Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် သတင်း အာရက္ခဒေသ

မြေယာ၊ပဋိပက္ခများနှင့်ကုလသမဂ္ဂ ၂။

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
8
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊မေ ၂၇။

အပိုင်း(ဂ)ကုလသမဂ္ဂ၏စနစ်ယန္တရား

မိတ်ဆက်

ကုလသမဂ္ဂ၏ပဋိညာဉ်အရ ကုလသမဂ္ဂ၏အဓိကဦးတည်ချက်မဏ္ဍိုင်သုံးရပ်မှာ…။

  • ၁။နိုင်ငံတကာငြိမ်းချမ်းရေးနှင့်နိုင်ငံတကာလုံခြုံရေးခိုင်မြဲရန်။
  • ၂။စီးပွားရေးရှင်သန်အထမြောက်ရန်၊ လူမှုရေးတိုးတက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးများရရှိရန်။
  • ၃။လူ့အခွင့်အရေးအား လေးစားတန်ဖိုးထားကာကွယ်ရန်များဖြစ်သည်။

ဤမှတ်စုတွင် ဖေါ်ပြထားချက်များမှာ မြေနှင့်ပဋိပက္ခများအပေါ် ကုလသမဂ္ဂ၏ကျယ်ပြန့်သောယန္တရာများ၏ညှိနှိုင်းစေ့စပ်ဆောင်ရွက်မှုများမှရရှိလာသော အချက်များကို စုဆောင်းတင်ပြထားခြင်းဖြစ်သည်။

ထိုသို့စုဆောင်းရာတွင် မြေနှင့်ပဋိပက္ခများအပေါ် ခိုင်မာသောမူဝါဒအထိုင်နှင့် အရေးပါသော ဦးတည်ချက်လားရာများကို အခိုင်အမာပြု၍ စုဆောင်းထားခြင်းဖြစ်ပြီးကုလသမဂ္ဂ၏မဏ္ဍိုင်သုံးရပ်ကို ရှေးရှူကာဖေါ်ပြထားခြင်းဖြစ်သည်။

ဥတုရာသီပြောင်းလဲမှု၊လူဦးရေမွေးဖွားထူထပ်များပြားလာမှု၊စားနပ်ရိက္ခာဖူလုံမှုလိုအပ်လာမှု၊ရွေ့ပြောင်းဝင်ရောက်သောလူဦးရေများပြားလာမှုနှင့်လူနေထိုင်မှုသည် မြို့ပြအဆင့်ထိ တိုးတက်လာမှုများကြောင့် မြေနှင့်ပတ်သက်၍ ပြိုင်ဆိုင်ရယူမှုများ ပဋိပက္ခများ ပိုမိုများပြားနေသည်။

ထိုသို့မြေအရင်းအမြစ်နှင့်ပတ်သက်၍ ပြဿနာများသည် နိုင်ငံတကာလုံးဆိုင်ရာ၊တကမ္ဘာလုံးဆိုင်ရာ၊နိုင်ငံတခုချင်းဆိုင်ရာနှင့်ဒေသဆိုင်ရာအဆင့်များထိ ရင်ဆိုင်နေရသည်။

လက်နက်ကိုင်ပဋိပက္ခများနှင့်လူ့အခွင့် အရေးချိုးဖောက်မှုများကြားတွင် မြေအရင်းအမြစ်နှင့်သက်ဆိုင်မှုရှိသည့် အချက်အလက်အထောက်အထားများသ ည်လည်း များပြားလာနေသည်။

ပဋိပက္ခများနှင့်ပတ်သက်၍ မြေသည် အဓိကပြဿနာဖြစ်သည်ဟူသောရှူမြင်မှုများသည်လည်း ရှိလာသည်။ မြေသည်ပဋိပက္ခများကို ခွဲခြမ်းစိတ်ဖြာရန်နှင့် ပဋိပက္ခများကို ဆန်းစစ်ရန်အတွက်လည်း အရေးပါသောစံတခုဖြစ်သည်။

လက်တွေ့ဆောင်ရွက်ရသည့် မြေပြင်အရှိတရားများမှရရှိသောအထောက်အထားများက မြေနှင့်ပတ်သက်၍ဖြေရှင်းနိုင်လျှင် ရေရှည်တည်တံ၍အချိန်ကြာမြင့်သော ငြိမ်းချမ်းရေးရလဒ်ကို ရရှိစေကြောင်း ဖေါ်ပြနေသည်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်များ၏၂၀၃၀ စဉ်ဆက်မပြတ်ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်(SDGs)သို့ရောက်ရှိရန်အတွက် ထောက်ပံမှုပေးရန်မှာ ကုလသမဂ္ဂအနေဖြင့် စွမ်းဆော င်ရည်၊မဟာဗျူးဟာနှင့်မိတ်ဖက်အဖြစ်ပါဝင်ဆောင်ရွက်မှုများကို လိုအပ်သ ည်။

ကုလသမဂ္ဂ၏၂၀၃၀စဉ်ဆက်မပြတ်တည်တံသောဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်သည်အရေးပါပြီး မြေနှင့်ပတ်သက်သော အညွှန်းကိန်းများကို ဖေါ်ပြနေ သည်။

ထိုအညွှန်းကိန်းများသည် သက်ဆိုင်ရာ နိုင်ငံအလိုက် ပြည်သူ့လူထုဆိုင်ရာ ပြန် လည် သုံးသပ်မှုများကိုလည်း အထောက်အပံဖြစ်စေမည်ဖြစ်သည်။

ဇယား – ၁ မြေနှင့်ပတ်သက်သော ဖွင့်ဆိုချက်နှင့်သဘောထား

မြေနှင့်ပတ်သက်၍သဘောထားအားကျယ်ပြန့်စွာ အဓိပ္ပါယ်ဖွင့်ဆိုရလျှင်…။

  • ၁။မြေသည် ကမ္ဘာကြီး၏မျက်နှာသွင်ပြင်ဖြစ်သည်။ မြေအောက်တွင် တွင်း ထွက်ပစ္စည်းများပါဝင်နေသည်။ မြေ၏ အပေါ်တွင် လေထုရှိပြီး မြေနှင့်ထိကပ်စွဲမြဲနေသော အရာများရှိသည်။မြေတွင် အဆောက်အအုံများ၊အရင်းအမြစ်သံ ယံဇာတများ ပါဝင်သည်။ နိုင်ငံရေး၊စီးပွားရေး၊ယဉ်ကျေးမှု၊စိတ်ဝိညာဉ်ပိုင်းဆိုင်ရာတန်ဖိုးများနှင့်အမှတ်သင်္ကေတဆိုင်ရာ တန်ဖိုးများရှိသည်။
  • ၂။မြေသည် ထုတ်ကုန်ထုတ်လုပ်ခြင်း၊ လှဲလှယ်မှုဖလှယ်မှုစသည့် ကုန်သွယ်ရောင်းဝယ် ဖေါက်ကားခြင်းနှင့်ထပ်ဆင့်ကုန်ထုတ်လုပ်ခြင်းများအတွက်ဆက် နွယ်ရှုပ်ထွေးစွာ နီးကပ်နေသည်။

အဆိုပါဆက်နွယ်ရှုပ်ထွေးစွာနီးကပ်မှုသည် မြေအား လူမှုစီးပွားဘဝများအတွက် မဟာဗျူဟာမြောက်သွင်းအားစုအရင်းအနှီးအဖြစ်ရှိနေကြောင်းဖေါ်ပြနေသည်။

မြေသည်အကန့်အသတ်ဖြင့်သာရှိသော အရင်းအမြစ်သံယံဇာတဖြစ်ပြီးထိုအ ကန့်အသတ်ဖြင့်သာရှိသော အရင်းအ မြစ်သယံဇာတပေါ်တွင် မြင့်မားသော သွင်းအားစု အရင်းအနှီးများကို ပေးထားရသည်။

ထိုသို့အရင်းအနှီးများကိုပေးထားသော ကြောင့် မြေကိုရယူပိုင်ဆိုင်ထိန်းချုပ် ခြင်းသဘောဖြစ်လာသည်။မြေကို ရယူပိုင်ဆိုင်ထိန်းချုပ်ခြင်းသည် သြဇာဲအာ ဏာ၊ကြွယ်ဝချမ်းသာမှုနှင့်မည်သူမည်ဝါဖြစ်ကြောင်းသတ်မှတ်မှုများနှင့်သက်ဆိုင်လေ့ရှိသည်။

ဤအချက်များကိုရရှိရန် ကမ္ဘာလူဦးရေ၏အကြီးဆုံးရာခိုင်နှုန်းအစိတ်အပိုင်းသည် ယခုအချိန်ထိ ရုန်းကန်နေကြရဆဲဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်။

PrevPreviousဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်းပေါက်ကွဲမှုမှာ အရပ်သားသုံးဦး သေဆုံးမှုအပေါ် ULA ထုတ်ပြန်
Next၅ နှစ်အတွင်းငြိမ်းချမ်းရေးရအောင်လုပ်မယ်လို့သမ္မတတုပြောNext
Previous Post

ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်းပေါက်ကွဲမှုမှာ အရပ်သားသုံးဦး သေဆုံးမှုအပေါ် ULA ထုတ်ပြန်

Next Post

၅ နှစ်အတွင်းငြိမ်းချမ်းရေးရအောင်လုပ်မယ်လို့သမ္မတတုပြော

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

နတ်တလင်းမှာအာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင်တဦး PDF ထံအလင်းဝင်

May 29, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

မူဆယ်မှာ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်နေတဲ့တရုတ်နဲ့မြန်မာ၂၈ ဦးဖမ်းမိ

May 29, 2026

ဟော်မုဇ်ရေလက်ကြားအရေး အိုမန်ကို စစ်ရေးအရ ဗုံးကြဲတိုက်ခိုက်မယ်လို့ဒေါ်နယ်ထရမ့် ခြိမ်းခြောက်

May 29, 2026

ရေစကြိုတောင်ပိုင်းတပ်ပေါင်းစု မကွေးဖက်ဒရယ်ယူနစ်စစ်ကြောင်း ၃ အဖြစ် ပူးပေါင်း

May 29, 2026

နတ်တလင်းမှာအာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင်တဦး PDF ထံအလင်းဝင်

မူဆယ်မှာ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်နေတဲ့တရုတ်နဲ့မြန်မာ၂၈ ဦးဖမ်းမိ

ဟော်မုဇ်ရေလက်ကြားအရေး အိုမန်ကို စစ်ရေးအရ ဗုံးကြဲတိုက်ခိုက်မယ်လို့ဒေါ်နယ်ထရမ့် ခြိမ်းခြောက်

ရေစကြိုတောင်ပိုင်းတပ်ပေါင်းစု မကွေးဖက်ဒရယ်ယူနစ်စစ်ကြောင်း ၃ အဖြစ် ပူးပေါင်း

မင်းအောင်လှိုင်ရဲ့အိန္ဒိယခရီးစဉ်အပေါ် ကန့်ကွက်ကြောင်း NUG သဝဏ်လွှာပေးပို့

မလွတ်မြောက်သေးသော ရခိုင်ဒေသ၏မြေသိမ်းကျိန်စာ – ၁

Releated Post

နတ်တလင်းမှာအာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင်တဦး PDF ထံအလင်းဝင်

May 29, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

မူဆယ်မှာ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်နေတဲ့တရုတ်နဲ့မြန်မာ၂၈ ဦးဖမ်းမိ

May 29, 2026

ဟော်မုဇ်ရေလက်ကြားအရေး အိုမန်ကို စစ်ရေးအရ ဗုံးကြဲတိုက်ခိုက်မယ်လို့ဒေါ်နယ်ထရမ့် ခြိမ်းခြောက်

May 29, 2026

ရေစကြိုတောင်ပိုင်းတပ်ပေါင်းစု မကွေးဖက်ဒရယ်ယူနစ်စစ်ကြောင်း ၃ အဖြစ် ပူးပေါင်း

May 29, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

မင်းအောင်လှိုင်ရဲ့အိန္ဒိယခရီးစဉ်အပေါ် ကန့်ကွက်ကြောင်း NUG သဝဏ်လွှာပေးပို့

May 29, 2026

မလွတ်မြောက်သေးသော ရခိုင်ဒေသ၏မြေသိမ်းကျိန်စာ – ၁

May 28, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page