Border News Agency
စစ်ကိုင်း၊ မေ ၁၆။
နိုင်ငံတဝှမ်းမှာအာဏာသိမ်းစစ်တပ်ကြောင့် ၄ လကျော်ကာလအတွင်း ခြောက်ဆယ်ငါးနှစ်အထက် သက်ကြီးရွယ်အို ၄၃ ဦးသေဆုံးသွားခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှမေလ ၁၅ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်တာတွေအပါအဝင် အကြမ်းဖက်တာတွေကြောင့် သက်ကြီးရွယ်အို ၄၃ ဦးသေဆုံးသွားခဲ့တာပါ။
ဇန်နဝါရီလ ၁ ရက်မှ မေလ ၁၄ ရက်နေ့အထိ အသက် ၆၅ နှစ်အထက် အမျိုးသမီး ၂၉ ဦးနဲ့ အမျိုးသား ၁၄ ဦး၊ စုစုပေါင်း ၄၃ ဦး သေဆုံးခဲ့ရပြီး အမည်စာရင်းနဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအထဲမှာ လေကြောင်းတိုက်ခိုက်တာကြောင့် ၂၇ ဦး၊ လက်နက်ကြီးပစ်ခတ်တာကြောင့် ၁၁ ဦး သေဆုံးခဲ့သလို စစ်ကိုင်းတိုင်းမှာ ၁၁ ဦး၊ ပဲခူးတိုင်းမှာ ၉ ဦးနဲ့ သေဆုံးမှုအများဆုံးဒေသတွေဖြစ်တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းပြီးနောက် မေလ ၁၄ ရက်နေ့အထိ စစ်တပ်နဲ့ လက်ပါးစေတွေကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ ပြည်သူ စုစုပေါင်း ၈၀၄၄ ဦးရှိခဲ့ပြီဖြစ်တယ်လို့ AAPP ကဆိုပါတယ်။






