Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

လူထုကို ဖိနှိပ်ထားချင်တဲ့ တိဂရေးနစ်တွေ

Author picture

By

Swe Zin Htike
Reading Time: 4 mins read
0
A A
0
SHARES
5
VIEWS
Share on FacebookShare on Twitter

​Border News Agency
မြောက်ဦး၊ ဩဂုတ် ၁၆။

​လူမှုရေး၊နိုင်ငံရေးနယ်ပယ်မှာ Tone Policing ဆိုတဲ့ သဘောသဘာဝတခု ရှိပါတယ်။ ပြဿနာတခု၊မညီမျှမှုတခု၊လိုအပ်ချက်တခုကို မသိကျိုးကျွံပြုထားချင်တဲ့အခါ အဲဒီပြဿနာ၊မညီမျှမှု၊လိုအပ်ချက်ကိုထောက်ပြသူ ဒါမှမဟုတ် ထောက်ပြတဲ့အသံကို တလွဲကောက်ချက်(Logical Fallacy)ပြီး ပြန်ထိုးနှက်တိုက်ခိုက်တဲ့သဘောပါ။

​တချို့ကလည်း ဒရာဗိုဗျူဟာ (DARVO Strategy – Deny, Attack, and Reverse Victim and Offender)လည်း လွယ်လွယ်ခေါ်ကြပါတယ်။

​ပြဿနာကို (Deny) ငြင်းဆန်ပါမယ်။ ဒါမှမဟုတ် အဲလောက်လည်းမဟုတ်ပါဘူးဆိုပြီး ပြောပါမယ်။

​ပြီးရင် (Attack)တိုက်ခိုက်ပါမယ်။ ထောက်ပြသူ၊ထောက်ပြချက်ရဲ့စေတနာ ဒါမှမဟုတ် အကျင့်စာရိတ္တကို တိုက်ခိုက်ပါမယ်။

​(Reverse Victim & Offender)ကျူးလွန်သူနဲ့ နစ်နာသူနေရာချင်းပြောင်းပါမယ်။ ဒုက္ခရောက်နေသူကို တရားခံလုပ်ပါမယ်။ မတရားလုပ်သူက နစ်နာသူအဖြစ် ဒါမှမဟုတ် ကယ်တင်ရှင်အဖြစ်ဟန်ဆောင်မယ်ဆိုတဲ့ သဘောမျိုးပါ။

​တကယ်လို့လူ့အဖွဲ့အစည်းတခုမှာ အားနည်းသူတွေ၊မတူကွဲပြားတဲ့သူတွေ၊ထိခိုက်ခံရသူတွေက အဲဒီလိုခံစားချက်တွေရှိနေပြီဆိုရင် အဲဒီလူ့အဖွဲ့အစည်းထဲမှာ ဖိနှိပ်မှုစနစ်တွေနဲ့ မညီမျှမှုတွေအမြစ်တွယ်နေပြီဆိုတဲ့ သဘောလည်း ဆောင်နေပါတယ်။

​ဘာကြောင့်ဒီလို Tone Policing တွေ၊ဒရာဗိုတွေရှိနေရသလဲဆိုရင် အသာစီးရထားတဲ့အုပ်စု ဒါမှမဟုတ် အာဏာပိုင်အုပ်စုတွေက တာဝန်ယူမှုကိုရှောင်လွှဲလိုတာကြောင့်ပါ။

​ပြဿနာကို အမှန်အတိုင်းဝန်ခံလိုက်ရင် စနစ်ကိုပြင်ရတော့ပါမယ်။ အခွင့်ထူးတွေ၊အကျိုးစီးပွားတွေကို စွန့်လွှတ်ရပါတော့မယ်။

​အဲဒါကြောင့် ပြဿနာကိုမဖြေရှင်းဘဲ “ထောက်ပြသူ”ကို ပြန်ပစ်မှတ်ထားလိုက်တာဖြစ်ပါတယ်။

​သူတို့ကပဲ ပုံရိပ်ကောင်းရယူမှု (Moral High Ground)ကို လက်ဦးအောင်အရင်လုပ်ထားကြပါသေးတယ်။

​တာဝန်ယူမှုကိုရှောင်လွှဲလိုသူတွေကပဲ “ငါတို့က စည်းလုံးရေးနဲ့ ငြိမ်းချမ်းရေးကို လိုလားသူတွေပါ။”ဆိုတဲ့ ပုံရိပ်ကို ယူလိုက်ပြီး မညီမျှမှုကို ထောက်ပြသူကိုတော့”ငြိမ်းချမ်းရေး ဖျက်ဆီးသူ၊ညီညွတ်ရေးကို ဖျက်ဆီးသူ၊သစ္စာ
ဖောက် ဘာညာ” အဖြစ် ပြန်စွပ်စွဲမှုတွေ၊ခြိမ်းခြောက်မှုတွေ၊အန္တရာယ်တွေကိုပြုကြပါသေးတယ်။

​ခေတ်သစ်ဖြစ်ရပ်တွေ

​၁၉၆၀ ပြည့်လွန်ကာလတွေမှာ အမေရိကန်ပြည်ထောင်စုမှာ ဒေါက်တာမာတင်လူသာကင်း ဂျူနီယာ (Dr. Martin Luther King Jr)တို့ရဲ့ လူမည်းအခွင့်အရေးလှုပ်ရှားမှု (Civil Rights Movement) တွေ ပေါ်ထွက်လာပါတယ်။လှုပ်ရှားမှုတွေဟာ အကြမ်းမဖက်ငြိမ်းချမ်းတဲ့နည်းနဲ့ ဆန္ဒပြကြတာပါ။

​အဲဒါကိုအာဏာပိုင်တွေနဲ့ တချို့လူဖြူတွေက လူမည်းတွေကို”တည်ငြိမ်ရေးကို ဖျက်ဆီးသူ”၊”ဆူပူသောင်းကျန်းသူ” လို့ စွပ်စွဲပါတော့တယ်။

​အဲဒါဟာမမျှတတဲ့စနစ်ကြောင့် ထိခိုက်ခံရသူတွေကို Tone Policing လုပ်တာပါပဲ။ ဘာကြောင့်လူမည်းတွေ ခုလို တောင်းဆိုရလဲဆိုတဲ့ ဇစ်မြစ်ကိုရှောင်လွှဲပြီး မညီမျှမှုကြောင့်ထိခိုက်ကြောင်း အသံထွက်လာတဲ့အခါ အဲဒီအသံကို အပြစ်ရှာတာပါပဲ။

​အဲဒီလိုနဲ့လူမည်းတွေကို ဆူပူတယ်လို့ အကြောင်းပြချက်နဲ့ ထောင်ထဲထည့်ခဲ့ပါတယ်။

​ဗြိတိန်မှာလည်း စကော့တလန်ဘက်က ကိုယ်ပိုင်အုပ်ချုပ်ရေးပိုမိုရရှိဖို့အတွက် အရေးဆိုလာတဲ့အခါ Great Britain ဝါဒီတွေက အမျိုးမျိုးအပုပ်ချခဲ့တာပါပဲ။

​ကနေဒါမှာလည်းဌာနေတိုင်းရင်းသားတွေက မြေယာရပိုင်ခွင့်နဲ့ အတိတ်ကဖိနှိပ်ခံခဲ့ရတာတွေကို ထုတ်ဖော်ကြတဲ့အခါ အစိုးရနဲ့အချို့လူအများစုတွေက”အတိတ်က အကြောင်းတွေကိုမတူးဆွပါနဲ့၊နိုင်ငံတော်ညီညွတ်ရေးအတွက် ရှေ့ဆက်ကြစို့” ဆိုတဲ့ စကားလုံးတွေနဲ့ရှောင်ဖယ်ကြပါတယ်။

​တကယ်ဇစ်မြစ်ကိုရှောင်လွဲပြီး ဌာနေတိုင်းရင်းသားတွေရဲ့ဇာတိဂုဏ်အရ တန်ဖိုးထားတဲ့ယဉ်ကျေးမှုတွေကို “ပုဆိန်ကပွဲတွေက ဆူညံတယ်။”ဆိုတဲ့ သဘောမျိုးပြောကြပါတယ်။

​တောင်အာဖရိကမှာလည်း လူဖြူအစိုးရကို လူမည်းတွေက အခွင့်အရေးတောင်းဆိုတော့”အကြမ်းဖက်သူတွေ၊ ခွဲထွက်ရေးသမားတွေ” လို့ ပုံရိပ်တပ်ပြီးဖိနှိပ်ခဲ့ပါတယ်။

​ဒါပေမယ့် စောစောကပြောခဲ့တဲ့ နိုင်ငံတွေမှာ ဒီမိုကရက်တစ်ယဉ်ကျေးမှုတွေရှိတာကြောင့် ပြဿနာရဲ့ဇစ်မြစ်ကို တနည်းမဟုတ်တနည်းနဲ့ချပြခွင့်က လူထုမှာရှိနေကြပါတယ်။

​အဲဒီတော့တဖက်က ဒါကိုငါတို့ပြုပြင်ရပါမယ်။ ဖိနှိပ်ထား၊မျက်ကွယ်ပြုထားလို့မရဘူးဆိုတဲ့ နိုင်ငံရေးစိတ်ဆန္ဒကို တွန်းအားဖြစ်စေခဲ့ပါတယ်။

​နိုင်ငံရေး စိတ်ဆန္ဒကသာ အဓိက

​ဒီနေရာမှာ တချို့ဒရာဗိုတွေမှာ ရယ်စရာကောင်းတာတခုရှိပါတယ်။ အရေးပေါ် အခြေအနေဖြစ်နေလို့၊ပြဿနာဖြစ်နေလို့ ဒါတွေကိုမဖြေရှင်းနိုင်သေးဘူးဆိုတဲ့ စကားနဲ့ငြင်းပယ်ကြတဲ့အချက်ပါ။

​ဒီမိုကရက်တစ်တန်ဖိုးလို့ပြောလာရင် တခါတည်းနတ်ရေကန်ထဲချလိုက်ပြီး နေ့ချင်းညချင်းအရှင်မွေးလာတဲ့ ဒီမိုကရက်တစ်အင်စတီကျူးရှင်းတွေရှိရမယ်လို့ ထင်နေကြသလားမသိပါဘူး။

​နောက်ပြီးဒီမိုကရက်တစ်တန်ဖိုးဆိုတာ အဲဒီလို အရေးပေါ် အခြေအနေ ဖြစ်နေလို့၊ပြဿနာတွေကို ဖြေရှင်းဖို့အတွက် တပြိုင်နက်တည်း တည်ဆောက်နေရတာဆိုတာကိုလည်း နားလည်ကြပုံမပေါ်ပါဘူး။

​သူတို့ရဲ့သဘောက “ဒီရောဂါဖြစ်နေသေးလို့ ဟိုရောဂါလက္ခဏာပြလာတာကို မကုနိုင်သေးဘူး။ ဆေးမသောက်သေးဘူး။” ဆိုတဲ့သဘောပါပဲ။

​အဲဒီသဘောကို နိုင်ငံရေးစိတ်ဆန္ဒနဲ့ ကြည့်ရင် အမှန်တကယ် ရောဂါပျောက်ချင်၊ကျန်းမာသန်စွမ်းချင်ရင်တော့ လောလောဆယ်မှာ ရောဂါကိုမကုနိုင်သေးရင်တောင် အဲဒီရောဂါရှိကြောင်းကိုတော့ဝန်ခံမှာပါ။

​အဲဒီလိုရောဂါရှိကြောင်း လူထုရဲ့ပြောဆိုဝေဖန်သံတွေကိုလည်းပြန်ပြီး ဒရာဗိုတွေ၊ Tone Policing တွေ လုပ်နေမှာ မဟုတ်ပါဘူး။

​အာမေးနီးယားဘုရင် တိဂရေးနစ် (Tigranes the Great)

​အာမေးနီးယားဘုရင်တိဂရေးနစ်ဟာ စစ်ပွဲတွေကိုတောက်လျှောက်နိုင်ခဲ့ပြီး သူကိုယ်သူတော်တော်ကြီးကို မာန်မာနထူခဲ့တဲ့ဘုရင်ပါ။

အာမေးနီးယားနဲ့ရောမကြားမှာ တင်းမာမှုတွေရှိလာတော့ ရောမလွှတ်တော်က ရောမစစ်သူကြီးလူကူးလပ်စ်ကို တိုက်ဖို့ လွှတ်လိုက်ပါတယ်။

ရောမတပ်တွေချီတက်လာတော့ သံတော်ဆင့်တဦးက ဘုရင်တိဂရေးနစ်ထံကို လျှောက်တင်ပါတယ်။

တိဂရေးနစ်က သူ့ဆီသတင်းဆိုးလာပြောရမလားဆိုပြီး စိတ်ဆိုးကာ သတင်းပေးတဲ့သံတော်ဆင့်ကို ကွပ်မျက်လိုက်ပါတယ်။

​အဲဒီတော့နောက်ဘယ်သူမှရောမစစ်တပ်အကြောင်း မဟဝံ့တော့ပါဘူး။ ဒီလိုနဲ့ ဘုရင်တိဂရေးနစ်ဟာ အထိနာပါတော့တယ်။

​ရောမလွှတ်တော်က ရောမစစ်သူကြီးလူကူးလပ်စ်နေရာမှာ စစ်သူကြီးပွန်ပီနဲ့ နေရာလဲလိုက်တဲ့အခါ ပွန်ပီက တိဂရေးနစ်ကို အပြင်းအထန်တိုက်ပါတော့တယ်။

​နောက်ဆုံးတိဂရေးနစ်ဟာ ပွန်ပီထံအညံ့ခံပြီး ရောမရဲ့လက်အောက်ခံ ဘုရင်ဘဝကိုရောက်ခဲ့ရပါတယ်။

​တရုတ် ဟန်ဧကရာဇ်ဘုရင် (Emperor Wu of Han)

​ဟန်မင်းဆက် (Han Dynasty) ကာလ ဘီစီ ၉၉ လောက်မှာ စစ်သူကြီးလီလင်း (Li Ling) ဟာ ဇီယွန်နူ (Xiongnu) လူမျိုးတွေနဲ့တိုက်ပွဲဖြစ်ပါတယ်။

​ဇီယွန်နူတွေဘက်က လူအင်အားသာလွန်တာကြောင့် စစ်သူကြီးလီလင်းဟာအဖမ်းခံရပါတယ်။

​အဲဒီသတင်းကိုကြားတော့ ဟန်ဧကရာဇ်ကဒေါသထွက်ပြီး လီလင်းအပေါ် အပြစ်တင်ပါတော့တယ်။ ဒီအချိန်မှာ စီမာကျန်း (Sima Qian) ဆိုတဲ့ အမတ်ကထပြောပါတယ်။

​ဟန်ဧကရာဇ်ဘက်က စစ်ကူအချိန်မီမလွှတ်လို့ လီလင်း ခုလိုအဖမ်းခံရတာလို့ပြောတော့ ဟန်ဧကရာဇ်က ပေါက်ကွဲပါတော့တယ်။​ သူ့ကိုအဲလိုထောက်ပြရမလားဆိုပြီး စီမာကျန်းကို သင်းကွပ်ပစ်လိုက်ပါတော့တယ်။

​သမိုင်းက ဘာကိုပြနေသလဲ

​အာမေးနီးယားဘုရင် တိဂရေးနစ် (Tigranes the Great) ကတော့ ကိုယ့်အလှည့်ရောက်လာတဲ့အခါ၊ ကိုယ်ရှုံးတဲ့အခါ “ပွန်ပီလိုလူထံ ရှုံးရတာ ဂုဏ်ရှိတယ်။”ဆိုတဲ့ စကားမျိုးကိုပြောခဲ့ပါတယ်။

​တရုတ်ဟန်ဧကရာဇ်အတွက်လည်း ဆုံးရှုံးမှုကကြီးမားခဲ့ပါတယ်။ ဒါပေမယ့် တရုတ်ဟန်ဧကရာဇ်က တိဂရေးနစ်ထက်စာရင် ပိုခံသာပါသေးတယ်။

​ဘီစီ ၈၉ မှာ တရုတ်ဧကရာဇ် ဟန်ဘုရင်က သူ့ရဲ့ အမှားတွေအတွက် နောင်တစကား (Luntai Edict of Repentance) အမိန့်ပြန်တမ်းထုတ်ပြီး သူ့အမှားကို ပြည်သူတွေရှေ့မှာ ဝန်ခံခဲ့ပါတယ်။​

အဲဒါမျိုးက တရုတ်သမိုင်းမှာ အလွန်ရှားပါးတဲ့ဖြစ်စဉ်လည်း ဖြစ်ပါတယ်။

​လူထုကို ဖိထားချင်တဲ့ တိဂရေးနစ်တွေ

​မြန်မာ့နိုင်ငံရေးတလျှောက် ရခိုင်နိုင်ငံ ရေးအခင်းအကျင်းဟာ မြန်မာအာဏာ ပိုင်တွေရဲ့ Tone Policing တွေ၊ ဒရာဗိုတွေကို အကြိမ်ကြိမ် ခံဖူးခဲ့ပါတယ်။

​ရခိုင်လူထုအတွက်တော့ ခံရတဲ့ ဒဏ်က ဆိုဖွယ်ရာ မရှိတော့ပါဘူး။​လက်ရှိ ရခို င်ဒေသထဲမှာတော့ အုပ်ချုပ်သူအပြော င်းအလဲတွေ ရှိလာပါတယ်။

​တချိန်က Tone Policing တွေ၊ဒရာဗိုတွေ ဒဏ်ကိုခံဖူးထားတဲ့သူတွေဟာ ခုတော့လူထုကိုပြန်ပြီး Tone Policing တွေ၊ဒရာဗိုတွေ ပြန်လုပ်လာတာတွေရှိနေပါတယ်။

​ဘက်ပေါင်းစုံက အကျပ်အတည်းဖြစ်နေတဲ့ လူ့အဖွဲ့အစည်းတခုကို သူတို့ရဲ့အသံတွေထွက်ခွင့်ပေးရမှာပါ။

​အဲဒီအသံတွေကို နားခါးတယ်။ မခါးဘူးဆိုတာဟာ လက်ရှိနယ်မြေကို ထိန်းချုပ်ထားသူတွေရဲ့ ဒီမိုကရက်တစ်တန်ဖိုးကို ဘယ်လောက်နားလည်သလဲဆိုတာနဲ့ ဆိုင်ပါတယ်။

​အာမေးနီးယားဘုရင် တိဂရေးနစ်ရော၊တရုတ်ဧကရာဇ် ဟန်ရော အမှန်တရားခါးတယ်ဆိုပြီး မျက်ကွယ်ပြုခဲ့တဲ့အပြင် အမှန်ကိုပြောတဲ့သူတွေကိုပါ ခြိမ်းခြောက်ဖိနှိပ်ပစ်ခဲ့ပါသေးတယ်။

တရုတ်ဧကရာဇ် ဟန်ကတော့ သူ့အမှားသူပြန်မြင်ခဲ့ပါတယ်။ တိဂရေးနစ်ကတော့…။

​လူထုနဲ့ ကိုယ့်အဖွဲ့အစည်းအပေါ် တိဂရေးနစ်တွေ ဆန်လာပြီး Tone Policing တွေ၊ဒရာဗိုတွေလုပ်တာ ရေရှည်အနာဂတ်အတွက် သိပ်မကောင်းနိုင်ပါဘူး။

​ကိုးကား…

Tone Policing

https://en.wikipedia.org/wiki/Tone_policing

DARVO

https://en.wikipedia.org/wiki/DARVO

တိဂရေးနစ်ဘုရင်

https://en.wikipedia.org/wiki/Tigranes_the_Great

ဧကရာဇ်ဟန်

https://en.wikipedia.org/wiki/Emperor_Wu_of_Han

စီမာကျန်း

https://en.wikipedia.org/wiki/Sima_Qian

ဟန်ဧကရာဇ်ဝန်ချအမိန့်

(Luntai Edict of Repentance)

https://en.minghui.org/html/articles/2020/1/9/182105.html
PrevPreviousကျေးသီးမှာကျင်းပတဲ့ SSPP/SSA ၅၅ နှစ်မြောက်
Nextချင်းတပ်ဖွဲ့ဗဟိုကော်မတီဝင်အပါအဝင် သုံးဦးလုပ်ကြံခံရမှု အမှုမှန်ပေါ်ရေးဆောင်ရွက်မယ်Next
Previous Post

ကျေးသီးမှာကျင်းပတဲ့ SSPP/SSA ၅၅ နှစ်မြောက်

Next Post

ချင်းတပ်ဖွဲ့ဗဟိုကော်မတီဝင်အပါအဝင် သုံးဦးလုပ်ကြံခံရမှု အမှုမှန်ပေါ်ရေးဆောင်ရွက်မယ်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - AA

ပုဏ္ဏားကျွန်း ယိုးငူစစ်ရှောင်စခန်းကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ခြောက်ဦးသေဆုံး

October 4, 2026
ဓာတ်ပုံ - BNA

ပုဏ္ဏားကျွန်းရှိ စစ်ရှောင်စခန်းကိုစစ်တပ် လေကြောင်းတိုက်ခိုက်လို့ ခြောက်ဦးသေဆုံး

October 4, 2026

ကျောက်တော်လေကြောင်းတိုက်ခိုက်ခံရမှု ဦးဆောင်အဖြေရှာရေးကူညီဖို့ အာဆီယံဥက္ကဋ္ဌပြော

October 4, 2026
ဓာတ်ပုံ - BNA

အာရက္ခဒေသကမြို့နယ်အချို့မှာ ပြင်းအား ၄ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခဲ့

October 4, 2026

ရသေ့တောင်ကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးသေဆုံးပြီး တဆယ့်သုံးဦးဒဏ်ရာရ(ဓာတ်ပုံသတင်း)

​ပုဏ္ဏားကျွန်းမှာ ဆယ်နှစ်အရွယ်မိန်းကလေးကို ဦးလေးဖြစ်သူက အဓမ္မပြုကျင့်

မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်

ပုဏ္ဏားကျွန်းမှာ လေယာဉ်လှမ်းကြည့်ရာမှ ရေထဲပြုတ်ကျပြီး အမျိုးသားတဦးသေဆုံး

အာရက္ခအစိုးရရဲ့ဌာနအချို့မှာ ဝန်ထမ်းတွေခန့်အပ်ဖို့ခေါ်ယူနေ

ဂန့်ဂေါမှာ အာဏာသိမ်းတပ်သားနှစ်ဦး လက်နက်တွေနဲ့အလင်းဝင်

Releated Post

ဓာတ်ပုံ-AA

ရသေ့တောင်ကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးသေဆုံးပြီး တဆယ့်သုံးဦးဒဏ်ရာရ(ဓာတ်ပုံသတင်း)

October 3, 2026

​ပုဏ္ဏားကျွန်းမှာ ဆယ်နှစ်အရွယ်မိန်းကလေးကို ဦးလေးဖြစ်သူက အဓမ္မပြုကျင့်

October 3, 2026
ဓာတ်ပုံ - HKL

မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်

October 3, 2026

ပုဏ္ဏားကျွန်းမှာ လေယာဉ်လှမ်းကြည့်ရာမှ ရေထဲပြုတ်ကျပြီး အမျိုးသားတဦးသေဆုံး

October 3, 2026

အာရက္ခအစိုးရရဲ့ဌာနအချို့မှာ ဝန်ထမ်းတွေခန့်အပ်ဖို့ခေါ်ယူနေ

October 3, 2026
ဓာတ်ပုံ - ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)

ဂန့်ဂေါမှာ အာဏာသိမ်းတပ်သားနှစ်ဦး လက်နက်တွေနဲ့အလင်းဝင်

October 3, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page