Border News Agency
အိန္ဒိယ၊ဇူလိုင် ၂၂။
အိန္ဒိယနိုင်ငံ၊ဘီဟာပြည်နယ်၊ပတ္တာနာမြို့မှာ NEET စာမေးပွဲ မေးခွန်း ပေါက်ကြားလို့ အိန္ဒိယတဝှမ်းကျောင်းသားများအသင်း (AISA) က ဦးဆောင်တဲ့ ‘Lok Bhavan March’ ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး၊ ရေအမြောက်တွေနဲ့ နံပါတ်တုတ်တွေ သုံးပြီး အကြမ်းဖက် ဖြိုခွင်းခဲ့ပါတယ်။
အဲဒီဆန္ဒပြသူတွေဟာ ပြည်ထောင်စု ပညာရေးဝန်ကြီး ဓရ်မေန္ဒြ ပရာဓာန်နဇနှုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။
အဲဒီဆန္ဒပြပွဲကို CPI(ML) Liberation လွှတ်တော်အမတ်နဲ့ AISA အထွေထွေ အတွင်းရေးမှူးဟောင်း စန်ဒီးပ် ဆိုးရဗ် က ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။
သူတို့ဟာ အစိုးရအိမ်ရာကို ချီတက်ဖို့ ပြင်ဆင်ခဲ့ကြပေမယ့် အစိုးရအိမ်ရာနဲ့သုံးကီလိုမီတာခန့်အကွာ ဂန္ဒီကွင်းအနီးမှာ ရဲတပ်ဖွဲ့ကဟန့်တားပြီး ဖြိုခွင်းလိုက်တာဖြစ်ပါတယ်။

























