန်းကာကွယ်တားဆီးရေး ပညာပေးတာတွေ အာရက္ခအစိုးရလုပ်ဆောင်နေ
Next​အီရန်ရဲ့ငြိမ်းချမ်းရေးအဆိုပြုချက်ကို သမ္မတထရမ့်ပယ်ချNext
Previous Post

​သက်ငယ်မုဒိန်းကာကွယ်တားဆီးရေး ပညာပေးတာတွေ အာရက္ခအစိုးရလုပ်ဆောင်နေ

Next Post

​အီရန်ရဲ့ငြိမ်းချမ်းရေးအဆိုပြုချက်ကို သမ္မတထရမ့်ပယ်ချ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​ဂျာမနီအခြေစိုက် အမေရိကန်တပ်ဖွဲ့ဝင် ၅,၀၀၀ ပြန်လည်ရုပ်သိမ်းမယ်

May 2, 2026

​အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ၅ နှစ်အတွင်းပြည်သူ ၆,၀၀၀ နီးပါးသေဆုံး

May 2, 2026
ဓာတ်ပုံ - Southern Yesagyo

​ရေစကြိုမှာတော်လှန်ရေးတပ်တွေ တိုက်ခိုက်လို့ အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင် ၇ ဦးသေဆုံး

May 2, 2026

​အီရန်ကိုပိတ်ဆို့ဖို့ရက်ပေါင်း ၂၀ အတွင်း သင်္ဘော ၅၀ နီးပါးကိုအမေရိကန် လမ်းကြောင်းလွှဲခိုင်း

May 2, 2026

​ဂျာမနီအခြေစိုက် အမေရိကန်တပ်ဖွဲ့ဝင် ၅,၀၀၀ ပြန်လည်ရုပ်သိမ်းမယ်

​အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ၅ နှစ်အတွင်းပြည်သူ ၆,၀၀၀ နီးပါးသေဆုံး

​ရေစကြိုမှာတော်လှန်ရေးတပ်တွေ တိုက်ခိုက်လို့ အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင် ၇ ဦးသေဆုံး

​အီရန်ကိုပိတ်ဆို့ဖို့ရက်ပေါင်း ၂၀ အတွင်း သင်္ဘော ၅၀ နီးပါးကိုအမေရိကန် လမ်းကြောင်းလွှဲခိုင်း

​စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးသတ်ဖြတ်ခံရသူ ၂,၂၀၀ ကျော်ရှိလာ

​နေပြည်တော်မှာ ဝါးကားမှောက်လို့ လူ ၁၆ ဦး သေဆုံး

Releated Post

​ဂျာမနီအခြေစိုက် အမေရိကန်တပ်ဖွဲ့ဝင် ၅,၀၀၀ ပြန်လည်ရုပ်သိမ်းမယ်

May 2, 2026

​အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ၅ နှစ်အတွင်းပြည်သူ ၆,၀၀၀ နီးပါးသေဆုံး

May 2, 2026
ဓာတ်ပုံ - Southern Yesagyo

​ရေစကြိုမှာတော်လှန်ရေးတပ်တွေ တိုက်ခိုက်လို့ အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင် ၇ ဦးသေဆုံး

May 2, 2026

​အီရန်ကိုပိတ်ဆို့ဖို့ရက်ပေါင်း ၂၀ အတွင်း သင်္ဘော ၅၀ နီးပါးကိုအမေရိကန် လမ်းကြောင်းလွှဲခိုင်း

May 2, 2026
ဓာတ်ပုံ - KNU

​စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးသတ်ဖြတ်ခံရသူ ၂,၂၀၀ ကျော်ရှိလာ

May 2, 2026

​နေပြည်တော်မှာ ဝါးကားမှောက်လို့ လူ ၁၆ ဦး သေဆုံး

May 2, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page