Border News Agency
မန္တလေး၊ဇွန် ၂၈။
၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းတွေကို ဇွန်လ ၂၈ ရက် ဒီနေ့၊မနက်အစောပိုင်းမှာ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကထုတ်ပြန်လိုက်ပါတယ်။
အဲဒီ မန္တလေးမြို့ CAE ကိုယ်ပိုင်ကျောင်းက မသီရိစိုးက ရမှတ် ၅၆၂ မှတ်နဲ့ မြန်မာတနိုင်ငံလုံး အမှတ်အများဆုံး အဆင့် ၁ ကို ရရှိသွားပါတယ်။
အဲဒီအပြင်ဒုတိယအမှတ်အများဆုံး အဆင့် ၂ ကတော့ မကွေးမြို့ Dဝေလျှံကိုယ်ပိုင်ကျောင်းက မအေးချမ်းမြေ့ဖြစ်ပြီး ရမှတ် ၅၅၆ မှတ်နဲ့ အောင်မြင်ခဲ့တာပါ။
ဘာသာတွဲအလိုက် အမှတ်အများဆုံးရသူတွေထဲမှာတော့ သိပ္ပံဘာသာတွဲမှာ လှိုင်သာယာ (အရှေ့ပိုင်း)အ.ထ.က (၁၄) က မနီနီကျော်က ရမှတ် ၅၃၀ နဲ့ အဆင့် ၁ ရခဲ့ပါတယ်။
ဝိဇ္ဇာဘာသာတွဲမှာတော့ ကျောက်တံခါး အ.ထ.က က မစုမြတ်အောင်က ရမှတ် ၄၉၈ မှတ်နဲ့ အမှတ်အများဆုံး အဆင့် ၁ ကို ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။
ဒီနှစ်တက္ကသိုလ်ဝင်စာမေးပွဲရဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ အောင်ချက်ရာခိုင်နှုန်းဟာ ၅၂ဒသမ ၃၇ ရာခိုင်နှုန်း ရှိတယ်လို့ စာစစ်ဦးစီးဌာနက ကြေညာထားပါတယ်။













