Border News Agency
ရန်ကုန်၊ဇွန် ၁၉။
ရန်ကုန်တိုင်း၊ကမာရွတ်မြို့နယ်၊၁၀ ရပ်ကွက်က နေအိမ်တလုံးမှာ အွန်လိုင်းလိမ်လည်မှု ပြုလုပ်နေတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၈ဦးနဲ့ အမျိုးသမီး ၈ဦး၊စုစုပေါင်း ၁၆ ဦးကို လုပ်ငန်းသုံးပစ္စည်းတွေနဲ့အတူ ဖမ်းဆီးမိခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်က ထုတ်ပြန်ပါတယ်။
အဲဒီဗဟန်းမြို့နယ်ရှိ စားသောက်ဆိုင်တခုရှေ့မှာ ဇွန်လ ၁၆ ရက်နေ့ကရပ်ထားတဲ့ လိုင်စင်မဲ့ကားတစီးကို စစ်ဆေးရာကနေ Laptop တွေ၊ Starlink စက်တွေနဲ့ လက်ကိုင်ဖုန်း ၁၇၅ လုံး အပါအဝင် လိမ်လည်ရာမှာသုံးတဲ့ ပစ္စည်းတွေကို ပိုင်ရှင်မဲ့ စတင်သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင်ကားနဲ့ ဆက်စပ်သူတွေကို CCTV မှတ်တမ်းတွေကနေတဆင့် ခြေရာခံပြီး ဇွန်လ ၁၇ ရက် ညပိုင်းမှာ ကမာရွတ်မြို့နယ်က နေအိမ်ကို ဝင်ရောက်ရှာဖွေကာ ကျူးလွန်သူ ၁၆ ဦးကို ဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။













