Border News Agency
မြောက်ဦး၊ဇူလိုင် ၁။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တရားဝင်ရောင်းချထားတဲ့ အာရက္ခလောင်ပေါ် ရဲ့ ပထမဆုံးအကြိမ်ကံစမ်းမဲဖွင့်လှစ်မှုကို ဇူလိုင်လ ၁ ရက်၊ဒီနေ့မှာစတင်ပြုလုပ်ခဲ့ရာ ပထမဆု၊ဒုတိယဆု၊တတိယဆုနဲ့စတုတ္တဆု ကံထူးရှင်တွေ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။
အဲဒီ မဲဖွင့်ပွဲ အစီအစဉ်အတွင်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက သတ်မှတ်ထားတဲ့အတိုင်း စနစ်တကျမဲနှိုက်ရွေးချယ်ခဲ့တာဖြစ်ပြီး ဆုအသီးသီး ပေါက်မဲနံပါတ်တွေကိုလည်း ပြည်သူတွေ သိရှိနိုင်အောင် တရားဝင် ထုတ်ပြန်ကြေညာပေးခဲ့ပါတယ်။
အခု ထွက်ပေါ်လာတဲ့ ပေါက်မဲတွေထဲမှာ ပထမဆုအနေနဲ့ ၃၂၃၆၉၂၊ဒုတိယဆနံပါတ် ၁၁၆၄၈၂၊တတိယဆုနံပါတ်၀၇၉၆၄၅ တို့ဖြစ်ပြီး စတုတ္တဆု ပေါက်မဲနံပါတ်တွေကတော့ ၃၃၁၀၀၄၊ ၁၆၈၄၄၇၊ ၂၂၀၅၃၈၊ ၁၁၀၀၃၆၊ ၂၉၂၆၇၈ နဲ့ ၁၆၅၅၅၅ တို့ ဖြစ်ပါတယ်။
အဲဒီ ကံထူးရှင်တွေအနေနဲ့ ထုတ်ပြန်ထားတဲ့ သတ်မှတ်ချက်တွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆုငွေတွေကို စနစ်တကျ ပြန်လည်ထုတ်ယူနိုင်မှာဖြစ်တယ်လို့ အာရက္ခလောင်ပေါ် တာဝန်ရှိသူတွေဘက်က အသိပေး ပြောဆိုထားပါတယ်။
အဲဒီ အာရက္ခလောင်ပေါ်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အကောက်အခွန်နဲ့ အခွန်ဌာနက ဦးဆောင်ရောင်းချတာဖြစ်ပြီး ဒေသတွင်း တရားမဝင် လောင်းကစားတွေ ပပျောက်ဖို့နဲ့ ဒေသဖွံ့ဖွိုးရေး ရန်ပုံငွေအတွက် ရည်ရွယ်လုပ်ဆောင်တာ ဖြစ်ပါတယ်။



















