Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်တွေခရိုင် ပုဏ္ဏားကျွန်းမြို့နယ် သတင်း အာရက္ခဒေသ

ပုဏ္ဏားကျွန်းမှာ ကားလမ်းပေါ်တက်တဲ့ ကျွဲ၊ နွားပိုင်ရှင်တွေကို ခံဝန်ထိုးခိုင်း

ဓာတ်ပုံ-BNA

ဓာတ်ပုံ-BNA

Author picture

By

Saw Shin Nyo
Reading Time: 1 min read
0
A A
0
SHARES
43
VIEWS
Share on FacebookShare on Twitter

​Border News Agency
ပုဏ္ဏားကျွန်း၊ ဇွန် ၂၉။

​အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်က ကျွဲနဲ့ နွားပိုင်ရှင်တွေကို သက်ဆိုင်ရာဒီလပ်စခန်းတွေကခေါ်ပြီး ကားလမ်းမကြီးပေါ်မှာ ကျွဲ၊နွားတွေ စည်းမဲ့ကမ်းမဲ့သွားလာတာမျိုးမလုပ်ဖို့ ခံဝန်လက်မှတ်ထိုးခိုင်းနေကြတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

​အဲဒီအပြင်ကားလမ်းပေါ်မှာ လျှောက်သွားနေတဲ့ ကျွဲ၊နွားတွေကိုလည်း အုပ်ချုပ်ရေးနဲ့ ဒီလပ်အဖွဲ့တွေပူးပေါင်းပြီး စခန်းကိုဖမ်းဆီးခေါ်ဆောင်သွားတာမျိုးတွေထိရှိနေတယ်လို့ ဆိုကြပါတယ်။

​”နွားပိုင်တဲ့သူတွေကို စခန်းကခေါ်တယ်ပြောလို့ သွားခဲ့တာပါ။ စခန်းကိုရောက်တော့ ကားလမ်းတွေမှာ နွားတွေသွားလာနေတဲ့ကိစ္စကြောင့်ခေါ်တာလို့ပြောပြီး နောက်မတက်စေဖို့နဲ့ ကားလမ်းမမှာနွားတွေ့ရင် ပိုင်ရှင်ကိုအရေးယူဆောင်ရွက်မယ်လို့ ပြောပါတယ်။ ပြီးတော့ စခန်းကထုတ်ပေးတဲ့ ခံဝန်စာရွက်မှာ လက်မှတ်ထိုးခဲ့ရတာပါ။”လို့ ပုဏ္ဏားကျွန်းမြို့နယ်ရှိ နွားပိုင်ရှင်တဦးက Border News Agency ကိုပြောပါတယ်။

​အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ကျွဲ၊ နွားတွေကို ကားလမ်းမကြီးပေါ် စည်းမဲ့ကမ်းမဲမတက်စေဖို့ ထုတ်ပြန်ထားပေမယ့် ဒေသခံတွေလက်တွေ့လိုက်နာဖို့ ခက်ခဲနေတယ်လို့ ဆိုကြပါတယ်။

​အဲဒီကျွဲ၊နွားတွေ လွှတ်ကျောင်းဖို့ စားကျက်မြေမရှိတာကြောင့် ကားလမ်းဘေးမှာပေါက်နေတဲ့ မြက်တွေကိုအဓိကအားကိုးနေရလို့လည်း ဒေသခံတွေကဆိုကြပါတယ်။

“ကျနော်ကကျနော့်နွားတွေကို တမင်သက်သက်လွတ်ကျောင်းတာမျိုးတော့မရှိဘူး။ အဓိက ကျနော်တို့မှာ စားကျက်မြေမရှိလို့ဖြစ်တာပါ။ နွားအုပ်လုံးပျောက်နေတာတွေ့လို့ ​မေးကြည့်တော့စခန်းကိုခေါ်သွားတာနဲ့တူတယ်။ ဒီလပ်တွေနဲ့အုပ်ချုပ်ရေးရုံးကလူတွေကို တွေ့လိုက်တယ် နွားတွေနဲ့အတူပေါ့ပြောလို့ စခန်းကိုသွားပြီး နွားကိုပြန်ယူဖို့သွားတာ၊ ကားလမ်းမထက်မှာ သွားလာနေလို့ ထိန်းသိမ်းတာလို့ပြောပါတယ်။ ပြီးတော့ နောက်အဲဲဒီလိုမဖြစ်စေဖို့ပြောပြီး နွားတွေကို ပြန်ပေးလိုက်ပါတယ်။”လို့ နောက်ထပ် နွားပိုင်ရှင်တဦးကBorder News Agency ကိုပြောပါတယ်။

​အာရက္ခဒေသရှိ လယ်သမားတွေဟာ မိမိတို့လယ်မြေထဲကနေ စားကျက်မြေသီးသန့်ဖယ်ထားမယ်ဆိုရင်လည်း စိုက်ပျိုးဖို့ လယ်ယာမြေနည်းသွားတာကြောင့် အခက်အခဲဖြစ်နေကြတယ်လို့ ဆိုကြပါတယ်။

အဲ​ဒါကြောင့် စပါးဈေးကိစ္စအပါအဝင် အခက်အခဲအကုန်လုံးက သူတပါးလက်ထဲရောက်နေတဲ့အတွက် လယ်သမားတွေရဲ့ဘဝဟာ ပျားရည်နဲ့ဝမ်းချခံနေရသလိုဖြစ်နေတယ်လို့ အာရက္ခဒေသက ကျွဲ၊ နွားပိုင်ရှင်တချို့က ညည်းတွားပြောဆိုနေကြပါတယ်။

PrevPreviousခလယ်လွီထူမှာ အာဏာသိမ်းစစ်တပ် လက်နက်ကြီးပစ်ခတ်လို့ အရပ်သားတဦးဒဏ်ရာရ
Nextဗင်နီဇွဲလားငလျင်ကြောင့် လူ ၁,၄၀၀ ကျော်သေဆုံးပြီး ၅ သောင်းကျော်ပျောက်ဆုံးနေNext
Previous Post

ခလယ်လွီထူမှာ အာဏာသိမ်းစစ်တပ် လက်နက်ကြီးပစ်ခတ်လို့ အရပ်သားတဦးဒဏ်ရာရ

Next Post

ဗင်နီဇွဲလားငလျင်ကြောင့် လူ ၁,၄၀၀ ကျော်သေဆုံးပြီး ၅ သောင်းကျော်ပျောက်ဆုံးနေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

မြန်မာအာကာသယာဉ်မှူးစေလွှတ်ရေး ရုရှားနဲ့ MoU ရေးထိုး

August 24, 2026
ဓာတ်ပုံ - ဒေသတွင်းလူမှုကူညီရေးအသင်း

တာချီလိတ်မှာ အမျိုးသားတဦး သေနတ်ဒဏ်ရာနဲ့သေဆုံး

August 24, 2026
ဓာတ်ပုံ - မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုကော်မတီ

ကလေးမှာ ဆယ့်ငါးဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားခြောက်သန်းကျော်ဖမ်းမိ

August 24, 2026

လူမှုကွန်ရက်နဲ့မူးယစ်ဆေးကြောင့် သက်ငယ်မုဒိန်းမှုတွေပိုဖြစ်လာ

August 23, 2026

လူမှုကွန်ရက်နဲ့မူးယစ်ဆေးကြောင့် သက်ငယ်မုဒိန်းမှုတွေပိုဖြစ်လာ

ကယ်လီဖိုးနီးယားရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ အာဖဂန်နွယ်အမျိုးသမီးတဦး

ဘန်ကောက်မှာ မြန်မာကလေးခြောက်ဆယ်သုံးဦး စာရင်းသွင်းထားတဲ့ မှတ်ပုံတင်လိမ်လည်မှုဖြစ်

ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ထရမ့်ပြောဆိုမှုအပေါ် အီရန်သတိပေး

ထိုင်းတောင်ပိုင်းမှာတိုက်ခိုက်မှုတွေဖြစ်လို့ နရာသီဝပ်မှာ ညမထွက်ရအမိန့်ထုတ်

ဘင်္ဂလားဒေ့ရှ်မှာ မူးယစ်ဆေးဝါးသုံးကီလိုဂရမ်နဲ့အတူ မြန်မာတဦးဖမ်းဆီးခံရ

Releated Post

လူမှုကွန်ရက်နဲ့မူးယစ်ဆေးကြောင့် သက်ငယ်မုဒိန်းမှုတွေပိုဖြစ်လာ

August 23, 2026

ကယ်လီဖိုးနီးယားရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ အာဖဂန်နွယ်အမျိုးသမီးတဦး

August 23, 2026

ဘန်ကောက်မှာ မြန်မာကလေးခြောက်ဆယ်သုံးဦး စာရင်းသွင်းထားတဲ့ မှတ်ပုံတင်လိမ်လည်မှုဖြစ်

August 23, 2026

ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ထရမ့်ပြောဆိုမှုအပေါ် အီရန်သတိပေး

August 23, 2026
ဓာတ်ပုံ - Khaosod

ထိုင်းတောင်ပိုင်းမှာတိုက်ခိုက်မှုတွေဖြစ်လို့ နရာသီဝပ်မှာ ညမထွက်ရအမိန့်ထုတ်

August 23, 2026

ဘင်္ဂလားဒေ့ရှ်မှာ မူးယစ်ဆေးဝါးသုံးကီလိုဂရမ်နဲ့အတူ မြန်မာတဦးဖမ်းဆီးခံရ

August 23, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page