Border News Agency
ကျေးသီး၊ ဩဂုတ် ၁၆။
ရှမ်းပြည်တောင်ပိုင်း၊ကျေးသီးမြို့နယ်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)ရဲ့ ၅၅ နှစ်မြောက် ပါတီတည်ထောင်ခြင်းကို ဩဂုတ်လ ၁၆ ရက်၊ဒီနေ့ကျင်းပခဲ့ပါတယ်။
အဲဒီမှာတာဝန်ရှိသူတွေ၊စစ်ကြောင်းတွေနဲ့ ပြည်သူတွေအပါအဝင် နှစ်ထောင်တရာငါးဆယ့်ငါးဦး တက်ရောက်ခဲ့ကြပါတယ်။
အဲဒီဒုတိယဗိုလ်ချုပ်ကြီး ထိန်မိုင်း က အဖွင့်စကားပြောပြီး SNLD ပါတီသဝဏ်လွှာကိုလည်း ဖတ်ခဲ့ပါတယ်။
အဲဒီအပြင်အထိမ်းအမှတ်အဖြစ် တာဖာဆောင်တံတားသစ်ဖွင့်ခဲ့သလို သံဃာတော်တွေကိုလည်းဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြပါတယ်။
SSPP/SSA ကို လွန်ခဲ့တဲ့ ၁၉၇၁ ခုနှစ်၊ဩဂုတ်လ ၁၆ ရက်နေ့မှာ စတင်ဖွဲ့စည်း တည်ထောင်ခဲ့တာဖြစ်ပါတယ်။







































