Border News Agency
နေပြည်တော်၊ ဇွန် ၂၁။
တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို ၁၅ နှစ်လောက် ကြိုးစားရမယ်လို့ သမ္မတတုမင်းအောင်လှိုင်က ပြောပါတယ်။
တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့မှာ ဇွန်လ ၁၉ ရက်နေ့က မီဒီယာတွေကို ဖြေကြားရင်း အခုလိုထည့်ပြောသွားတာပါ။
နိုင်ငံရေးအရ ခိုင်မာအောင်လုပ်ရမှာဖြစ်သလို ပြည်သူတွေရဲ့ အတွေးအခေါ်တွေပါ လိုက်ပါလာအောင် ဆောင်ရွက်ပေးရမယ်လို့ဆိုပါတယ်။
တိုင်းပြည်အပေါ် စေတနာရှိတဲ့စိတ်ဓာတ်တွေဖြစ်လာအောင် ပြည်သူတွေကို စိတ်ချမ်းသာအောင်လုပ်ပေးရမယ်လို့လည်း သူကဆိုပါတယ်။
အဲဒီအပြင် လုံခြုံရေးနဲ့ပတ်သက်ရင်လည်း တရားဥပဒေစိုးမိုးမှုရှိမှနိုင်ငံရေးအရ တည်ငြိမ်မှာဖြစ်တယ်လို့ဆိုပါတယ်။
ဒါပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်ရဲ့ လုံခြုံရေး၊ စီးပွားရေးနဲ့ လူမှုရေးအခြေအနေတွေ တစထက်တစဆိုးရွားလာနေချိန်မှာ အခုလို ၁၅ နှစ်ကြာအောင် ပြုပြင်ပြောင်းလဲမယ်ဆိုတဲ့စကားဟာ အာဏာသက်ဆိုးရှည်အောင်လှည့်ဖျားပြောဆိုတာလို့ နိုင်ငံရေးလေ့လာသူတွေကတော့ထောက်ပြကြပါတယ်။










