Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စီးပွားရေး ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် အာရက္ခဒေသ

မြေယာ၊ပဋိပက္ခနှင့်ကုလသမဂ္ဂ ၃

Author picture

By

BNA Author
Reading Time: 3 mins read
0
A A
0
SHARES
4
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊မေ ၂၈။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏မြေနှင့်ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက်မှတ်စု။

၃။မြေသည် စီးပွားရေး၊လူမှုရေး၊နိုင်ငံရေး၊ယဉ်ကျေးမှု၊သမိုင်းဆိုင်ရာနှင့်သက်ဆိုင်ပြီး ငြိမ်းချမ်းရေး၊လုံခြုံရေး၊လူ့အခွင့်အရေး၊တိုးတက်ဖွံ့ဖြိုးမှုများနှင့် တိုက်ရိုက်အချိုးကျလျက်ရှိသည်။

၄။မြေတွင် နိုင်ငံတကာစံနှုန်းများအရ ပိုင်ဆိုင်မှုအခွင့်အရေး၊နယ်နိမိတ်နယ်မြေနှင့်တရားဝင်မှုရရှိသော မြေအသုံးချမှုစသည့်အချက်များ ပါဝင်ပေသည်။

အိုးအိမ်(Housing)၊မြေ(Land)နှင့်ပိုင် ဆိုင်ရရှိခွင့်(Property)များသည်လူသားဆန်မှုနှင့်လူသားချင်းစာနာထော က်ထားမှုဆိုင်ရာနယ်ပါယ်ထဲမှချဉ်းကပ်ရသောအချက်များဖြစ်သည်။အိုးအိ မ်(Housing)၊မြေ(Land)နှင့်ပိုင်ဆိုင်ရရှိခွင့်(Property)စသည့်အခွင့်အရေးများကို အတိုကောက်အားဖြင့်(HLP) Rights ဟု ခေါ်သည်။

မြေအခွင့်အရေး၊မြေကြီးကြပ်ခန့်ခွဲမှု၊ မြေဆိုင်ရာအုပ်ချုပ်မှု၊မြေစီမံခန့်ခွဲမှုနှင့် မြေပြင်ဆိုင်ရာအစိတ်အပိိုင်းအလိုက်အချက်အလက်စနစ်များကိုအစိုးရများက ချမှတ်ရာတွင် အဆိုပါ(HLP)အခွင့် အရေးကို ဖေါ်ဆောင်ကျင့်သုံးရန်လိုအ ပ်သည်။

လူသားသဘာဝအရမြေနှင့်မြေ၏အရ င်းအမြစ်သံယံဇာတများကို တန်ဖိုးထားကြသည်။လူသားများကြား ရှုပ်ထွေးသော လူမှုဆက်ဆံရေးအရဆက်နွယ်မှုတွင် မြေအသုံးချခြင်းတရားဝင်ရရှိခြ င်းသည် တည်ရှိနေသည်။

၅။မြေအသုံးချခြင်းတရားဝင်မှုရရှိခြ င်း ပုံစံအမျိုးမျိုးမှာ ဥပဒေကြောင်းအရတရားဝင်မှုအမျိုးအစားစုံလင်စွာရှိနေသည်။

မြေနှင့်ပတ်သက်၍ လူမှုရေးဆိုင်ရာကိ စ္စရပ်များရှိနေသည်ကို အသိအမှတ်ပြုရမည်ဖြစ်သည်။ရပ်ရွာလူ့အသိုက်အ ဝန်း၊ဒေသလူ့အသိုက်အဝန်းများစသ ည့် လူ့အသိုက်အဝန်းများ၏အမြင်တွင် ပုံမှန်မြေအသုံးချခြင်း တရားဝင်မှုရရှိခြင်း၊ပုံမှန်မဟုတ်သောမြေအသုံးချခြ င်း တရားဝင်မှုရှိနေခြင်းသည်လည်းတရားဝင်သည်ဟု ရှူမြင်ကြသည်။

ရပ်ရွာဒေသလူ့အသိုက်အဝန်း၏အမြ င်တွင် မြေသည် ရောင်းဝယ် ဖလှယ်စရာလောက်သာ မဟုတ်ပေ။မြေဆိုင်ရာ အချက်အလက် အထောက်အထားများ သည် ဥပဒေကြောင်းအရ အထမြောက် ရမည်ဟု မြင်ကြသည်။

မြေအသုံးချခြင်း တရားဝင်မှုရရှိခြင်း တွင် မြေငှားရမ်းအသုံးချမှုသဘောတူညီချက်များ၊အိုးအိမ်အဆောက်အအုံံတည်ရှိမှုများ၊မြေငှားရမ်းခြင်းများ၊ရပ် ရွာဒေသ၏ဓလေ့ထုံးတမ်းများနှင့်ဌာ နေလူမျိုးစုများ၏အခွင့်အရေးများ၊လူ့အသိုက်အမြုံအုပ်စုများ၏အခွင့်အ ရေးများ၊မြို့ပြကျူးကျော်နေထိုင်သူများ၏ ပုံမှန်မဟုတ်သော မြေယာများ စသဖြင့် ပါဝင်သည်။

မြေသည် ကုလသမဂ္ဂ၏မဏ္ဍိုင်သုံးရပ်နှင့်ဆက်စပ်ပတ်သက်နေသည်။

၁။ငြိမ်းချမ်းရေးနှင့်လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင်မြေသည်လက်နက်ကိုင်ပဋိပက္ခများ၏အရေးပါသော ဇစ်မြစ်ဖြစ်သည်။ပဋိပက္ခများပြန်လည်ငြိမ်သ က်ရန်နှင့်ငြိမ်းချမ်းရေးရေရှည်တည်တံရန် ဆောင်ရွက်ရသည့်အချိန်အတော အတွင်းတွင်လည်း မြေသည်အရေးပါသောအချက်ဖြစ်သည်။

၂။လူ့အခွင့်အရေးနှင့်မြေကိစ္စရပ်သက် ဆိုင်မှုတွင်ဖိအားပေးနေရာစွန့်ခွာစေခြ င်းကဲ့သို့သောမြေနှင့်ဆက်နွယ်ပတ်သ က်သော လူ့အခွင့်အရေးချိုးဖေါက်မှုများကိုဖြစ်စေပြီး လူဦးရေများပြားစွာ နေရာရွေ့ပြောင်းရမှုကိုလည်း ဖြစ်စေ သည်။

၃။ဖွံ့ဖြိုးတိုးတက်မှုနှင့်မြေသက်ဆိုင်မှုတွင် မြေမှာပဋိပက္ခများကိုပြန်လည်သုံးသပ်ရမည့် လုပ်ငန်းစဉ်တလျောက်လုံးတွင် အရေးပါသော အချက်အဖြစ်ရှိနေသည်။

ထိုပြင် စီးပွားရေးဆိုင်ရာပြန်လည်သုံး သပ်မှုနှင့်အဆုံးသတ်နေရာပြောင်းရွေ့မှုများတွင်လည်း မြေသည်အရေးပါသော အချက်တခုဖြစ်သည်။

မဟာဗျုဟာမြောက် ချဉ်းကပ်မှုနှင့်ဖွံ့ ဖြိုးတိုးတက်မှုများကို ဆောင်ရွက်ရာ တွင်မြေနှင့်ပတ်သက်သောကိစ္စရပ်များ ၌ ခိုင်မာသေချာသောဆောင်ရွက်ချက်များသည် မြေပဋိပက္ခအရှုပ်အထွေးများ မဖြစ်စေရန် တားဆီးနိုင်သောအချ က်များ ဖြစ်လိမ့်မည်။

ဖွံ့ဖြိုးတိုးတက်မှုများကို ဆောင်ရွက်ရာတွင် မြေနှင့်ပတ် သက်သောခိုင်မာသေချာသည့် ဆောင် ရွက်ချက်များနှင့်မဟာဗျူဟာမြောက်စွာချဉ်းကပ်မှုများမှ ရရှိသောသင်ခန်း စာများသည် ပဋိ ပက္ခများတွင် စေ့စပ်ပါဝင်ဆောင်ရွက်သည့် သက်ဆိုင်သူ များအနေဖြင့် တင်းမာမှုများကို လျော့ချနိုင်မည်ဖြစ်ပြီး လူ့အဖွဲ့အစည်းနှင့် နိုင်ငံအင်စတီကျူးရှင်းကြားတွင် အား ကောင်းသော ချိတ်ဆက်မှုကိုရရှိမည်ဖြစ်သည်။

၁။အရပ်သားပြည်သူဆိုင်ရာ အရာဝ တ္ထုပစ္စည်းများကို အကာအကွယ်ပေးခြင်း(Protection of civillian objects)။

နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေအရ အရပ်သားပြည်သူဆိုင်ရာအရာဝတ္ထုပစ္စည်းများအား တိုက်ရိုက်တိုက် ခိုက်ခြင်းအား တားမြစ်ထားသည်။

အရပ်သားပြည်သူဆိုင်ရာအရာဝတ္ထုပစ္စ ည်းများဆိုသည်မှာ စစ်ဘက်ဆိုင်ရာမှ အသုံးပြုနေသောအရာဝတ္ထုပစ္စည်းများကို ဆိုလိုခြင်းဖြစ်သည်။

စစ်ဘက်ဆိုင်ရာမှအသုံးပြုနေသောအ ရာဝတ္ထုပစ္စည်းများဆိုသည်မှာ စစ်ရေးဆိုင်ရာ အ ကျိုးရှိရန် ရည်ရွယ်ချက်ဖြင့် ထိန်းချုပ်ထားသောအခြေအနေအတွ င်း စစ်ဘက်ဆိုင်ရာသဘာဝအရ၊စစ်ဘက်ဆိုင်ရာတည်ရှိမှုအရ၊စစ်ဘက်ဆိုင် ရာရည်ရွယ်ချက်အရ စစ်ရေးတွင် အသုံးပြုနေသော အရာဝတ္ထုပစ္စည်းများဖြစ်သည်။

ထိုအဓိပ္ပါယ်ဖွင့်ဆိုချက်၌ စစ်ရေးဆိုင်ရာအကျိုးအတွက် အစိတ်အပိုင်းအား ဖြင့်ဖြစ်စေ၊အားလုံးကိုဖြစ်စေ ဖျက်စီးထားသော အရာဝတ္တုပစ္စည်းများနှင့် သီးခြား ခွဲခြမ်းထုတ်ယူထားသောအရာဝတ္တုပစ္စည်းများလည်းပါဝင်သည်။

မြေယာပေါ်တွင် ထိုဖွင့်ဆိုချက်များနှင့် ကိုက်ညီသော အရာဝတ္တုပစ္စည်းများမရှိသမျှကာလပတ်လုံး ထိုမြေယာသည် အရပ်သားပြည်သူဆိုင်ရာ အရာဝတ္တုပစ္စည်းများထဲတွင် ပါဝင်ပြီး ဥပဒေကြောင်းအရ စစ်ဘက်ဆိုင်ရာပစ်မှတ်မဟုတ်ပေ။

၂။အသေးစိတ်သတ်မှတ်ချက်ရှိသော အရပ်သားပြည်သူဆိုင်ရာ အရာဝတ္တုပစ္စည်းများကို အကာအကွယ်ပေးခြင်း (Protection of specific civilian objects)။

အသေးစိတ်သတ်မှတ်ချက်ရှိသော အ ရာဝတ္တုပစ္စည်းများဆိုသည်မှာ သဘာဝအားဖြင့် ပိုင်ဆိုင်မှုအရလည်းကောင်း၊ ပတ်ဝန်းကျင်ဆိုင်ရာပိုင်ဆိုင်မှုအရ၊ယ ဉ်ကျေးမှုဆိုင်ရာပိုင်ဆိုင်မှုအရအစရှိသ ဖြင့် အရေးကြီးသည်ဟု သတ်မှတ်ထားသော အရာများဖြစ်ပြီး ထိုအရာဝတ္တုပစ္စည်းများအား တိုက်ခိုက်ခံရခြင်း၊ဖျ က်ဆီးခံရခြင်းမှ အသေးစိတ်အကာအ ကွယ်ပေးထားသော အရာဝတ္တုပစ္စည်းများဖြစ်သည်။

၃။ပိုင်ဆိုင်မှုများအား ဖျက်စီးခြင်း။ (Destruction of property)

နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေအနေဖြင့် ပိုင်ဆိုင်မှုများအား ဖျက်ဆီးခြင်း သို့မဟုတ် ထိန်းချုပ်ထားခြင်းကို စစ်ရေးဆိုင်ရာအရ လုံးဝမရှိမဖြစ်လိုအပ်ချက်(Imperative Military Necessity)ကြောင့်ပြုလုပ်ခြင်းမှလွဲ၍ မပြုလုပ်ရန်တားမြစ်ထားသည်။

၄။သဘာဝသယံဇာတအား တရားလက်လွက်ထုတ်ယူခြင်း(Exploitation of natural resources)။

နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေအရ အတင်းအဓမ္မလုယက်မှု(Pillage) အား တားမြစ်ထားသည်။

အတင်းအဓမ္မ လုယက်မှုဟူသောစကားရပ်အဓိပ္ပါယ်တွင် သဘာဝသယံဇာတအရင်းအမြစ်များအားလုယက်မှု (Pillage of natural resources)ကိုပါ ထည့်သွင်းနိုင်သည်။

၅။စစ်၏ကြွင်းကျန်နေသော ပေါက်ကွဲပစ္စည်းများ(Explosive remnants of war)။

စစ်၏ကြွင်းကျန်ပေါက်ကွဲနိုင်သောပစ္စည်းများဆိုင်ရာ ၂၀၀၃ ခုနှစ်ပရိုတိုကော အဖွဲ့ဝင်နိူင်ငံများသည် ၎င်းတို့ထိန်းချုပ်နယ်မြေများအတွင်း စစ်၏ကြွင်းကျန်ပေါက်ကွဲနိုင်သောပစ္စည်းများကို ဖယ် ရှားခြင်း၊ဖျက်ဆီးခြင်းပြုရမည်ဖြစ်ပြီး ရှင်းလင်းသောစည်းမျဉ်းများကိုချမှတ်ရမည်ဖြစ်သည်။

၆။နေရပ်စွန့်ခွာခြင်း၊ဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ (Displacement, refugees and internally displaced persons (IDPs))။

နေရပ်မှစွန့်ခွာရသော ကိစ္စရပ်တိုင်းတွင် မြေနှင့်ပတ်သက်၍ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းမှာ အမြဲတန်းပုံမှန်ဖြစ်နေသည်။

နေရပ်အား ဖျက်ဆီးခံရခြင်း၊တရားမဝင်သိမ်းပိုက်ခံရခြင်း၊စွန့်ပစ်ခံမြေယာနှင့်အဆောက်အအုံ (Abandoned Land and Building)များအား ဖိအားပေးရော င်းချခံရခြင်းစသည့်အချက်များမှာနေ ရပ်မှစွန့်ခွာရသော ကိစ္စရပ်တိုင်းတွင် မြေနှင့်ပတ်သက်နေသော လူ့အခွင့်အ ရေးချိုးဖောက်မှုများဖြစ်သည်။

ဤအခြေအနေများပေါ်တွင် မြေယာအ ခွင့်အရေးအား တရားလက်လွတ်ပြုခံရမှုနှင့်ချိုးဖောက်ခံရမှုအား သက်သေပြနိုင်ခြင်း(Remedying)နှင့်မြေယာအခွင့် အရေးအား ပြန်လည်ပေးအပ်ခြင်း (Restoring Land Rights)များသည် တ ရားမျှတမှုဖြစ်ထွန်းခြင်း၊ငြိမ်းချမ်းရေတည်ဆောက်ခြင်း၊မိမိကိုယ်ကိုပြန်လ ည်ရပ်တည်နိုင်ခြင်း(self-reliance)၊ဒု က္ခသည်များအနေဖြင့် ခိုလုံရာနေရာတွ င် မိမိကိုယ်ကိုပြန်လည်ရပ်တည်နိုင်ခြ င်း၊ရေရှည်စိတ်ချရသော ဖြေရှင်းမှု (Durable Solutions)ကိုရရှိခြင်းများအတွက် အရေးပါသောကိစ္စရပ်များဖြစ် သည်။

မိမိဆန္ဒအလျောက် စောစီးအောင်မြင်စွာနေရပ်ပြန်နိုင်မှု(Early Successful Voluntary Returns)အတွက် စောင့်ကြည့်ခြင်း(Monitoring)၊တိုက်တွန်းတောင်းဆိုခြင်း(advocacy)၊ကြိုတင်ကာကွယ်နိုင်ရန်နှင့်ကြိုတင်အသင်ဖြစ်နေစေရန်အစီအစဉ်ရေးဆွဲခြင်းစသည့်လုပ်ငန်းစဉ်များမှာလိုအပ်သည်။

(ဥပဒေကြောင်းဆိုင်ရာနယ်ပါယ်အရ စွန့်ပ စ်ခံမြေယာနှင့်အဆောက်အအုံ (Abandoned Land and Building) ဆို သည်မှာ မိမိအသုံးပြုနေသော၊ပိုင်ဆိုင်လုပ်ကိုင်နေသော၊မိမိအကျိုးစီးပွားနှင့် တစုံတရာဆက်နွယ်နေသော မြေ သို့မ ဟုတ် အဆောက်အအုံအား ကပ်ဘေးကြောင့်သော်လည်းကောင်း၊စီးပွားရေး၊ လူမှုရေးဆိုင်ရာအခက်အခဲကြောင့်သော်လည်းကောင်း အသုံးမပြုနိုင်တော့သောမြေ သို့မဟုတ် အဆောက် အအုံကို ဆိုလိုခြင်းဖြစ်သည်။

ရေရှည်စိတ်ချရသော ဖြေရှင်းချက် (Durable Solutions)ဆိုသည်မှာ နေရပ်ရွေ့ပြောင်းခံရေသောသူများအတွက် အခက်အခဲအကြပ်အတည်းများကို ရင် ဆိုင်ရမှုလျော့နည်းစေရန်နှင့်မိမိနေရပ်သို့ အမြန်အခြေချအတည်တကျဖြစ်စေရန်ဖြေရှင်းမှုကိုဆိုလိုခြင်းဖြစ်သည်။

၇။အမျိုးသမီးများအားခွဲခြားဆက်ဆံခြင်း(Discrimination against women)။

မကြာခဏဆိုသလိုပင် လက်ထပ်မှု၊အ မွေဆက်ခံမှု၊ဥပဒေကြောင်းအရရပ်တ ည်ချက်နှင့်အရင်းအမြစ်များ ခွဲဝေမှုများတွင် အမျိုးသမီးများစွာမှာ မြေအား လက်ခံခွင့်၊အသုံးချခွင့်၊ထိန်းချုပ်ပိုင်ဆိုင်ခွင့် တို့မှာဆုံးရှုံးလျက်ခွဲခြားဆ က်ဆံမှုကိုရင်ဆိုင်နေရသည်။

ပဋိပက္ခကာလအတွင်းနှင့်ပဋိပက္ခအလွ န်ကာလများတွင် အမျိုးသမီးများအ နေဖြင့် အိုးအိမ်များအပေါ်ဦးစီးရမှုများမြင့်တက်လာသော်လည်း မြေယာအားပိုင်ဆိုင်လက်ခံခွင့်မှာမရရှိဘဲ ၎င်းတို့၏အသက်မွေးမှုမှာ ခိုင်မာရေရာသေချာမှုလည်းမရှိပေ။

စိန်ခေါ်ချက်များမှာ အမျိုးသမီးများ၏ အခွင့်အရေးအပေါ်မျက်ကွယ်ပြုနေခြ င်း၊မြေယာအားမည်သို့ပိုင်ဆိုင်ဆက်နွယ်နိုင်သည်ကို ဖော်ပြနိုင်သောမြေယာဆိုင်ရာအထောက်အထား (Land Documents)များမှာ မရှိခြင်းနှင့် တော င်းဆိုရန် အရင်းအမြစ်များမရှိခြင်းများဖြစ်သည်။

နိုင်ငံတကာဆိုင်ရာကြေညာချက်များ၊ ကတိကဝတ်များ၊သဘောတူညီချက်များ၊စာချုပ်စာတမ်းများက အမျိုးသ မီးများတွင်လည်း အမျိုးသားများကဲ့သို့မြေယာအားပိုင်ဆိုင်ခွင့်၊ထိန်းချုပ်ခွင့်၊ လုပ်ကိုင်ခွင့်၊လက်ခံခွင်များရှိသည်ဟု ပြဋ္ဌားန်းထားပြီး အဆိုပါအခွင့်အရေးများနှင့်ပတ်သက်၍ အမျိုးသမီးများအား ခွဲခြားဆက်ဆံပိတ်ပင်မှုကို တား မြစ်ထားသည်။

ခွဲခြားဆက်ဆံခံရသော အနေအထားအောက်တွင်ပင် အမျိုးသမီးများ၌လ ည်း မြေယာအားပိုင်ဆိုင်ရန်အခွင့်အ ရေးရှိသည်။

၈။ဌာနေလူမျိုးများ၏မြေအခွင့်အရေး (Indigenous peoples land rights)။

ဖိအားပေးကာ မောင်းထုတ်ခံရမှုမှာ ဌာ နေလူမျိုးများ၏မြေတွင် ဖြစ်ပွားနေသ ည်။ဌာနေလူမျိုးများ၏အခွင့်အရေးအား ILO C 16913 နှင့် UNDRIP ကဲ့သို့ အသေးစိတ်ပြဋ္ဌာန်းထားသော နိုင်ငံတ ကာဆုံးဖြတ်ချက်များရှိသည်။

ထိုနိုင်ငံတကာဆုံးဖြတ်ချက်များမှာ ပိုင် ဆိုင်မှုအခွင့်အရေးကိုအခြေခံထားသ ည်။

ထို့ပြင်ဌာနေလူမျိုးများ၏ရိုးရားဓလေ့ထုံးထမ်းပိုင်ဆိုင်မှုနှင့်စီးပွားရေး၊ လူမှု ရေးနှင့်ယဉ်ကျေးမှုများတိုးတက်ရေးအတွက် လွတ်လပ်၍ ကြိုတင်မိမိသ ဘောဆန္ဒရဆုံးဖြတ်ခွင့်(FPIC)အပေါ်တွင်လည်းအခြေခံထားသည်။

၉။စီးပွားရေးနှင့်လူ့အခွင့်အရေး (Business and human rights)။

ကျယ်ပြန့်သောမြေကိုအသုံးပြုရသော နိုင်ငံတကာရင်းနှီးမြုပ်နှံမှုများနှင့်ပြည် တွင်းရင်းနှီးမြုပ်နှံမှုများက တခါတရံတွင် လူထုအားမြေပေါ်မှနှင်ထုတ်မော င်းချခံရခြင်း၊လူ့အခွင့်အရေးချိုးဖောက်ခြင်းနှင့်အသက်ရှင်သန်ရန်အတွက် ဆောင်ရွက်နေရသောလုပ်ငန်းစဉ်အသက်မွေးဝမ်းကျောင်းမှုများကို ဖျက်ဆီးခံရခြင်းများကိုဖြစ်ပေါ်စေသည်။

နိုင်ငံတကာစံနှုန်းများကရှင်းလင်းသော်လည်း အစိုးရနှင့်စီးပွားရေးသ မားများဘက်မှ အကောင်အထည်ဖော်မှုမှာ ပြည့်စုံမှုမရှိပေ။

အစိုးရကိုယ်တိုင်ပင်လျှင် လူ့အခွင့်အ ရေးချိုးဖောက်ခံရမှုများကို ကာကွယ်ရန်တာဝန်ရှိသလို စီးပွားရေးသမားများကိုလည်း ကာကွယ်ရန်တာဝန်ရှိသည်။

တသီးပုဂ္ဂလအခွင့်အရေး (Individual Rights)ပေါ်တွင် ချိုးဖျက်မှုမရှိစေရန်နှင့်စီမံကိန်းကြောင့် စတေးခံ၊နစ်နာခံရသူများအတွက် ၎င်းထိခိုက်ခံရမှုအား သက်သေပြသခွင့်ပေးခြင်း(Remedies For Victims)ကဲ့သို့ အနုတ်လက္ခဏာဆောင်သော သက်ရောက်မှု(Negative Impacts)များအား ပြန်လည်တာဝန်ယူ၊ တာဝန်ခံပေးမှုဆိုင်ရာ(CSR or Corporate responsibility)လုပ်ငန်းစဉ်တွင်ကျင့်သုံးရမည်ဖြစ်သည်။

ကုလသမဂ္ဂအနေဖြင့် လုပ်ငန်းစဉ်မင်ရှ င်ချမှတ်ထားသည့်နယ်ပါယ်နှင့်လုပ်င န်းစဉ်မင်ရှင် မချမှတ်ထားသည့်နယ်ပါယ်များတွင်ပါ မြေသည် ပြဿနာ၏အရင်းအမြစ်ဖြစ်နေ၍ပဋိပက္ခများ၊ ဖွံ့ဖြိုးတိုးတက်မှုများကို ပိတ်ပင်ထားသည့် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှုဆိုင်ရာကိစ္စရပ်များနှင့်ပဋိပက္ခကိုပိုမိုကြီးထွားစေသည့်ကိစ္စရပ်များ အပေါ် ပါဝင်စေ့စပ်ဆောင်ရွက်သင့်သည်။

PrevPrevious​မီဇိုရမ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လက်နက်ကိုင်သုံးဦး ဖမ်းဆီးခံရ
Nextသမ္မတုမင်းအောင်လှိုင်ကို အိန္ဒိယရောက်မြန်မာတွေဆန္ဒပြမယ်Next
Previous Post

​မီဇိုရမ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လက်နက်ကိုင်သုံးဦး ဖမ်းဆီးခံရ

Next Post

သမ္မတုမင်းအောင်လှိုင်ကို အိန္ဒိယရောက်မြန်မာတွေဆန္ဒပြမယ်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

နတ်တလင်းမှာအာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင်တဦး PDF ထံအလင်းဝင်

May 29, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

မူဆယ်မှာ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်နေတဲ့တရုတ်နဲ့မြန်မာ၂၈ ဦးဖမ်းမိ

May 29, 2026

ဟော်မုဇ်ရေလက်ကြားအရေး အိုမန်ကို စစ်ရေးအရ ဗုံးကြဲတိုက်ခိုက်မယ်လို့ဒေါ်နယ်ထရမ့် ခြိမ်းခြောက်

May 29, 2026

ရေစကြိုတောင်ပိုင်းတပ်ပေါင်းစု မကွေးဖက်ဒရယ်ယူနစ်စစ်ကြောင်း ၃ အဖြစ် ပူးပေါင်း

May 29, 2026

မူဆယ်မှာ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်နေတဲ့တရုတ်နဲ့မြန်မာ၂၈ ဦးဖမ်းမိ

ဟော်မုဇ်ရေလက်ကြားအရေး အိုမန်ကို စစ်ရေးအရ ဗုံးကြဲတိုက်ခိုက်မယ်လို့ဒေါ်နယ်ထရမ့် ခြိမ်းခြောက်

ရေစကြိုတောင်ပိုင်းတပ်ပေါင်းစု မကွေးဖက်ဒရယ်ယူနစ်စစ်ကြောင်း ၃ အဖြစ် ပူးပေါင်း

မင်းအောင်လှိုင်ရဲ့အိန္ဒိယခရီးစဉ်အပေါ် ကန့်ကွက်ကြောင်း NUG သဝဏ်လွှာပေးပို့

မလွတ်မြောက်သေးသော ရခိုင်ဒေသ၏မြေသိမ်းကျိန်စာ – ၁

အီဘိုလာဗိုင်းရပ်စ်ကူးစက်မှု မြန်နေလို့ ထိုင်းမှာ စစ်ဆေးမှုတွေ တိုးမြှင့်

Releated Post

ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

မူဆယ်မှာ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်နေတဲ့တရုတ်နဲ့မြန်မာ၂၈ ဦးဖမ်းမိ

May 29, 2026

ဟော်မုဇ်ရေလက်ကြားအရေး အိုမန်ကို စစ်ရေးအရ ဗုံးကြဲတိုက်ခိုက်မယ်လို့ဒေါ်နယ်ထရမ့် ခြိမ်းခြောက်

May 29, 2026

ရေစကြိုတောင်ပိုင်းတပ်ပေါင်းစု မကွေးဖက်ဒရယ်ယူနစ်စစ်ကြောင်း ၃ အဖြစ် ပူးပေါင်း

May 29, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

မင်းအောင်လှိုင်ရဲ့အိန္ဒိယခရီးစဉ်အပေါ် ကန့်ကွက်ကြောင်း NUG သဝဏ်လွှာပေးပို့

May 29, 2026

မလွတ်မြောက်သေးသော ရခိုင်ဒေသ၏မြေသိမ်းကျိန်စာ – ၁

May 28, 2026
ဓာတ်ပုံ - ဘန်ကောက်ပို့စ်

အီဘိုလာဗိုင်းရပ်စ်ကူးစက်မှု မြန်နေလို့ ထိုင်းမှာ စစ်ဆေးမှုတွေ တိုးမြှင့်

May 28, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page