Border News Agency
မြိုင်၊ ဇူလိုင် ၂၃။
မကွေးတိုင်းဒေသ၊မြိုင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်တပ်သတ်ဖြတ်လို့ တလအတွင်းအရပ်သားနှစ်ဆယ်ဦးသေဆုံးသွားတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇူလိုင်လ ၂၂ရက်နေ့ထုတ်ပြန်ပါတယ်။
မြိုင်မြို့နယ်အတွင်းဝင်ရောက်နေတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းဟာ အရပ်သားပြည်သူတွေကိုတွေ့ရာရွာစဉ်ဆက်ညှင်းပန်းနှိပ်စက်သတ်ဖြတ်နေတာကြောင့် အရပ်သားတွေဟာ သေဆုံးဒဏ်ရာရနေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ အာဏာသိမ်းစစ်တပ်သတ်ဖြတ်လို့ တလအတွင်း ပြည်သူစုစုပေါင်း နှစ်ဦးထိရှိလာပြီလို့ ဆိုပါတယ်။
ပြည်သူတွေအနေနဲ့လည်း အာဏာသိမ်းစစ်တပ်ရဲ့ သတ်ဖြတ်တာတွေမခံရဖို့ စစ်ရေးသတိနဲ့ ဘေးလွတ်ရာကိုရှောင်ရှားကြဖို့ကိုလည်း မြိုင်ပကဖအသိပေးထားပါတယ်။
















