Border News Agency
အီရန်၊ မေ ၃။
အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားတဲ့အစီအစဉ် အောင်မြင်ဖို့အတွက် ပြီးခဲ့တဲ့ ရက်ပေါင်း ၂၀ အတွင်းမှာ ကုန်တင်သင်္ဘော ၄၈ စီးကို လမ်းကြောင်းလွှဲခိုင်းခဲ့တယ်လို့ အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) က ထုတ်ပြန်လိုက်ပါတယ်။
ဒီလုပ်ရပ်ဟာ အမေရိကန်နဲ့ အစ္စရေးတို့ အီရန်နဲ့ စစ်ဖြစ်နေချိန်မှာ အီရန်နိုင်ငံဆီ ကုန်စည်နဲ့ လက်နက်ပစ္စည်းတွေ မရောက်အောင် တားဆီးပိတ်ဆို့ထားတဲ့ စစ်ဆင်ရေးရဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။
အမေရိကန်ရေတပ်ဟာ အီရန်ဆိပ်ကမ်းတွေကို ဝင်မယ့်သင်္ဘောတွေကို တင်းတင်းကျပ်ကျပ် စောင့်ကြည့်နေပြီး သတ်မှတ်ထားတဲ့ ပိတ်ဆို့မှုစည်းကမ်းတွေကို လိုက်နာဖို့အတွက် အခုလို လမ်းကြောင်းပြောင်းခိုင်းခဲ့တာပါ။
သမ္မတ ဒေါ်နယ်ထရမ့်ကတော့ အခုလို အမေရိကန်ရေတပ်ရဲ့ ပိတ်ဆို့မှုလုပ်ရပ်တွေကို ပင်လယ်ဓားပြတွေလိုပြုမူနေတာလို့ ဝေဖန်ထားပေမယ့် စစ်ဘက်ကတော့ စစ်ဆင်ရေးအရ ဆက်လက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
အီရန်နဲ့ စစ်ရေးတင်းမာမှုတွေကြောင့် ဒေသတွင်း ပင်လယ်ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းတွေမှာ အနှောင့်အယှက်တွေ ဖြစ်နေသလို နိုင်ငံတကာ ကုန်သွယ်မှုအပေါ်မှာလည်း ရိုက်ခတ်မှုတွေ ရှိနေပါတယ်။






