Border News Agency
ကျိုက်ဒုံ၊ မေ ၂၆။
ဒူးပလာယာခရိုင်၊ ကျိုက်ဒုံမြို့အဝင် နို့တကောမြို့နယ်ထဲကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက မေလ ၂၆ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီနို့တကောမြို့နယ်ထဲကို မေလ ၂၄ ရက်၊ နေ့လည် ၁၂ နာရီအချိန်မှာ အာဏာသိမ်းစစ်တပ်ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
အဲဒီလိုလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီး ၃ ဦး သေဆုံးခဲ့ရပြီး အသက် ၁၆ နှစ်အရွယ် မိန်းကလေးတဦး အပါအဝင် ၂ ဦးလည်းဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင်အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတွေရဲ့ လူနေအိမ် ၂ လုံးနဲ့ အိမ်စီးကား ၁ စီးလည်း ပျက်စီးသွားခဲ့ရတယ်လို့ဆိုပါတယ်။







