Border News Agency
ဂျပန်၊ ဇူလိုင် ၂၉။
ဂျပန်နိုင်ငံတောင်ပိုင်း၊ ကူမာမိုတိုခရိုင်မှာ ဇူလိုင်လ ၂၈ ရက်နေ့က အင်အား ၇.၁ မဂ္ဂနီကျုရှိတဲ့ ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့တာကြောင့် အနည်းဆုံးလူငါးဆယ်ကျော ဒဏ်ရာရရှိခဲ့ပြီး အဆောက်အအုံပြိုကျမှုတွေဖြစ်ပွားခဲ့ပါတယ်။
ငလျင်ကြောင့် ကာရှီးမားမြို့က အီယွန်မောလ်ဈေးဝယ်စင်တာဒုတိယထပ် အစိတ်အပိုင်းအချို့ ပြိုကျပေါက်ကွဲခဲ့တာကြောင့် လူအများအပြားပိတ်မိနေပြီး ကယ်ဆယ်ရေးတွေ အရေးပေါ်လုပ်ဆောင်နေတာပါ။
အဲဒီအပြင် အိမ်ခြေလေးသောင်းကျော်မီးပြတ်သွားပြီး ရထားနဲ့လေကြောင်းလိုင်းတွေဆိုင်းငံ့လိုက်ရသလို TSMC၊ Sony နဲ့ Fujifilm စက်ရုံကြီးတွေကဝန်ထမ်းတွေကိုလည်း ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရပါတယ်။
ငလျင်အပြီး ဆူနာမီသတိပေးချက်ထုတ်ပြန်ခဲ့ပေမယ့် နောက်ပိုင်းမှာပြန်လည်ရုပ်သိမ်းလိုက်ပြီး ဒေသခံတသိန်းငါးသောင်းကျော်ကို အရေးပေါ် ခိုလှုံရေးစခန်းတွေကိုရွှေ့ပြောင်းဖို့ ဂျပန်ဝန်ကြီးချုပ်ဆာနာအဲတာကာအိချိနဲ့ တာဝန်ရှိသူတွေကညွှန်ကြားထားပါတယ်။















