Border News Agency
သံတွဲ၊ ဇူလိုင် ၂၃။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့သံတွဲမြို့နယ်၊ငပလီမြို့ကို ဇူလိုင်လ ၂၃ ရက်၊ ဒီနေ့နေ့လည်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ဆရာတော်တပါးအပါ ခုနှစ်ဦးဒဏ်ရာရသွားပါတယ်။
အဲဒီသံတွဲမြို့၊ဂျိတ္တော ၅ ရပ်ကွက်မှ သက်တော်လေးဆယ်ငါးနှစ်အရွယ် အသျှင်ခေမာနန္ဒ၊ အသက်တနှစ်နဲ့ငါးလအရွယ် မောင်လင်းထက်ပိုင်၊ အသက်ငါးဆယ်သုံးနှစ်အရွယ် ဒေါ်ညိုထွေး၊ အသက်ခြောက်ဆယ်အရွယ် ဦးဝင်းအောင်၊ အသက်နှစ်ဆယ့်လေးနှစ်အရွယ် အောင်ကိုလင်း၊ အသက်နှစ်ဆယ့်သုံးနှစ်အရွယ် မစိုးခိုင်နဲ့ ငပလီမြို့၊လင်းသာရပ်ကွက်မှ အသက်ခုနှစ်ဆယ်လေးနှစ်အရွယ် ဦးရွှေဘုံဒဏ်ရာရသွားပါတယ်။
အဲဒီငပလီမြို့၊ ဂျိတ္တော ၅ ရပ်ကွက်ရှိ ပုလဲရတနာဘုန်းကြီးကျောင်းကို နှစ်လုံး၊ ငပလီမြို့၊လင်းသာရပ်ကွက်ရှိ AZ family ဟိုတည်ကိုတလုံး ကျရောက် ပေါက်ကွဲပြီး ဘုန်းကြီးကျောင်းနဲ့နေအိမ်ငါးဆောင်ပျက်စီးသွားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့၊ ရွာတွေ တိုက်ပွဲဖြစ်ပွားတာတွေမရှိဘဲရည်ရွယ်ချက်ရှိရှိ ရေကြောင်း၊လေကြောင်းမှ ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် အရပ်သားပြည်သူတွေ သေဆုံးဒဏ်ရာရနေကြပါတယ်။




















