Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်တွေခရိုင် နိုင်ငံရေး ပုဏ္ဏားကျွန်းမြို့နယ် သတင်း အာရက္ခဒေသ

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ စတားလင့်တွေ အပိတ်ခံနေရ

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
47
VIEWS
Share on FacebookShare on Twitter

​Border News Agency
ပုဏ္ဏားကျွန်း၊ဇူလိုင် ၃။

​အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာစတားလင့်အင်တာနက်စက်တွေကို ကုမ္ပဏီကဝန်ဆောင်မှုဖြတ်ပြီး အသုံးပြုခွင့်ကန့်သတ်လိုက်တယ်လို့ သုံးစွဲသူတွေဆီက ဆိုကြပါတယ်။

အဲဒီစတားလင့်ဝန်ဆောင်မှုနယ်မြေထဲမှာ မပါဝင်ဘဲသုံးစွဲနေတာအပြင် မူရင်းမှတ်ပုံတင်ထားတဲ့ နိုင်ငံပြင်ပမှာအသုံးပြုသတ်မှတ်ရက်ပြည့်သွားတာကြောင့် လိုင်းပိတ်အကြောင်းကြားစာတွေ ပေးလာတာဖြစ်ပါတယ်။

​”စတားလင့်ပိတ်ခံရလို့ လာပြောတဲ့သူ ဆယ်ဦးကျော်ရှိနေပါပြီ။ရခိုင်တောင်ပိုင်းဘက်မှာ အလုံးတရာရှိရင် ရှစ်ဆယ်လောက် ပါသွားပြီလို့ ပြောကြတယ်။ဂြိုဟ်တုလမ်းကြောင်း ဖြတ်သွားတော့ ဂျီပီအက်စ် (GPS) အရဒီမှာရှိနေတာ ပေါ်နေတာပဲ။ခု ကျမဆီမှာတင် အလုံးတဆယ်ကျော် အပိတ်ခံရတယ်။” ပုဏ္ဏားကျွန်းမြို့နယ်ရှိစတားလင့် အင်တာနက်ဝန်ဆောင်မှု ပေးနေသူတဦးက Border News Agency ကိုပြောပါတယ်။

​မြန်မာနိုင်ငံဟာ စတားလင့်နဲ့တရားဝင်စာချုပ်ချုပ်ထားတဲ့ နိုင်ငံမဟုတ်တာမို့တည်နေရာကို ကုမ္ပဏီက ပိတ်လိုက်တာဖြစ်ပါတယ်။

အဲဒီစက်တွေမှာ မီးလင်းပြီး Active ဖြစ်နေပေမယ့် အင်တာနက်အသုံးပြုလို့ မရတော့တာကြောင့် တော်လှန်ရေးနယ်မြေတွေ၊ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတဲ့ ဒေသခံတွေစိုးရိမ်နေကြပါတယ်။

​”တည်နေရာပေါ်တာကတော့မြန်မာနိုင်ငံက တရားဝင်မဟုတ်ဘူးလေ။သူတို့က တည်နေရာ GPS ကို block ပစ်တယ်။စတားလင့်က active ဖြစ်နေတယ်။မီးလင်းနေတယ်။ ဒါပေမဲ့ တည်နေရာက block ခံထားရတယ်။အဲလို ဖြစ်သွားပါတယ်။” လို့ စတားလင့်စက် အပိတ်ခံရသူတဦးက Border News Agency ကိုပြောပါတယ်။

အဲဒီအကြောင်းကြားစာ မဝင်လာသေးတဲ့ စက်တွေအပိတ်မခံရအောင် ခဏပိတ်ထားဖို့ ဝန်ဆောင်မှုပေးသူတွေက အချင်းချင်း သတိပေးနေကြပြီး ဖြေရှင်းလို့ရမယ့် နည်းလမ်းကို ရှာဖွေနေကြပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ကချင်၊ ချင်း၊ မွန်၊ ကရင်၊ ကရင်နီ၊ ရှမ်းနဲ့ ရခိုင် စတဲ့ ဒေသတွေမှာ စတားလင့်အင်တာနက်ကို အဓိက အားထားအသုံးပြုနေရတာ ဖြစ်ပါတယ်။

​”ခုမင်းပြားဘက်မှာလည်း အလုံးနှစ်ဆယ်ကျော် ပိတ်ခံရပြီ။ခု အေအေကလည်း အခွန်ကိုခုနှစ်လပိုင်း၊ရှစ်လပိုင်း၊ ကိုးလပိုင်းထိသုံးလစာ ကြိုကောက်သွားပြီ။ ခုလို စက်တွေပါ အပိတ်ခံရတော့ ကျမတို့ တကယ် ဒုက္ခရောက်ပြီ။”လို့ မင်းပြားမြို့နယ်က ဒေသခံတဦးက Border News Agency ကိုပြောပါတယ်။

အဲဒီအပိတ်ခံရတဲ့ စက်တွေထဲမှာ သုံးစွဲသူစနစ်တကျ မှတ်ပုံတင်မလုပ်ရသေးတဲ့ စက်တွေကော၊ မှတ်ပုံတင်ထားတဲ့ စက်တွေပါ အားလုံး ပါဝင်နေတာကြောင့် ဒေသဆိုင်ရာ မူဝါဒအပြောင်းအလဲတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

အဲ​ဒီလို စတားလင့်မူဝါဒတွေ တင်းကျပ်လာတာဟာ ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့် (အွန်လိုင်းငွေကြေးလိမ်လည်မှု) ဂိုဏ်းတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကုန်ပိုင်းက မြဝတီ KK Park ကို ဝင်ရောက်စီးနင်းရာမှာ စတားလင့်စက် အလုံး ၃၀ ခန့် သိမ်းဆည်းရမိခဲ့သလို SpaceX ကုမ္ပဏီကလည်း မြန်မာနိုင်ငံက ငွေလိမ်စင်တာတွေမှာ သုံးနေတဲ့ စတားလင့်စက်ပေါင်း ၂,၅၀၀ ကျော်ကို ပြီးခဲ့တဲ့နှစ်က ဝန်ဆောင်မှု ဖြတ်တောက်ခဲ့တာမို့ တော်လှန်ရေးနယ်မြေတွေပါ သက်ရောက်မှု ရှိလာပါတယ်။

PrevPreviousဘာလိုချီစတန်လူ့အခွင့်အရေးလှုပ်ရှားသူ အမျိုးသမီးကို ပါကစ္စတန်အစိုးရ ထောင်ဒဏ်တသက်ချ
Nextတော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ တလအတွင်းအာဏာသိမ်းစစ်သားလေးဆယ်သေဆုံးNext
Previous Post

ဘာလိုချီစတန်လူ့အခွင့်အရေးလှုပ်ရှားသူ အမျိုးသမီးကို ပါကစ္စတန်အစိုးရ ထောင်ဒဏ်တသက်ချ

Next Post

တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ တလအတွင်းအာဏာသိမ်းစစ်သားလေးဆယ်သေဆုံး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

လက်နက်ကိုင်တပ်ဖွဲ့ထဲမှ လိင်ပိုင်းဆိုင်ရာစော်ကားမှု – နိဂုံး

August 17, 2026

ဒေါက်တာခိုင်ခိုင်စိုးကို သမ္မတရုံးဒုတိယဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေး

August 17, 2026

ရသေ့တောင်ကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးဒဏ်ရာရ (ဓာတ်ပုံသတင်း)

August 17, 2026

ငဝန်မြစ်ရေဝင်နေလို့ ခြောက်မြို့နယ်မှာ ရေကြီးနေ

August 17, 2026

ငါးသိန်းလေးသောင်းကျော်သာ နေရပ်စွန့်ခွာသွားကြတယ်လို့ စစ်ကောင်စီဆို

နေရပ်စွန့်ခွာသူအရေး နှစ်နိုင်ငံဖြေရှင်းရမယ်လို့ အာဏာသိမ်းစစ်တပ်ပြော

အကြမ်းဖက်လုပ်ရပ်ကျူးလွန်သူလေးထောင်ကျော်ရှိနေ

အင်ဒိုနီးရှားငလျင်ကြောင့် သေဆုံးသူနှစ်ဆယ်အထိမြင့်တက်လာ

အိန္ဒိယနိုင်ငံရဲ့ ၈၀ ကြိမ်မြောက် လွတ်လပ်ရေးနေ့

ရခိုင်လုံခြုံရေးတိုးတက်ကောင်းမွန်မှ ပြန်လက်ခံမယ်

Releated Post

ငါးသိန်းလေးသောင်းကျော်သာ နေရပ်စွန့်ခွာသွားကြတယ်လို့ စစ်ကောင်စီဆို

August 15, 2026

နေရပ်စွန့်ခွာသူအရေး နှစ်နိုင်ငံဖြေရှင်းရမယ်လို့ အာဏာသိမ်းစစ်တပ်ပြော

August 15, 2026

အကြမ်းဖက်လုပ်ရပ်ကျူးလွန်သူလေးထောင်ကျော်ရှိနေ

August 15, 2026

အင်ဒိုနီးရှားငလျင်ကြောင့် သေဆုံးသူနှစ်ဆယ်အထိမြင့်တက်လာ

August 15, 2026
​ဓာတ်ပုံ - Times of India

အိန္ဒိယနိုင်ငံရဲ့ ၈၀ ကြိမ်မြောက် လွတ်လပ်ရေးနေ့

August 15, 2026
ဓာတ်ပုံ - BNA

ရခိုင်လုံခြုံရေးတိုးတက်ကောင်းမွန်မှ ပြန်လက်ခံမယ်

August 15, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page