Border News Agency
မိုင်းရူး၊မေ ၁၇။
ရှမ်းပြည်တောင်ပိုင်း၊မိုင်းရှူးမြို့နယ်ဉမိုင်းရှူး-မိုင်းစံဒေသ သံလွင်မြစ်အနီးမှာ တရားမဝင် ဝင်ရောက်နေထိုင်တဲ့ တရုတ်နိုင်ငံသား ၁၈ ဦးနဲ့အတူအွန်လိုင်းလိမ်လည်မှုလုပ်ငန်းသုံး အဆောက်အအုံတွေကို မေလ ၁၅ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်ကထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့လုံခြုံရေးပူးပေါင်းအဖွဲ့ဟာ သံလွင်မြစ်အနောက်ဘက်ကမ်းတလျှောက် ရှာဖွေစစ်ဆေးရာမှာ မေလ ၁၅ ရက်၊မနက် ၉ နာရီခွဲခန့်က လွယ်ဆောင်ထောက်ကျေးရွာအနီး သံလွင်မြစ်ဘေးမှာ တရားမဝင် တရုတ်အမျိုးသား ၁၈ ဦးကို ဖမ်းဆီးရမိခဲ့တာလို့ဆိုပါတယ်။
အဲဒီအပြင် မနက်၁၁ နာရီခန့်မှာ ဟိုပုံကျေးရွာအနီးသံလွင်မြစ်ကမ်းဘေးမှာ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေ လုပ်ကိုင်ရာမှာ အသုံးပြုပြီး ဖျက်ဆီးထားတဲ့ လူနေဆောင် ၂ လုံး၊လုပ်ငန်းသုံးတဲ ၁ လုံး၊ ဝါးတဲ ၃၀ လုံးနဲ့ စားချက်ဆောင် ၁ လုံးတို့ကို ထပ်မံတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီ ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသားတွေကို လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး ဥပဒေအရ အရေးယူနိုင်ဖို့နဲ့ နောက်ကွယ်က ပတ်သက်သူတွေကို ဖော်ထုတ်ဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။











