Border News Agency
မလှိုင်၊ ဇူလိုင် ၂။
မန္တလေးဒေသ၊မလှိုင်မြို့နယ်မှာ၊အထိုင်ချတပ်စွဲထားတဲ့စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေဒရုန်းနဲ့တိုက်ခိုက်လို့ အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင် ၅ ဦးဒဏ်ရာရသွားတယ်လို့ Taung Tha People Defense Force က ဇူလိုင်လ ၁ ရက်နေ့က ထုတ်ပြန်ပါတယ်။
အဲဒီမလှိုင်မြို့နယ်၊ပန်းပေါင်းရွာဘုရားကြီးမှာ အထိုင်ချတပ်စွဲထားတဲ့စစ်တပ်စခန်းကို ဇွန်လ ၂၉ ရက်၊ မနက် ၉ နာရီအချိန်ခန့်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
အဲဒီစစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေမှ Multirotor Drone နဲ့ 3 kg ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင် ၅ ဦး ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ တိုက်ခိုက်မှုကို တောင်သာမြို့နယ်၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ TTA PDF Drone Team နဲ့ မလှိုင်မြို့နယ် ပကဖ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။













