Border News Agency
မလေးရှား၊ဇူလိုင် ၄။
မလေးရှားနိုင်ငံ၊ဂျိုဟိုးဘာရူးမြို့မှာရှိတဲ့ နာရီစက်ရုံနဲ့ မုန့်စက်ရုံတို့ကို ဇူလိုင် ၃ ရက်နေ့က လူဝင်မှုကြီးကြပ်ရေးအဖွဲ့က Ops Mahir စစ်ဆင်ရေးနဲ့ ရှောင်တခင် ဝင်ရောက်စီးနင်းခဲ့လို့ တရားမဝင် နိုင်ငံခြားသားအလုပ်သမား ၈၀ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
အဲဒီ ဖမ်းဆီးခံရသူတွေထဲမှာ ပါကစ္စတန် ၅ ဦး၊ ဘင်္ဂလားဒေ့ရှ် ၁၆ ဦး၊ အင်ဒိုနီးရှား ၂၂ ဦး၊ မြန်မာ ၆ ဦးနဲ့ အခြားနိုင်ငံသား ၃၁ ဦးတို့ ပါဝင်နေတာပါ။
သူတို့ဟာ အလုပ်လုပ်ကိုင်ခွင့် (Permit) မရှိဘဲ အလုပ်လုပ်နေတာကြောင့် ဖမ်းဆီးခံရတာဖြစ်ပြီး အဲဒီစက်ရုံက HR တာဝန်ခံ မလေးရှားနိုင်ငံသားတဦးကိုလည်း လဝကက အတူတူဖမ်းဆီးထားပါတယ်။
အဲဒီဖမ်းဆီးခံရသူအားလုံးကို Setia Tropika လူဝင်မှုကြီးကြပ်ရေးစခန်းမှာ ထိန်းသိမ်းထားပြီး ဆက်လက်စစ်ဆေး အရေးယူသွားမယ်လို့သိရပါတယ်။














