Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး သတင်း အမျိုးသမီးကဏ္ဍ

ခေါင်းခြုံပုဝါမဝတ်ဆင်ဆိုပြီး အီရန်အမျိုးသမီးအဆိုတော် ကြိမ်ဒဏ်ချ

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
6
VIEWS
Share on FacebookShare on Twitter

Border News Agency
အီရန်၊ဇွန် ၂၀။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊နိုဝင်ဘာလနဲ့ဒီဇင် ဘာလမှာ ကာရာဗန်ဆရိုင်းဖျော်ဖြေပွဲ (Caravanserai Concert)ကို ကျင်းပခဲ့ပါတယ်။

အဲဒီပွဲမှာပါဝင်ဖျော်ဖြေခဲ့တဲ့အီရန်အမျိုးသမီးအဆိုတော်ပါရတ်စတူးအာမဒီ (Parastoo Ahmadi)ကို အီရန်အစ္စလမ္မ စ်တရားရုံက ဟီဂျပ်(Hijab)မဝတ်ဘူးဆိုပြီး ကြိမ်ဒဏ်ခုနှစ်ဆယ်လေးချက်ချမှတ်လိုက်တယ်လို့ ဇွန်လ ၁၈ ရက်နေ့အီရန်သတင်းဌာနတွေဖော်ပြပါတယ်။

အဲဒီဖျော်ဖြေပွဲမှာ အာမဒီဟာ ညနေခင်းပွဲတက်ဝတ်စုံကိုဝတ်ဆင်ပြီး အီရန်ရဲ့ (အက်ဇ်ခူးန်နေးဂျာဗန် -Az Khoon-e Javann)သီချင်းကို သီဆိုဖျော်ဖြေခဲ့တာပါ။(လူငယ်တွေရဲ့သွေးမြေကျရာမှ)လို့ အဓိပ္ပါယ်ရတဲ့ ဒီသီချင်းကို အီရန် ကဗျာဆရာ၊တေးရေးဆရာဖြစ်တဲ့အရက်ဖ်ကာဇ်ဗီနီ(Aref Qazvini)ရေးစပ်ခဲ့ပြီး ရာစုနှစ်ချီကြာနေပါပြီ။

၁၉၀၅ ခုနှစ်မှ ၁၉၁၁ ခုနှစ်ထိဖြစ်ပွားခဲ့တဲ့အီရန်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တော်လှန်ရေး(Constitutional Revolution of Iran)ကာလအတွင်း ပထမဆုံးအကြိမ် ဒီသီချင်းကို ဖျော်ဖြေခဲ့ပါတယ်။

သီချင်းရဲ့အဓိပ္ပာယ်က”တိုင်းပြည်ရဲ့လူ ငယ်တွေ သွေးမြေကျရာကနေ နှင်းဆီပန်းတွေ ပွင့်လန်းလာတယ်။” ဆိုတဲ့ အဓိပ္ပာယ်မျိုးဆောင်ပါတယ်။

တိုင်းပြည်လွတ်လပ်ခွင့်နဲ့တရားမျှတမှုအတွက် အသက်ပေးသွားခဲ့တဲ့ လူငယ်ရဲဘော်တွေကို ဂုဏ်ပြုစပ်ဆိုထားတာပါ။

အီရန်သမိုင်းမှာ အာဏာရှင်ဘုရင်စနစ်ကို ဖြုတ်ချပြီး အခြေခံဥပဒေနဲ့လွှတ် တော်စနစ် ပေါ်ထွန်းရေး ကြိုးပမ်းခဲ့တဲ့ “အခြေခံဥပဒေအရေးတော်လှန်ရေး” ကာလမှာ ဒီသီချင်းဟာ ပြည်သူတွေကို စိတ်ဓာတ်လှုံ့ဆော်ပေးခဲ့တဲ့ မျိုးချစ်သီ ချင်းတပုဒ်ဖြစ်လာခဲ့ပါတယ်။

အဲဒီသီချင်းဟာ လွန်ခဲ့တဲ့နှစ်ပေါင်းတရာကျော်ကတည်းက ပေါ်ပေါက်ခဲ့တာ ဖြစ်ပေမယ့် ဒီနေ့ခေတ်ထိအီရန်နိုင်ငံမှာ မတရားမှုကို ဆန့်ကျင်တဲ့၊လွတ်လပ်မှုကို တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ၊လှုပ်ရှား မှုတွေမှာ ပြန်လည်သီဆိုကြတဲ့ထိခေတ် အဆက်ဆက်သက်ဝင်နေဆဲ သီချင်းတပုဒ်ဖြစ်ပါတယ်။

အဲဒီသီချင်းကို ၂၀၂၄ ခုနှစ်မှာ အမာဒီကကာရာဗန်ဆရိုင်းဖျော်ဖြေပွဲမှာ သီဆိုဖျော်ဖြေခဲ့ပြီး ယူကျူပေါ်မှာ ဗီဒီယိုကို ဖြန့်ချီခဲ့ပါတယ်။

ဗီဒီယိုထွက်ရှိလာချိန်မှာ ကာရာဗန်ဆရိုင်း ဖျော်ဖြေပွဲကို လူမှုကွန်ရက်အသုံးပြုသူတွေရဲ့ ကျယ်ကျယ်ပြန့်ပြန့် ချီးကျူးမှုကိုရရှိခဲ့ပြီး အနုပညာရှင်များစွာနဲ့အရ ပ်ဘက်လှုပ်ရှားသူတွေရဲ့ ထောက်ခံမှုကိုလည်း ရရှိခဲ့ပြီး ကြည့်သူပေါင်းသုံးသန်းကျော်ရှိခဲ့ပါတယ်။

အဲဒီဖျော်ဖြေမှုဟာ လူပြောများအာရုံ စိုက်ခံခဲ့ရသလို တရားရေးဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ချက်ချင်းတုံ့ပြန်မှုကိုလည်းဖြစ်ပေါ်စေခဲ့ပါတယ်။

ဗီဒီယိုထွက်လာပြီးနောက် တရားရေးဌာနက ဖန်တီးသူတွေကို ရာဇဝတ်မှုနဲ့ တရားစွဲဆိုခဲ့ပြီး ထုတ်လုပ်ရေးမှာ ပါ ဝင်ပတ်သက်သူအများအပြားကို ယာ ယီထိန်းသိမ်းခဲ့ပါတယ်။

အီရန်အာဏာပိုင်တွေက အာမဒီဟာ အမျိုးသားဂီတပညာရှင်တစုနဲ့အတူ မဖြစ်မနေလိုက်နာရမယ့် ဟီဂျပ်ဥပဒေကို လိုက်နာတာမရှိဘဲ ကာရာဗန်ဆရိုင်းဖျော်ဖြေပွဲဗီဒီယိုကို လူမှုကွန်ရက်ပေါ်မှာ လွှင့်တင်ခဲ့တယ်။

တရားရုံးက ပြစ်ဒဏ်ချမှတ်ရခြင်းရဲ့ အကြောင်းရင်းတွေမှာ အာမဒီက ဟီဂျပ်ခေါင်းခြုံပုဝါမပါဘဲ ဖျော်ဖြေခဲ့တာ၊အမျိုးသားဂီတပညာရှင်တွေ ပါဝင်ပ တ်သက်တာနဲ့ဖျော်ဖြေပွဲဗီဒီယိုကို အွန်လိုင်းပေါ်မှာ လွှင့်တင်ခဲ့တာ၊သူမရဲ့ဝတ် စားဆင်ယင်မှုဟာ ရှာရီယာ(Sharia)ဥ ပဒေနဲ့မညီညွှတ်ဘဲ ဝတ်လစ်စလစ်ဖြစ်လုနီးပါးဖြစ်နေတာကြောင်းလို့ ဆိုပါတယ်။

တရားသူကြီးက သူမရဲ့ ဦးခေါင်း၊လည်ပင်း၊လက်တွေနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ ပေါ်လွင်နေမှုကို ထောက်ပြပြီး အွန်လိုင်းပေါ်တင်ခဲ့တဲ့ အကြောင်း အရာတွေကို ညစ်ညမ်းရုပ်ပုံတွေအဖြစ်သတ်မှတ်ခဲ့ပါတယ်။

အဲဒီအပြင် တရားရုံးက အလေးအနက်ပြောကြားရာမှာတော့ ဒီစီရင်ချက်ဟာ ဟီဂျပ်ကိစ္စတခုတည်းအပေါ်မှာတင် အ ခြေခံတာမဟုတ်ဘဲ အွန်လိုင်းပေါ်မှာထု တ်လုပ်တာ၊ရိုက်ကူးတာ၊တည်းဖြတ်တာနဲ့အများအပြားဖြန့်ဝေတာကလည်း ရာဇဝတ်မှုမြောက်စေတဲ့အဓိကအချက်တွေဖြစ်တယ်လို့ ဆိုပါတယ်။

ကွန်းမ်(Qom ပြည်နယ်၊ရာဇဝတ်တရား ရုံးက အာမဒီနဲ့ကာရာဗန်ဆရိုင်း ဖျော် ဖြေပွဲမှာ ပါဝင်တဲ့​ဂီတပညာရှင်တွေနဲ့ ထုတ်လုပ်ရေးအဖွဲ့ဝင်ရှစ်ဦးကို လူထုအ ကျင့်စာရိတ္တကို ပြင်းပြင်းထန်ထန်စော် ကားညှိုးနွမ်းစေမှုစွဲချက်တွေနဲ့ကြိမ်ဒ ဏ်ခုနှစ်ဆယ်လေးချက်ချခဲ့ပြီးအနုပ ညာလှုပ်ရှားမှုတွေလုပ်ဆောင်ခွင့်နှစ်နှစ်ပိတ်ပင်ကာ ပြည်ပထွက်ခွာခွင့်ကိုလ ည်းနှစ်နှစ်ပိတ်ပင်ခဲ့ပါတယ်။

အဲဒီစီရင်ချက်မိတ္တူအရတရားရုံးဟာ ပြစ်ဒဏ်တွေသတ်မှတ်ဖို့အတွက် အစ္စလာမ့်ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၆၃၈ နဲ့ ကွန်ပျူတာပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၇၄၃ ကို ကိုးကားပြီး စီရင်ချက်တွေကို အများပြည်သူသိရှိစေမယ့် မီဒီယာတွေမှာ ထုတ်ပြန်ဖို့လည်း အမိန့်ပေးခဲ့ပါတယ်။

အဲဒါဟာ ပဏာမစီရင်ချက်သာဖြစ်ပြီး အယူခံဝင်နိုင်ခွင့်ရှိတယ်လို့်တော့ဆိုပါတယ်။

အဲဒီအမှုဟာ အီရန်အစ္စလာမ့်သမ္မတနိုင်ငံမှာ အမျိုးသမီးအဆိုတော်တွေအ ပေါ် စနစ်တကျကန့်သတ်ပိတ်ပင်မှုတွေ ဆက်လုပ်နေတာရဲ့သက်သေတခုဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ခု နှစ်က ထိန်းသိမ်းခံထားရစဉ်အတွင်းသေဆုံးခဲ့ရတဲ့ ကာဒစ်ရှ်(Kurdish)နွယ်ဖွား အီရန်အမျိုးသ မီးငယ်လေးမာဆာအာမီနီ(Mahsa Amini)ဖြစ်ရပ်ကြောင့် အီရန်နိုင်ငံတဝှ မ်းလုံးမှာ သမိုင်းဝင်သွားခဲ့တဲ့(အမျိုးသ မီး၊ဘဝ၊လွတ်လပ်မှု)အုံကြွမှုနဲ့ဆန္ဒပြပွဲကြီးတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။

ဆန္ဒပြပွဲတွေကို အစိုးရကအကြမ်းဖက်နှိမ်နင်းမှုတွေ၊သေဒဏ်ပေးမှုတွေနဲ့တုန့်ပြန်လာတဲ့အခါ အီရန်လူထုဟာ လှုပ် ရှားမှုကို သေးငယ်တဲ့ပုံစံပြောင်းလဲလို က်ပါတယ်။

ကုန်ဈေးနှုန်းကြီးမြင့်မှု၊ငွေကြေးဖောင်းပွမှုနဲ့လုပ်ခလစာမလောက်ငမှုတွေကြောင့် အလုပ်သမားတွေ၊ဆရာ/ဆရာ မတွေနဲ့အငြိမ်းစားဝန်ထမ်းတွေကလမ်း မတွေပေါ်ထွက်ပြီး စီးပွားရေးပြုပြင်ပြောင်းလဲပေးဖို့ ခပ်စိပ်စိပ်ဆန္ဒပြခဲ့ကြပါတယ်။

အမျိုးသမီးတွေဟာ လမ်းမတွေပေါ်မှာ ဟီဂျပ်(ခေါင်းခြုံပုဝါ)မပါဘဲ သွားလာတာ၊အာမဒီတို့လို အနုပညာနဲ့ဂီတကိုအ သုံးပြုပြီးအွန်လိုင်းကအာဏာဖီဆန်တာမျိုးတွေနဲ့ဆန္ဒပြမှုကို ပုံစံတမျိုးနဲ့ ဆက်လုပ်ခဲ့ကြပါတယ်။

အဲဒီနောက်မှာတော့ ၂၀၂၅ ခုနှစ်မှာအီရန်မှာဆန္ဒပြပွဲတွေ ထပ်ဖြစ်လာပြီး အမေရိကန်၊အစ္စရေးနဲ့စစ်ဖြစ်ခဲ့ပါတယ်။

အမေရိကန်နဲ့အပစ်အခတ်ရပ်စဲရေး လုပ်လာနိုင်ပြီးနောက်မှာအီရန်အာဏာပိုင်တွေက လူထုဆန္ဒပြပွဲတွေပေါ်လာမှာကို စိုးရိမ်ပြီး လူထုကို လက်ဦးမှုယူ နှိပ်ကွ က်နေတာဖြစ်တယ်လို့တယ် လူ့အခွင့်အရေးအဖွဲ့တွေဝေဖန်နေကြပါတယ်။

(ဓာတ်ပုံ – ကာရာဗန်ဆရိုင်းဖျော်ဖြေပွဲမှာ အီရန်အမျိုးသမီးအဆိုတော်ပါရတ်စတူးအာမဒီဖျော်ဖြေနေစဥ်)

Source: https://youtu.be/oYcaDHEnhbU?si=Byt2r-X6x723mg65

ကိုးကား…

  • https://theprint.in/feature/parastoo-ahmadi-hijab-iran-lashings/2964622/
  • https://www.lemonde.fr/en/international/article/2024/12/14/iranian-singer-parastoo-ahmadi-faces-questioning-after-performing-without-a-headscarf_6736066_4.html
  • https://iranwire.com/en/news/153871-caravanserai-concert-staff-sentenced-to-flogging-and-artistic-bans/
PrevPreviousရခိုင်ပို့မယ့် မူးယစ်ဆေးဝါးတွေအောင်လံမှာဖမ်းမိ
Nextထိုင်းတောင်ပိုင်းမှာ နိုင်ငံခြားသားပိုင်ကွန်ရက်ကို ဝင်ဖမ်းNext
Previous Post

ရခိုင်ပို့မယ့် မူးယစ်ဆေးဝါးတွေအောင်လံမှာဖမ်းမိ

Next Post

ထိုင်းတောင်ပိုင်းမှာ နိုင်ငံခြားသားပိုင်ကွန်ရက်ကို ဝင်ဖမ်း

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

ကျောက်တော်ကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်

September 28, 2026
​ဓာတ်ပုံ - BNA

အာရက္ခဒေသမှာ မုန်တိုင်းငယ်အရှိန်ကြောင့် မိုးကြီးနိုင်လို့ သတိပြုဖို့လိုအပ်

September 28, 2026

အဥ္ဇနပူရကိုစစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ကလေးနှစ်ဦးအပါအဝင် ရှစ်ဦးဒဏ်ရာရ (ဓာတ်ပုံသတင်း)

September 28, 2026
ဓာတ်ပုံ-AA

အာရက္ခတပ်တော်ထိန်းချုပ်မြို့နယ်တွေကို စစ်တပ်ကနေ့စဉ်လေကြောင်းတိုက်ခိုက်နေ

September 28, 2026

အာရက္ခဒေသမှာ စစ်တပ်ကြောင့်ဆယ်ရက်အတွင်း အရပ်သား ၆ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ(ဓာတ်ပုံသတင်း)

မြန်မာတော်လှန်ရေးတပ်တွေကို လေ့ကျင့်ပေးခဲ့တယ်လို့စွပ်စွဲခံရတဲ့ နိုင်ငံခြားသားခုနှစ်ဦးအိမ်ပြန်ခွင့်ရ

အိန္ဒိယနဲ့နီပေါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုလို့ လူ၆၈ ဦးသေဆုံး

သက်တမ်းနှစ်ဆယ်ကျော်ယာဉ်ဟောင်းတွေကို EV နဲ့ အစားထိုးတင်သွင်းခွင့်ပြု

ဖာပွန်ခရိုင်တိုက်ပွဲမှာ စစ်တပ်ထံမှလက်နက်ခုနှစ်လက် KNLA သိမ်းဆည်းမိ

ဆောမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးသေဆုံး

Releated Post

ဓာတ်ပုံ-AA

အာရက္ခဒေသမှာ စစ်တပ်ကြောင့်ဆယ်ရက်အတွင်း အရပ်သား ၆ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ(ဓာတ်ပုံသတင်း)

September 27, 2026
​Ref/Photo - India Today

မြန်မာတော်လှန်ရေးတပ်တွေကို လေ့ကျင့်ပေးခဲ့တယ်လို့စွပ်စွဲခံရတဲ့ နိုင်ငံခြားသားခုနှစ်ဦးအိမ်ပြန်ခွင့်ရ

September 27, 2026
Ref/​Photo - AFP/Reuters

အိန္ဒိယနဲ့နီပေါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုလို့ လူ၆၈ ဦးသေဆုံး

September 27, 2026
ဓာတ်ပုံ-BNA

သက်တမ်းနှစ်ဆယ်ကျော်ယာဉ်ဟောင်းတွေကို EV နဲ့ အစားထိုးတင်သွင်းခွင့်ပြု

September 27, 2026
​ဓာတ်ပုံ - KNU

ဖာပွန်ခရိုင်တိုက်ပွဲမှာ စစ်တပ်ထံမှလက်နက်ခုနှစ်လက် KNLA သိမ်းဆည်းမိ

September 27, 2026

ဆောမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးသေဆုံး

September 27, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page