Border News Agency
မြောက်ဦး၊မေ ၂၇။
အပိုင်း(ဂ)ကုလသမဂ္ဂ၏စနစ်ယန္တရား
မိတ်ဆက်
ကုလသမဂ္ဂ၏ပဋိညာဉ်အရ ကုလသမဂ္ဂ၏အဓိကဦးတည်ချက်မဏ္ဍိုင်သုံးရပ်မှာ…။
- ၁။နိုင်ငံတကာငြိမ်းချမ်းရေးနှင့်နိုင်ငံတကာလုံခြုံရေးခိုင်မြဲရန်။
- ၂။စီးပွားရေးရှင်သန်အထမြောက်ရန်၊ လူမှုရေးတိုးတက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးများရရှိရန်။
- ၃။လူ့အခွင့်အရေးအား လေးစားတန်ဖိုးထားကာကွယ်ရန်များဖြစ်သည်။
ဤမှတ်စုတွင် ဖေါ်ပြထားချက်များမှာ မြေနှင့်ပဋိပက္ခများအပေါ် ကုလသမဂ္ဂ၏ကျယ်ပြန့်သောယန္တရာများ၏ညှိနှိုင်းစေ့စပ်ဆောင်ရွက်မှုများမှရရှိလာသော အချက်များကို စုဆောင်းတင်ပြထားခြင်းဖြစ်သည်။
ထိုသို့စုဆောင်းရာတွင် မြေနှင့်ပဋိပက္ခများအပေါ် ခိုင်မာသောမူဝါဒအထိုင်နှင့် အရေးပါသော ဦးတည်ချက်လားရာများကို အခိုင်အမာပြု၍ စုဆောင်းထားခြင်းဖြစ်ပြီးကုလသမဂ္ဂ၏မဏ္ဍိုင်သုံးရပ်ကို ရှေးရှူကာဖေါ်ပြထားခြင်းဖြစ်သည်။
ဥတုရာသီပြောင်းလဲမှု၊လူဦးရေမွေးဖွားထူထပ်များပြားလာမှု၊စားနပ်ရိက္ခာဖူလုံမှုလိုအပ်လာမှု၊ရွေ့ပြောင်းဝင်ရောက်သောလူဦးရေများပြားလာမှုနှင့်လူနေထိုင်မှုသည် မြို့ပြအဆင့်ထိ တိုးတက်လာမှုများကြောင့် မြေနှင့်ပတ်သက်၍ ပြိုင်ဆိုင်ရယူမှုများ ပဋိပက္ခများ ပိုမိုများပြားနေသည်။
ထိုသို့မြေအရင်းအမြစ်နှင့်ပတ်သက်၍ ပြဿနာများသည် နိုင်ငံတကာလုံးဆိုင်ရာ၊တကမ္ဘာလုံးဆိုင်ရာ၊နိုင်ငံတခုချင်းဆိုင်ရာနှင့်ဒေသဆိုင်ရာအဆင့်များထိ ရင်ဆိုင်နေရသည်။
လက်နက်ကိုင်ပဋိပက္ခများနှင့်လူ့အခွင့် အရေးချိုးဖောက်မှုများကြားတွင် မြေအရင်းအမြစ်နှင့်သက်ဆိုင်မှုရှိသည့် အချက်အလက်အထောက်အထားများသ ည်လည်း များပြားလာနေသည်။
ပဋိပက္ခများနှင့်ပတ်သက်၍ မြေသည် အဓိကပြဿနာဖြစ်သည်ဟူသောရှူမြင်မှုများသည်လည်း ရှိလာသည်။ မြေသည်ပဋိပက္ခများကို ခွဲခြမ်းစိတ်ဖြာရန်နှင့် ပဋိပက္ခများကို ဆန်းစစ်ရန်အတွက်လည်း အရေးပါသောစံတခုဖြစ်သည်။
လက်တွေ့ဆောင်ရွက်ရသည့် မြေပြင်အရှိတရားများမှရရှိသောအထောက်အထားများက မြေနှင့်ပတ်သက်၍ဖြေရှင်းနိုင်လျှင် ရေရှည်တည်တံ၍အချိန်ကြာမြင့်သော ငြိမ်းချမ်းရေးရလဒ်ကို ရရှိစေကြောင်း ဖေါ်ပြနေသည်။
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်များ၏၂၀၃၀ စဉ်ဆက်မပြတ်ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်(SDGs)သို့ရောက်ရှိရန်အတွက် ထောက်ပံမှုပေးရန်မှာ ကုလသမဂ္ဂအနေဖြင့် စွမ်းဆော င်ရည်၊မဟာဗျူးဟာနှင့်မိတ်ဖက်အဖြစ်ပါဝင်ဆောင်ရွက်မှုများကို လိုအပ်သ ည်။
ကုလသမဂ္ဂ၏၂၀၃၀စဉ်ဆက်မပြတ်တည်တံသောဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်သည်အရေးပါပြီး မြေနှင့်ပတ်သက်သော အညွှန်းကိန်းများကို ဖေါ်ပြနေ သည်။
ထိုအညွှန်းကိန်းများသည် သက်ဆိုင်ရာ နိုင်ငံအလိုက် ပြည်သူ့လူထုဆိုင်ရာ ပြန် လည် သုံးသပ်မှုများကိုလည်း အထောက်အပံဖြစ်စေမည်ဖြစ်သည်။
ဇယား – ၁ မြေနှင့်ပတ်သက်သော ဖွင့်ဆိုချက်နှင့်သဘောထား
မြေနှင့်ပတ်သက်၍သဘောထားအားကျယ်ပြန့်စွာ အဓိပ္ပါယ်ဖွင့်ဆိုရလျှင်…။
- ၁။မြေသည် ကမ္ဘာကြီး၏မျက်နှာသွင်ပြင်ဖြစ်သည်။ မြေအောက်တွင် တွင်း ထွက်ပစ္စည်းများပါဝင်နေသည်။ မြေ၏ အပေါ်တွင် လေထုရှိပြီး မြေနှင့်ထိကပ်စွဲမြဲနေသော အရာများရှိသည်။မြေတွင် အဆောက်အအုံများ၊အရင်းအမြစ်သံ ယံဇာတများ ပါဝင်သည်။ နိုင်ငံရေး၊စီးပွားရေး၊ယဉ်ကျေးမှု၊စိတ်ဝိညာဉ်ပိုင်းဆိုင်ရာတန်ဖိုးများနှင့်အမှတ်သင်္ကေတဆိုင်ရာ တန်ဖိုးများရှိသည်။
- ၂။မြေသည် ထုတ်ကုန်ထုတ်လုပ်ခြင်း၊ လှဲလှယ်မှုဖလှယ်မှုစသည့် ကုန်သွယ်ရောင်းဝယ် ဖေါက်ကားခြင်းနှင့်ထပ်ဆင့်ကုန်ထုတ်လုပ်ခြင်းများအတွက်ဆက် နွယ်ရှုပ်ထွေးစွာ နီးကပ်နေသည်။
အဆိုပါဆက်နွယ်ရှုပ်ထွေးစွာနီးကပ်မှုသည် မြေအား လူမှုစီးပွားဘဝများအတွက် မဟာဗျူဟာမြောက်သွင်းအားစုအရင်းအနှီးအဖြစ်ရှိနေကြောင်းဖေါ်ပြနေသည်။
မြေသည်အကန့်အသတ်ဖြင့်သာရှိသော အရင်းအမြစ်သံယံဇာတဖြစ်ပြီးထိုအ ကန့်အသတ်ဖြင့်သာရှိသော အရင်းအ မြစ်သယံဇာတပေါ်တွင် မြင့်မားသော သွင်းအားစု အရင်းအနှီးများကို ပေးထားရသည်။
ထိုသို့အရင်းအနှီးများကိုပေးထားသော ကြောင့် မြေကိုရယူပိုင်ဆိုင်ထိန်းချုပ် ခြင်းသဘောဖြစ်လာသည်။မြေကို ရယူပိုင်ဆိုင်ထိန်းချုပ်ခြင်းသည် သြဇာဲအာ ဏာ၊ကြွယ်ဝချမ်းသာမှုနှင့်မည်သူမည်ဝါဖြစ်ကြောင်းသတ်မှတ်မှုများနှင့်သက်ဆိုင်လေ့ရှိသည်။
ဤအချက်များကိုရရှိရန် ကမ္ဘာလူဦးရေ၏အကြီးဆုံးရာခိုင်နှုန်းအစိတ်အပိုင်းသည် ယခုအချိန်ထိ ရုန်းကန်နေကြရဆဲဖြစ်သည်။
ဆက်လက်ဖော်ပြပါမည်။






