Border News Agency
အီရန်၊ ဇူလိုင် ၅။
အမေရိကန်နဲ့ အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့်သေသွားတဲ့ အီရန်အမြင့်ဆုံးခေါင်းဆောင်အလီခါမေနီရဲ့ ဈာပနာကို အာဏာသိမ်းစစ်တပ်ဝန်ကြီးဦးတင်အောင်စန်း ဦးဆောင်အဖွဲ့တက်ခဲ့တယ်လို့ အီရန်သတင်းဌာနတွေဖော်ပြပါတယ်။
တီဟီရန်မြို့မှာ ဇူလိုင်လ ၄ ရက်နေ့ကကျင်းပတဲ့ ဈာပနာကို အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကြုံနေရတဲ့ အာဏာသိမ်းစစ်တပ်တက်တာဟာအနောက်အုပ်စုနဲ့ ဆန့်ကျင်ရပ်တည်ပြလိုက်တာပါ။
အသက်ရှစ်ဆယ်ခြောက်နှစ်အရွယ် ခါမေနီဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလတိုက်ခိုက်မှုကြောင့်သေတာဖြစ်ပြီး သူ့ရုပ်အလောင်းကို ဇူလိုင်လ ၄ ရက်နေ့မှ ၉ ရက်နေ့ထိ အီရန်မြို့ကြီးတွေမှာလှည့်လည်ပူဇော်ခံနေပါတယ်။
အီရန်နိုင်ငံဟာ အာဏာသိမ်းစစ်တပ်ဆီ အနောက်နိုင်ငံတွေပိတ်ဆို့မှုကိုရှောင်ပြီး လေယာဉ်ဆီနဲ့လက်နက်ခဲယမ်းတွေလျှို့ဝှက်တင်ပို့နေတာပါ။
အဲဒီလိုလေယာဉ်ဆီနဲ့ ကုန်ကြမ်းပို့မှုတွေကြောင့် မြန်မာအရပ်သားတွေအပေါ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေဆက်လုပ်နိုင်ပြီး နှစ်နိုင်ငံကြား စွမ်းအင်နဲ့စစ်ရေးပေါင်းလုပ်တာတွေ ပိုမိုနီးကပ်လာနေပါတယ်။










