Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံတကာ နိုင်ငံရေး သတင်း အမျိုးသမီးကဏ္ဍ

ဘာလိုချီစတန်လူ့အခွင့်အရေးလှုပ်ရှားသူ အမျိုးသမီးကို ပါကစ္စတန်အစိုးရ ထောင်ဒဏ်တသက်ချ

Author picture

By

BNA Author
Reading Time: 3 mins read
0
A A
0
SHARES
4
VIEWS
Share on FacebookShare on Twitter

​Border News Agency
မြောက်ဦး၊ဇူလိုင် ၃။

​ဘာလိုချီစတန်လူ့အခွင့်အရေးလှုပ်ရှားသူ အမျိုးသမီး ဒေါက်တာမာရင်ဘာလိုချ်(DrMahrang Baloch)ကို ပြီးခဲ့တဲ့ဇွန်လ ၂၂ ရက်နေ့မှာ ပါကစ္စတန်ဒေသဆိုင်ရာ တရားရုံးက ထောင်ဒဏ်တသက် ချမှတ်လိုက်ပါတယ်။

​ပါကစ္စတန်ရဲ့ဘာလိုချီစတန်ပြည်နယ်ထဲက ကွီတာ(Quetta)ခရိုင်စီရင်စုက အကြမ်းဖက်တိုက်ဖျက်ရေးတရားရုံးမှာ သူမကို ပါကစ္စတန်အစိုးရတရားစွဲ ဆိုထားတာပါ။

​နယ်ခြားစောင့်တပ်ဖွဲ့ဝင်ရှာဘ်ဘာရ်အာမဒ်ဘာလိုချ်(Shabbir Ahmad Baloch) ကို သေဆုံးအောင်ရိုက်နှက်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သူမကို တရားစွဲထားတာဖြစ်ပါတယ်။

​ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ဇူလိုင်လမှာ သူမနဲ့ BYC ခေါင်းဆောင်တွေဟာ ဂွါဒါရ် (Gwadar)မှာ ဆန္ဒပြနေတုန်း အကြမ်း ဖက်ဖြိုခွဲခံရပါတယ်။

​အဲဒီဖြိုခွဲမှုမှာ ရုန်းရင်းဆန်ခတ်ဖြစ်ကြပြီး နယ်ခြားစောင့်တပ်ဖွဲ့ဝင် သေဆုံးခဲ့ရပါတယ်။

​ဒေါက်တာမာရင်ဘာလိုချ်ဆိုတာဘယ်သူလဲ…

​သူမဟာ ဘာလိုချ် လူမျိုးစုထဲမှာပါဝင်တဲ့ လန်ဂေါ့ဗ်(Langove)မျိုးနွယ်စုဝင်တဦးပါ။

​သူမရဲ့ ဖခင်ဖြစ်သူ အဗ္ဗဒူလ် ဂါဖာ လန်ဂေါ့ဗ် (Abdul Ghaffar Langove)ဟာ လည်း ဘာလိုချ်နိုင်ငံရေးတက်ကြွလှုပ် ရှားသူတဦးဖြစ်ပါတယ်။

၁၉၉၃ ခုနှစ်မှာ သူမကိုဘာလိုချီစတန်ပြည်နယ်ထဲက မန်ဂိုချာရ် (Mangocher)ကျေးရွာမှာ မွေးဖွားခဲ့ပြီး​ညီအစ်ကို မောင်နှမတွေထဲမှာ သူမဟာ ဒုတိယအကြီးဆုံးသမီးပါ။

​၂၀၀၉ ခုနှစ်၊ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ သူမရဲ့ ဖခင်ဟာ ကရာချီက ဆေးရုံကို အသွားမှာ လုံခြုံရေးတပ်ဖွဲ့တွေဖမ်းဆီးခဲ့ပြီးနောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတ ယ်။

​သူမဖခင် လွတ်မြောက်ရေးအတွက် သူ မတောင်းဆိုရင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတဦးဖြစ်မှန်းမသိ ဖြစ်လာခဲ့ပါတယ်။

​၂၀၁၁ ခုနှစ်၊ဇူလိုင်လမှာ သူမဖခင်ဟာ ထပ်ပြီး အဖမ်းခံခဲ့ရပြီးသူမဖခင်ဟာ သူမတို့ဆီအသက်ရှင်ပြန်မလာနိုင်ခဲ့တော့ပါဘူး။

​၂၀၁၇ ခုနှစ်၊ဒီဇင်ဘာလမှာ သူမရဲ့ မောင်ဖြစ်သူ နာဆီရ် ဘာလိုချ် (Nasir Baloch) ဟာလည်း ဖမ်းဆီးခံခဲ့ရပြီး
၂၀၁၈ ခုနှစ်မှာ ပြန်လွတ်လာခဲ့ပါတယ်။

​အဲဒီအဖြစ်အပျက်တွေက သူမကို စာ သင်ခန်းနဲ့ဆန္ဒပြပွဲတွေကို လူးလာခေါ က်တုံ ဖြစ်လာစေပါတယ်။

​သူမဟာ ကျောင်းသားတပိုင်း တက်ကြွလှုပ်ရှားသူတပိုင်း ဖြစ်လာခဲ့ပါပြီ။၂၀၁၉ ခုနှစ်မှာ သူမဟာ ဘာလိုချ် ညီညွတ်ရေး ကော်မတီ (Baloch Yakjehti Committee – BYC) ကို ဖွဲ့စည်းခဲ့ပြီး လက်စဖျောက်ခံရတဲ့ သူတွေအတွက် ပါကစ္စတန်စစ်တပ်ကို ရင်ဆိုင်ပါတော့တယ်။

​သူမတို့ဟာ ၂၀၂၀ ပြည့်နှစ်မှာ ဘိုလန်ဆေးကောလိပ်ရဲ့ကိုတာဝေစုစနစ်ကို ဖျက်သိမ်းဖို့ တောင်းဆိုခဲ့ပါတယ်။

​သူမပညာရေးဆုံးခန်းတိုင်တဲ့အခါ ဘိုလန်ဆေးကောလိပ် (Bolan Medical College)က MBBS ဘွဲ့ ပေးအပ်ခဲ့ပါတယ်။

​ဖမ်းဆီးပြီးလက်စဖျောက်ခံရမှုတွေ​ဘာလို ချီစတန်မှာ လူကိုဖမ်းသွားပြီး အစအနမရဖြစ်သွားမှု (enforced disappearances)၊ ဥပဒေမဲ့ သတ်ဖြတ်မှု (extrajudicial killings) နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ခဏခဏ ရှိနေပါတယ်။

​လွတ်လပ်ရေးနဲ့အတူပါလာတဲ့ဖြစ်ရပ်တွေ​ပါကစ္စတန် ဗဟိုအစိုးရနဲ့ ဘာလိုချ် လူမျိုးစုတွေကြားမှာ ပြဿနာက သမိုင်းကြောင်းအရ နက်ရှိုင်းပါတယ်။

​ဗြိတိသျှအုပ်ချုပ်ချိန်က ဘာလိုချီစတန်ဒေသကို အုပ်ချုပ်ရေးအရ အပိုင်းနှစ်ပိုင်းခွဲခြားထားပါတယ်။

​ဗြိတိသျှတို့ တိုက်ရိုက်အုပ်ချုပ်တဲ့ (ဗြိတိန်ဘာလိုချီစတန် (British Balochistan))နဲ့ကိုယ့်ဟာကိုယ် အုပ်ချုပ်နေကြတဲ့ ကိုယ့်မင်းကိုယ့်ချင်း (Princely States)နယ်မြေတွေပါ။

​ကလပ် (Kalat)၊ ခါရန် (Kharan)၊ မက္ကရန် (Makran) နဲ့ လက်စ်ဘီလာ (Lasbela)က ဗြိတိသျှနဲ့ သဘောတူစာချုပ်အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေတွေပါ။

​လွတ်လပ်ရေးယူတဲ့အခါ ကိုယ့်မင်းကိုယ့်ချင်းနယ်မြေတွေဟာ အိန္ဒိယ ဒါမှမဟုတ် ပါကစ္စတန်နဲ့ ပေါင်းမလား။ကိုယ်ပိုင်လွတ်လပ်ရေးကို ယူမလားဆိုတာ ရှိလာပါတယ်။

​ကလပ်နယ်မြေရဲ့ အုပ်ချုပ်သူ (Khan of Kalat)ကတော့ သူ့နယ်မြေကို လွတ် လပ်တဲ့နိုင်ငံအဖြစ်နေချင်ခဲ့ပါတယ်။

ကျန်ကိုယ့်မင်းကိုယ့်ချင်း နယ်မြေတွေက ပါကစ္စတန်နဲ့ ပူးပေါင်းဖို့ ဖြစ်သွားတဲ့ အချိန်မှာ(Khan of Kalat)ဟာလည်း ၁၉၄၈ ခုနှစ်မှာ ပူးပေါင်းဖို့ သဘောတူခဲ့ရပါတယ်။

​ပါကစ္စတန်က ပေါင်းစည်းမှုဟာ တရားဝင်ဖြစ်တယ်လို့ ဘယ်လိုပဲ ပြောပြော ဘာလိုချ် အမျိုးသားရေးဝါဒီတွေက အင်အားသုံးသိမ်းပိုက်တာလို့မြင်ကြပါတယ်။

အဲ​ဒီလိုနဲ့လက်နက်ကိုင်ပဋိပက္ခတွေက ဘာလိုချီစတန်မှာ အမြစ်တွယ်လာပါတယ်။

​သယံဇာတကျိန်စာ​နိုင်ငံရေးအရ ဘာလိုချ်တွေက သူတို့ရဲ့ ကိစ္စတွေကို ပါကစ္စတန်ဗဟိုအစိုးရနဲ့ စစ်တပ်က အလွန်အကျွံဝင်ရောက်စွက်ဖက်ပြီး ပြည်နယ်အခွင့်အရေးဟာ လည်ပင်းညှစ်ခံနေရတယ်လို့ ခံစားချက်ရှိပါတယ်။

​ဘာလိုချီစတန်မှာ သဘာဝဓာတ်ငွေ့၊ ရွှေ၊ ကြေးနီနဲ့ ကျောက်မီးသွေး စတဲ့ သယံဇာတတွေ ရှိပေမယ့် ဒေသခံတွေဟာ ဆင်းရဲနွမ်းပါးနေကြပါတယ်။

​သယံဇာတရဲ့အကျိုးအမြတ်ကို ဗဟိုအစိုးရကသာ ရယူပြီး ဘာလိုချ်တွေအတွက် ဘာမှမရဘူးလို့ မြင်ကြပါတယ်။

​တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) စီမံကိန်းထဲက ဂွါဒါရ် (Gwadar) ဆိပ်ကမ်းစီမံကိန်းဟာ ဘာလိုချ်တွေအတွက် ပြောပလောက်စရာမရှိတဲ့ အလုပ်အကိုင်နဲ့ အကျိုးကျေးဇူး အနည်းငယ်သာ ရကြပါတယ်။

အဲ​ဒီလိုနဲ့တရုတ် CPEC စီမံကိန်းနဲ့ ဆက်စပ် တရုတ်လုပ်သားတွေ၊အဆောက်အအုံတွေကို လက်နက်ကိုင်များက ပစ်မှတ်ထားတိုက်ခိုက်တာတွေ ရှိလာပါတယ်။

​ဘာလိုချီစတန် လွတ်မြောက်ရေးတပ်မတော် (BLA) လို လက်နက်ကိုင်အဖွဲ့များက လုံခြုံရေးတပ်ဖွဲ့များကို ပစ်မှတ်ထား တိုက်ခိုက်သလို အစိုးရကလည်း လက်နက်ကိုင်တွေကို တုံ့ပြန်ရာမှာ အရပ်သားတွေကိုလည်း ဖိနှိပ်လာပါတယ်။

အဲ​ဒီလိုနဲ့လုံခြုံရေးတပ်ဖွဲ့တွေက မသင်္ကာရင် ဖမ်းဆီးသွားပြီး အဆက်အသွယ်ပြတ်တောက် လက်စဖျောက်ခံလိုက်ရတဲ့ ဖြစ်စဉ်များစွာ ရှိလာပါတယ်။

​အဲဒီတော့ လက်နက်ကိုင်တွေ ဘက်ကလည်း ငါတို့လူမျိုး အရပ်သားကို ထိရင် မင်းတို့အရပ်သားကိုလည်း ငါတို့ထိတယ် ဆိုတဲ့ လက်စားချေ သံသရာက လည်လာပါတယ်။

​သေနတ်ကိုင်သူတွေကို မှတ်စုစာအုပ်ကိုင်ပြီးရင်ဆိုင်တဲ့သူ​ဒေါက်တာ မာရင် ဘာလိုချ် ဟာ ပါကစ္စတန် စစ်တပ်ရဲ့ လုပ်ရပ်ကိုလည်း ဝေဖန်သလို BLA တို့လို လက်နက်ကိုင် အုပ်စုတွေရဲ့ လုပ်ရပ်ကိုလည်း ဝေဖန်သူပါ။

အဲ​ဒီလိုနဲ့သေနတ်ကိုင်ထားတဲ့သူတွေကြားမှာ ဟိုဘက် သည်ဘက် ညှပ်ခံရတဲ့ အနေအထားမျိုးကိုလည်း ရင်ဆိုင်နေရသူဖြစ်ပါတယ်။

​၂၀၂၄ ခုနှစ်၊ဩဂုတ်လ ၂၆ ရက်နေ့မှာ ဘာလိုချီစတန်နဲ့ ပန်ဂျပ်ပြည်နယ်အကြား မူဆာခေးလ် (Musakhel) နေရာမှာ သွားလာနေတဲ့ ယာဉ်တွေကို BLA က တိုက်ခိုက်တဲ့အခါ ပါကစ္စတန်စစ်ဘက်က လူတွေနဲ့ အရပ်သားတွေ သေဆုံးခဲ့ပါတယ်။

​သူမက လူတွေကို သူတို့ရဲ့ လူမျိုး၊ ဘာသာ၊ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကြမ်းဖက်ခံရတာမျိုးကို ဆန့်ကျင်ရှုတ်ချတယ်လို့ ဂါဒီးယန်းသတင်းစာကို ပြောခဲ့ပါတယ်။

​ဒါပေမယ့် သူမအပေါ်ဝေဖန်သူတွေက သူမအပါအဝင် (BYC) ခေါင်းဆောင်တွေဟာ ဘာလိုချ် လက်နက်ကိုင်အုပ်စု (BLA)၊ (BLF) တို့ရဲ့ လုပ်ရပ်တွေကိုတော့ လူသိရှင်ကြား ကန့်ကွက်ပြတာ မရှိဘူးလို့ ဆိုပါတယ်။

​၂၀၂၄ ခုနှစ်၊ဇူလိုင်လ ၂၈ ရက်မှာ ဘာလိုချ်စုဝေးပွဲ Baloch Raji Muchi (Baloch National Gathering) ကို ပြုလုပ်ခဲ့ပြီး ဘာလိုချ်တွေရဲ့ အခွင့်အရေးကို တောင်းဆိုခဲ့ပါတယ်။

​ဒီစုဝေးပွဲကို ပါကစ္စတန်အစိုးရက ဖြိုခွင်းတဲ့အခါ လူပေါင်းများစွာ ဒဏ်ရာရပြီး အနည်းဆုံးလူသုံးဦးသေဆုံးခဲ့ပါတ ယ်။

​၂၀၂၅ ခုနှစ်၊မတ်လ ၁၁ ရက်မှာ ဘာလိုချ် လက်နက်ကိုင် BLA အုပ်စုက ခရီး သည်တင်ရထားကို ပြန်ပေးဆွဲပြီး ဘာလိုချ်နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

​ပါကစ္စတန် စစ်ဘက်က အစိမ်းရောင်ဘိုလန် (Operation Green Bolan) စစ်ဆင်ရေးနဲ့ တုံ့ပြန်လာတဲ့အခါခြောက်ဆယ်လေးဦးသေဆုံးပြီးသုံးဆယ်သုံးဦးဟာ လက်နက်ကိုင်တွေဖြစ်တယ်လို့ ဆိုပါတယ်။

​အရပ်သားသေဆုံးသူ အလောင်းတွေဟာ ကွီတာ (Quetta) ဆေးရုံမှာ ရှိနေပြီးအလောင်းတွေကို ကာယကံရှင် မိသားစုတွေက သွားတောင်းတဲ့အခါ ပြဿနာဖြစ်ကြပါတော့တယ်။

​အလောင်းတွေကို ပြန်တောင်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သူမကို ပါကစ္စတန်အစိုးရဖမ်းဆီးလိုက်ပါတော့တယ်။

​သူမကို ၂၀၂၄ ခုနှစ်၊အောက်တိုဘာလမှာ Time မဂ္ဂဇင်းရဲ့ လူပုဂ္ဂိုလ်တရာထဲမှာ ဖော်ပြထားပါတယ်။

​၂၀၂၄ ခုနှစ်၊ဒီဇင်ဘာလမှာတော့ ဘီဘီစီအမျိုးသမီးတရာထဲမှာ သူမပါဝင်လာပြီး​၂၀၂၅ ခုနှစ်၊မတ်လမှာငြိမ်းချမ်းရေးနိုဗယ်ဆုအတွက် အမည်စာရင်းတင်ရာမှာ သူမအရွေးခံရပါတယ်။

​သူမအပေါ် ထောင်ဒဏ်တသက် ချမှတ်လိုက်တဲ့ကိစ္စနဲ့ပတ်သက်လို့ပါကစ္စတန်အစိုးရအပေါ် ဝေဖန်မှုတွေမြင့်တက်နေပြီး နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက ပြန်လွှတ်ပေးဖို့အတွက် တောင်းဆိုနေကြပါတယ်။

​ကိုးကား…

  • ​https://www.bbc.com/news/articles/c0ry07x87kvo
  • ​https://www.reuters.com/world/asia-pacific/pakistani-rights-activist-mahrang-baloch-sentenced-life-prison-2026-06-24/
  • ​https://www.theguardian.com/global-development/article/2024/aug/31/can-one-woman-unite-the-baloch-people-in-peaceful-resistance-balochistan-pakistan-mahrang
    ​- https://en.wikipedia.org/wiki/Mahrang_Baloch
PrevPreviousအာဏာသိမ်းစစ်တပ်စခန်းဟောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေ
Nextအာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ စတားလင့်တွေ အပိတ်ခံနေရNext
Previous Post

အာဏာသိမ်းစစ်တပ်စခန်းဟောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေ

Next Post

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ စတားလင့်တွေ အပိတ်ခံနေရ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

လက်နက်ကိုင်တပ်ဖွဲ့ထဲမှ လိင်ပိုင်းဆိုင်ရာစော်ကားမှု – နိဂုံး

August 17, 2026

ဒေါက်တာခိုင်ခိုင်စိုးကို သမ္မတရုံးဒုတိယဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေး

August 17, 2026

ငဝန်မြစ်ရေဝင်နေလို့ ခြောက်မြို့နယ်မှာ ရေကြီးနေ

August 17, 2026

ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းငယ်ဖြစ်နေတာကြောင့် ရခိုင်နဲ့မြစ်ဝကျွန်းပေါ်မှာ မိုးသက်လေပြင်းကျမယ်

August 17, 2026

ငါးသိန်းလေးသောင်းကျော်သာ နေရပ်စွန့်ခွာသွားကြတယ်လို့ စစ်ကောင်စီဆို

နေရပ်စွန့်ခွာသူအရေး နှစ်နိုင်ငံဖြေရှင်းရမယ်လို့ အာဏာသိမ်းစစ်တပ်ပြော

အကြမ်းဖက်လုပ်ရပ်ကျူးလွန်သူလေးထောင်ကျော်ရှိနေ

အင်ဒိုနီးရှားငလျင်ကြောင့် သေဆုံးသူနှစ်ဆယ်အထိမြင့်တက်လာ

အိန္ဒိယနိုင်ငံရဲ့ ၈၀ ကြိမ်မြောက် လွတ်လပ်ရေးနေ့

ရခိုင်လုံခြုံရေးတိုးတက်ကောင်းမွန်မှ ပြန်လက်ခံမယ်

Releated Post

ငါးသိန်းလေးသောင်းကျော်သာ နေရပ်စွန့်ခွာသွားကြတယ်လို့ စစ်ကောင်စီဆို

August 15, 2026

နေရပ်စွန့်ခွာသူအရေး နှစ်နိုင်ငံဖြေရှင်းရမယ်လို့ အာဏာသိမ်းစစ်တပ်ပြော

August 15, 2026

အကြမ်းဖက်လုပ်ရပ်ကျူးလွန်သူလေးထောင်ကျော်ရှိနေ

August 15, 2026

အင်ဒိုနီးရှားငလျင်ကြောင့် သေဆုံးသူနှစ်ဆယ်အထိမြင့်တက်လာ

August 15, 2026
​ဓာတ်ပုံ - Times of India

အိန္ဒိယနိုင်ငံရဲ့ ၈၀ ကြိမ်မြောက် လွတ်လပ်ရေးနေ့

August 15, 2026
ဓာတ်ပုံ - BNA

ရခိုင်လုံခြုံရေးတိုးတက်ကောင်းမွန်မှ ပြန်လက်ခံမယ်

August 15, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page