Border News Agency
ဧရာဝတီ၊ ဇွန် ၁၄။
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ ဧရာဝတီမြစ်မှာ မြစ်ဆုံစီမံကိန်းဖျက်သိမ်းရေးလှုပ်ရှားမှုကို ဇွန်လ ၁၃ ရက်၊ မနက်ပိုင်းက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
မြစ်ကြီးနားမြို့နယ်၊ ဧရာဝတီမြစ်ကြောင်းရဲ့ နေရာ ၃ ခုမှာ ဧရာဝတီမြစ်ကိုချစ်မြတ်နိုးသူ လူငယ်အချို့ကဦးဆောင်ကာ မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေးအတွက် စတစ်ကာရေမျှောကမ်းပိန်းလှုပ်ရှားမှု ပြုလုပ်ခဲ့တာလို့ဆိုပါတယ်။
အဲဒီစတေကာတွေမှာ “မြစ်ဆုံစီမံကိန်း အလိုမရှိ၊ ဧရာဝတီကို ကာကွယ်ကြပါစို့၊ ဧရာဝတီရှင်သန်ဖို့ မြစ်ဆုံကို ကာကွယ်စို့၊ ပြည်သူ့အသံကို နားထောင်ပါ၊မြစ်ဆုံသည် ရောင်းကုန်မဟုတ်” စတဲ့ စာတွေရေးသားထားကြတာပါ။
ဧရာဝတီမြစ်ဆုံနဲ့ဧရာဝတီမြစ်ဟာ မြန်မာနိုင်ငံအတွက် အသက်သွေးကြောတခုဖြစ်ပြီး မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေအပါအဝင် နိုင်ငံတကာရှိဧရာဝတီမြစ်နဲ့မြစ်ဆုံကိုချစ်မြတ်နိုးသူတွေအနေနဲ့ ဝိုင်းဝန်းကာကွယ်ပေးကြဖို့ တိုက်တွန်းထားပါတယ်။














